ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုကြိုးစားရှင်သန်ကြမလဲ?

Pixabay-Zadok_Artifex

လုပ်ငန်းခွင်ဆိုတာ လူတိုင်းအတွက် အရေးပါတဲ့ နေရာပါ။ အလုပ်အကိုင်ရှိတဲ့ လူတိုင်းဟာ ကိုယ့်ဘဝရဲ့ ၄ပုံပုံ ၃ ပုံကို ဒီလုပ်ငန်းခွင်ထဲမှာပဲ ကုန်ဆုံးလေ့ ရှိကြရပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်နေတဲ့ လူတိုင်းအတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ့်ရဲ့ အထက်လူကြီးတွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ နေ့တိုင်းအချိန်တိုင်းလိုလို ပါဝင်ပတ်သတ်နေကြတဲ့ လူတွေချည်းပါပဲ။ တစ်ချို့လုပ်ငန်းခွင်တွေကတော့ သာယာလှပပြီး အလုပ်လုပ်ချင်စရာကောင်းတဲ့ လုပ်ငန်းခွင်တွေဖြစ်ပေမယ့် တစ်ချို့လုပ်ငန်းခွင်အများစုကတော့ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်တွေ ဖြစ်နေတတ်ကြပါတယ်။

Pixabay-OpenClipart-Vectors

တစ်ခုရှိတာက ကိုယ့်လုပ်ငန်းခွင်က ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတယ်လို့ ထင်နေတာကတော့ များသောအားဖြင့် ကိုယ်ခံယူတဲ့ ခံယူချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်သာ သူတို့ပြောသမျှတွေကို လိုက်မခံစားနေရင်တော့ ဘာမှမဖြစ်ပါဘူး။ တစ်ကယ်လို့ လိုက်ခံစားနေမိရင်တော့ ကိုယ်ပဲ စိတ်ညစ်ရမှာပါပဲ။ ဒါပေမယ့် တစ်ချို့လုပ်ငန်းခွင်တွေကတော့ ကိုယ်ဘယ်လိုပဲနေနေ ကိုယ့်ရဲ့အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက စိတ်သဘောထား ယုတ်ညံ့တဲ့လူတွေ ဖြစ်ကိုဖြစ်နေတတ်ကြပါတယ်။ ဒီလိုလုပ်ငန်းခွင်ထဲက ထွက်ဖို့လဲ အဆင်မပြေသေး၊ တစ်ခြားအလုပ်လျှောက်ဖို့ကလဲမလွယ်၊ ဒီအလုပ်မှာပဲ ဆက်လုပ်ချင်နေသေး အစရှိတဲ့ အကြောင်းကြောင်းကြောင့် မထွက်ချင်ခဲ့ရင်တော့ အဲဒီလို လုပ်ငန်းခွင်ထဲမြှ ဘယ်လို ကြိုးစားရှင်သန်ရမလဲဆိုတဲ့ အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။

READ
ဒီအချက်တွေကို သင်ခံစားနေရမယ်ဆိုရင် သင့်မှာစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပါပြီ
Pixabay-GraphicMama-team

ကိုယ့်အတွက် Toxic ဖြစ်စေတဲ့ လုပ်ငန်းခွင်ထဲက မထွက်ချင်ရင် အဓိကကတော့ ကိုယ်နေတတ်ဖို့ပါပဲ။ မနေတတ်ရင်တော့ အဲဒီအလုပ်မှာ လုပ်နေသမျှ ကာလတစ်လျှောက်လုံး ငရဲကျနေသလို ပူလောင် မွန်းကျပ်နေရမှာပါ။ ကိုယ်နဲ့ လုပ်ငန်းခွင်ထဲမှာ မတည့်ဆုံးနဲ့ အဆင်မပြေဆုံးလူတွေက လုပ်ဖော်ကိုင်ဖက်အချင်းချင်းပါပဲ။ ကိုယ်က ဒီတစ်ယောက်နဲ့ စကားပြောနေရင် ဒီတစ်ယောက်ကို မုန်းနေတဲ့ ဟိုတစ်ယောက်ကပါ ကိုယ့်ကို အလိုလို မျက်မုန်းကျိုးနေတာမျိုးတွေ၊ ကိုယ်နဲ့ အထက်လူကြီးကြားထဲမှာ ရန်တိုက်ပေးတာတို့၊ နောက်ကွယ်မှာ ကိုယ့်ရဲ့မဟုတ်မမှန် အတင်းအဖျင်းသတင်းတွေ ပြောတတ်တာမျိုး အစရှိတဲ့ ကိစ္စသုံးမျိုးက လုပ်ငန်းခွင်ထဲမှာ လူတိုင်း ကြုံတတ်ရပါတယ်။

Pixabay-Zadok_Artifex

ပထမဆုံးကိစ္စကတော့ ရှင်းပါတယ်။ ဒီလိုလုပ်ငန်းခွင်ထဲက လူတွေနဲ့ ပြောဆိုဆက်ဆံရင် အလုပ်ကိစ္စကလွဲပြီး ကိုယ်ရေးကိုယ်တာကိစ္စပြောတာတွေကို တက်နိုင်သမျှရှောင်ပါ။ စကားဆိုတာ ပြောပါများရင် အမှားပါတတ်ပါတယ်။ ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားပြောရင်တောင်မှ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကိုပြောပါ။ ဒုတိယကိစ္စမှာလည်း ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်က ကိုယ်နဲ့ အထက်လူကြီးကြား ရန်တိုက်ပေးရင်တောင်မှ ရှင်းသင့်တဲ့ ကိစ္စမှသာ ဖြေရှင်းပါ။ အထက်လူကြီးဆိုတာ ကိုယ့်ထက် အသိဥာဏ်ပညာ ပိုရင့်ကျက်လို့၊ ကိုယ့်ထက်ပိုစဉ်းစားတတ်လို့ ကိုယ့်ရဲ့ အထက်မှာရှိနေတာပါ။ ဒါပေမယ့် အထက်လူကြီးတိုင်းလည်း အသိဥာဏ် မရှိတတ်ကြပါဘူး။

READ
Fb မှာ ဒီFriend Request (၇)မျိုးကို လက်ခံမိရင် ကြုံရမဲ့နောက်ဆက်တွဲပြဿနာများ

အကောင်းဆုံးဖြေရှင်းနည်းကတော့ ကိုယ့်အထက်လူကြီးဖက်ကနေပြီး ကိုယ့်ကို အထင်လွဲနေတဲ့ ကိစ္စကို ပါးစပ်က ထုတ်မမေးချင်း တည့်မရှင်းပါနဲ့။ သူမေးလာမှ ကိုယ်ဖက်ကနေပြီးတော့ အချက်ကျလက်ကျ ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ နောက်ဆုံးကိစ္စမှာတော့ ကိုယ့်ရဲ့အကြောင်းတွေကို နောက်ကွယ်မှာ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ တစ်ဖက်လူက လိုက်ပြောနေရင်တောင်မှ လစ်လျူရှုပေးလိုက်ပါ။ တစ်ခြားလူတွေက ကိုယ့်ကို အဲဒီကိစ္စက နင်တစ်ကယ်လုပ်တာလား၊ နင်ကအဲဒီလိုတစ်ကယ်ကြီးလားလို့ လာမေးခဲ့ရင်တောင်မှ သင်ဘက်ကနေပြီးတော့ နင်ကောဘယ်လိုထင်လဲလို့သာ မေးလိုက်ပါ။ တစ်ချို့ကကိုယ်မဖြေချင်တဲ့ ကိစ္စတွေ၊ ကိုယ်မပြောချင်တဲ့ ကိစ္စတွေမှာ မေးခွန်းကို မေးခွန်းနဲ့ ပြန်သတ်တာ အကောင်းဆုံးနည်းလမ်းပါပဲ။

Pyi Hein Kyaw

SHARE