ရေကူးပြီးတိုင်း ဆံပင်တွေ ကြမ်းသွားတယ်မလား။ ဒါဆို ဒီအတိုင်းလုပ်ကြည့်ပေးနော် ။

ရေကူးကန်ထဲက Chlorine ကြောင့် ရေကူးပြီးရင် ဆံပင်တွေ ကြမ်းလာတတ်တယ်။ သင်က ရေကူးတာကြိုက်တဲ့သူဆိုရင်တော့ ကြာရင် ဆံပင်တွေ ပျက်ဆီးလာတတ်ပါတယ်။ ဒါကြောင့် ဆံပင်မှာရှိတဲ့ Chlorine တွေကို အပြတ်ရှင်းဖို့အတွက် ဒီနည်းတွေနဲ့လုပ်ကြည့်လိုက်နော်။

(၁) ပန်းသီးရှာလကာရည် 

ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (တစ်ခွက်) ၊ ရေ (၄)ခွက် ၊ ရေဗူးအလွတ်။

  • ပန်းသီးရှာလကာရည် နဲ့ ရေ ကို ရောပေးပြီး ရေဗူးအလွတ်ထဲကိုထည့်ပေးပါ။
  • ဒီအရောနဲ့ ဆံပင်ထိပ်ကနေ အဖျားထိ လိမ်းပေးပါ။ ဆံပင်ထဲကို စိမ့်ဝင်သွားအောင် (၂)မိနစ်လောက် နှပ်ထားပေးပါ။
  • ခေါင်းလျှော်ပေးပြီး အခြောက်ခံပေးပါ။
  • တစ်ပတ်ကို တစ်ကြိမ်လုပ်ပေးပါ။

(၂) Baking Soda 

Baking Soda က ဆံပင်ပေါ် Chlorine တွေကို ဖယ်ပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ရေ (ခွက်သေး ၁ခွက်) ။

  • Baking Soda ထဲကို ရေထည့်ပေးပြီး ပျစ်ပျစ်လေးဖြစ်အောင်ရောပေးပါ။ ဆံပင် နဲ့ ဦးရေပြားပေါ်မှာ လိမ်းပေးပြီး (၂၀-၃၀) စက္ကန့်လောက်နှပ်ထားပေးပါ။
  • ရေနဲ့ဆေးပေးပြီး ခေါင်းလျှော်ပေးပါ။ နောက်ဆုံးမှာတော့ conditioner ကို သုံးပေးပါ။
  • တစ်ပတ်ကို (၂-၃)ကြိမ်လောက်လုပ်ပေးပါ။
READ
ပထမဆုံးကောင်လေးနဲ့ ချိန်းတွေ့ချိန်မှာ မိန်းကလေးတွေ မလုပ်သင့်တဲ့အရာ (၇)ခု

source : stylecraze

Hannwe Soe (Shwemom)
SHARE