ရှက်တတ်တဲ့မိန်းကလေးတွေချစ်မိရင် ဘယ်လိုလုပ်သင့်သလဲ

ရှက်တတ်တာ သဘာဝတရားပါ။ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်လို့လည်း ဆိုနိုင်သလို တချို့ကျတော့လည်း သူတို့ ကိုယ်သူတို့ မလုံခြုံမှုကို ခံစားရတဲ့အတွက် ရှက်ကြောက်တတ်ကြပါတယ်။ဒါပေမယ့် ရှက်တတ်တဲ့သူတိုင်းလည်း ချစ်တတ် တဲ့နှလုံးသားပါတဲ့ လူသားတွေပဲဆိုတော့ သူတို့အနေနဲ့ တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ ဘယ်လိုဖွင့်ပြောကြသလဲ။ ရှက်နေတာဆိုတော့ ပါးစပ်ကနေတော့ တိုက်ရိုက်ဖွင့်ပြောဖို့ မလွယ်လောက်ဘူးနော်။ဒီတစ်ခါတော့ မိန်းကလေးရှု ထောင့် ကနေ ဖော်ပြပေးပါမယ်။

အမူအရာတွေပြောင်းလဲလာမယ်

မိန်းကလေးတွေအနေနဲ့ ချစ်ကြောင်း သိစေဖို့  အမူအရာနဲ့ပြတတ်ကြပါတယ်။ရှက်နေတဲ့သူဆိုတော့လည်း ပိုပြီး ပြောမ ထွက်တော့ပါဘူး။ဒါကြောင့် အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ သူတို့သဘောကျတဲ့သူ သတိထားမိစေဖို့ အ၀တ်အစား၊ ဆံပင်ဒီဇိုင်းတွေ ပြုပြင်ပြောင်းလဲလေ့ရှိသလို သူတို့ ရဲ့ အပြုအမူ အပြောအဆိုတွေပါပြောင်းလဲသွားတတ်ပါတယ်။ဒါမှ တစ်ဖက်လူသိနိုင်မှာပါ။

မတော်တဆတွေကို ဖန်တီးတတ်တယ်

ချစ်ခြင်းမေတ္တာကိုခံစားတတ်တဲ့လူသားတိုင်းကြုံကြရတာဖြစ်တဲ့အတွက် ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုယ် သတိထားမိလာ ဖို့ မတော်တဆလေးတွေ ဖန်တီးတတ်ကြပါတယ်။ဒီလိုဖန်တီးတတ်တာယာက်ျားလေးတွေတင်မဟုတ်ပါဘူး။မိန်းကလေးတွေ လည်း ပြုလုပ်တတ်ကြပါ တယ်။ နှစ်ယောက်အတူလမ်းလျှောက်ရင်း လက်ကို လှမ်းထိမိတာမျိုး၊ သာမန်လန့်စရာ ကိစ္စလေး တွေ မှာ ကြောက်လန့်တကြား အကာအကွယ် ယူတာမျိုးတွေက သူတို့အတွက် ပိုထိရောက်တဲ့ နည်း လမ်းလေးတွေပါ။သင့်ကိုစိတ်ဝင်စားနေတဲ့ မိန်း ကလေးက အရှက်အကြောက်ကြီးတဲ့သူဆိုရင်တော့ ဒီလို အချက်လေးတွေ ကို သတိထားကြည့်နိုင်ပါတယ်။

READ
တရုတ်အမျိုးသား သန်းပေါင်းများစွာ လူပျိုကြီးတွေ ဖြစ်နေရသည့်အကြောင်းအရင်း

တခြားသူတွေကိုမျက်နှာသာပေးတယ်

တချို့ရှက်တတ်တဲ့မိန်းကလေးတွေအနေနဲ့ သူတို့သဘောကျတဲ့သူနဲ့စကားပြောရမှာ ရှက်ကြောက်တတ်ကြပေမယ့် တခြား ယောက်ျားလေးတွေနဲ့ စကားပြောဖို့ကိုတော့ ၀န်လေးလေ့မရှိကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သင့်အပေါ်စိတ်ဝင် စားမှုရှိတယ်လို့ ခံစားမိတယ်ချိန် တခြားယောက်ျားလေးကိုမျက်နှာသာပေးလိုက်တာကြောင့် သင့်အနေနဲ့ဇဝေဇ၀ါဖြစ် သွားနိုင်ပါတယ်။ဒီအချက်ဟာ သူတို့အတွက် ထိရောက်တဲ့ ချဉ်းကပ်နည်းတွေထဲက တစ်ခုပါပဲ။

cute-girl-stay004-smiling

သင့်အတွက်တစ်ဦးတည်းသောပရိသတ်

သင့်ရဲ့ ပြတ်လုံးတွေ၊ ရယ်စရာဟာသတွေကို ပိုပြီးပေါ်လွင်စေတာသူမကြောင့်ပါ။ သင့်ကို အမြဲအားပေးနေတဲ့ ပရိသတ် တစ်ယောက်ပေါ့။ သိပ်ပြီး ရယ်စရာမကောင်းတဲ့ သင့်ရဲ့ ပေါကြောင်ကြောင် ဟာသတွေကိုတောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံး နေမိပါလိမ့်မယ်။ သူမကသင့်ကို ချစ်နေတဲ့အတွက်ကြောင့်ပါ။

အနီးဆုံးမှာ အဝေးကလူတစ်ယောက်လိုနေတယ်

တခါတလေမိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်တယ်လို့ဆိုကြပါတယ်။တကယ်တော့ ကိုယ်ချစ်တဲ့သူ ကိုယ့်ကို သတိထားမိအောင် အနီးကပ်နေရာလေးမှာနေချင်ကြသလို  အချစ်ကို ပြက်ရယ်ပြု အထင်သေးခံရမှာလည်းစိုးတဲ့အ တွက် အဝေးကချစ်နေဖို့လည်း ဆုံးဖြတ်တတ်ကြပါသေးတယ်။ဒါဟာ အချစ်ကိုတန်ဖိုးထားတတ်တဲ့ သူတိုင်းပါပဲ။ သူမအနေနဲ့ သင့်ရဲ့ သူငယ်ချင်းတွေကနေတဆင့် သင့်ကို ခင်မင်ရင်းနှီးခွင့်ရဖို့ သူငယ်ချင်းအုပ်စုတွေထဲကို ၀င်လာတတ်ပေမယ့် သင်သတိထားမိတဲ့အချိန်မှာတော့ အုပ်စုရဲ့အဝေးကိုထွက်သွားတတ်ပါတယ်။ဒါဆို သူမ သင့်ကို တကယ်ချစ်နေတာပါ။

READ
ကောင်မလေးတွေ ငြင်းပယ်တာခံရလေ့ရှိတဲ့ အမျိုးသားများ

မျက်လုံးချင်းဆုံဖို့ကြိုးစားတယ်

ချစ်ခြင်းအစ မျက်လုံးက ဆိုတဲ့စကားက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးအဓိပ္ပာယ်တွေကနေတဆင့် ခံစားချက် တွေ ကိုထုတ်ဖော်ကြတာပါ။ ဒါကြောင့် သူမအနေနဲ့လည်း ခံစားချက်တွေကို သင်သိနိုင်အောင် သင်နဲ့မျက်လုံး ချင်းဆုံဖို့ကြိုးစား တတ်ပါတယ်။

ဖွင့်ဟ ၀န်ခံခိုင်းပါ

တကယ်လို့ သင့်ဘက်ကလည်း သူမကို တူညီတဲ့ ချစ်ခြင်း ပြန်လည် မျှဝေနိုင်ပြီဆိုရင်တော့ သူမကို ၀န်ခံခိုင်းလိုက်ပါ။မိန်း ကလေးအများစုက ချစ်တာကို ချစ်ပါတယ်လို့ ထုတ်ပြောရတာထက် ချစ်သူက မေးလာလို့ ဖြေရတာကို ပိုပြိး သဘော ကျ နှစ်သက်တတ်ကြပါတယ်။ချစ်နေမှန်းသိရဲ့နဲ့လည်း ချစ်ရဲ့လားလို့ မေးတတ်ကြပါသေးတယ်။ဒါကြောင့် သင့်အဖြေကို  တုန့်ပြန်နိုင်ဖို့ သူမကို အရင်မေးလိုက်ပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE