အိမ်ရှင်မတွေအတွက် ခဲပတ်ကို စွယ်စုံအသုံးပြုနည်း

ငါးကင်မှာ ပတ်ထားတဲ့ ငွေရောင်ခဲပတ်လေးကို လူတိုင်းသိကြမှာပါ။ အဲဒီခဲပတ်လေးဟာ ငါးကင်မှာသာမက တခြားနေရာတွေမှာလည်း စွယ်စုံသုံးလို့ရပါတယ်။ အိမ်ရှင်မတွေအတွက် ဒီနည်းလမ်းလေးတွက အထောက်အကူဖြစ်စေမှာပါ။

(၁) ဟင်းအိုးတူးတာ၊ ကပ်တာမျိုးမဖြစ်ချင်ရင် ဒယ်အိုးရဲ့အောက်မှာခဲပတ်လေးကိုခံထားလိုက်ပါ။

Pinterest

(၂) မုန့်လေးတွေ၊ ကွတ်ကီးလေးတွေလုပ်တဲ့အခါ ကလေးတွေကျေနပ်အောင် ပုံစံမျိုးစုံလုပ်ပေးချင်ရင် ခဲပတ်ကို အသုံးပြုပေးလို့ရပါတယ်။

TipHero

(၃) သင့်ဖုန်း Screen မှာစာရေးဖို့၊ မှတ်ဖို့ တစ်ခုခုလိုတယ်၊ လက်လည်းမသုံးချင်ဘူး၊ Pen လည်းမရှိဘူးဆိုရင်တော့ ခဲပတ်ကို Pen လိုမျိုးပဲ အသုံးပြုပေးလို့ရပါတယ်။

Coupons.com

(၄) သင့်အိမ်ရဲ့သံတိုင်တွေ၊ သံထည်ပစ္စည်းလေးတွေမှာ သံချေးတက်နေခဲ့ရင် တက်နေတဲ့နေရာလေးကို ခဲပတ်လေးနဲ့ပွတ်ပေးလိုက်ရင် သံချေးတွေ ပြောင်သွားမှာဖြစ်ပါတယ်။

(၅) သင့်ဖုန်း လိုင်းသိပ်မကောင်းဘူးဆိုရင် ခဲပတ်လေးကို ဘေးနားမှာထောင်ထားလိုက်ပါ။ ဒါဆိုရင် လိုင်းဆွဲအားပိုကောင်းလာမှာ ဖြစ်ပါတယ်။

READ
စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေကို ဘယ်လို အကျိုးရှိရှိ ဖြတ်သန်းမလဲ...

(၆) ငွေထည်ပစ္စည်းတွေကို ဆေးကြောချင်တဲ့အခါ ဇလုံထဲမှာ ခဲပတ်ကိုခဲ၊ ပြီးရင် မုန့်ဖုန်ဆိုဒါ ၊ ဆားနဲ့ ပွက်ပွက်ဆူနေတဲ့ရေတို့ကိုရောပြီး အဲဒီ့အထဲမှာ စိမ်ပြီးမှဆေးရင် အသစ်အတိုင်း ပြောင်လက်နေတာကို တွေ့ရမှာပါ။

(၇) တုံးနေတဲ့ကတ်ကြေးတွေကိုယူပြီး ခဲပတ်ကို အခေါက်ရေများများညှပ်ပေးလိုက်ရင် ထက်လာတာကို တွေ့ရမှာပါ။

(၈) သင်လိုနေတာ AA ဆိုဒ်ဓာတ်ခဲ၊ ဒါပေမယ့် AAA ဆိုဒ်ပဲရှိနေတယ်ဆိုရင် ခဲပတ်ကို ဒီလိုလေးသုံးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

Em Em(Shwemom)

SHARE