ဆံပင်ရှည်မြန်စေမယ့် ဒိန်ချဉ်

ကျန်းမာလှပတဲ့ ဆံကေသာဖြစ်ဖို့ ဆံပင်သန်၊ ဆံပင်အရှည်မြန်ဖို့လည်း လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ကြိုးစားပြီး ဂရုစိုက်လည်း ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရတဲ့ ပျိုမေများအတွက် ဒိန်ချဉ်ကို အသုံးပြုပြီး ဆံပင်သန်အောင် ပြုလုပ်နိုင် မယ့်နည်းလမ်းများကို မျှဝေပေးလိုက်ပါတယ်။

ဒိန်ချဉ်ဟာ ဆံပင်အတွက် သဘာဝအားဖြည့်ဆေး ဖြစ်ပါတယ်။ ဆံကေသာရဲ့ မရှိမဖြစ် လိုအပ်ချက်တွေဖြစ်တဲ့ ဗီတာမင်နဲ့ fatty acid တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ဒိန်ချဉ်ဟာ ဆံကေသာသန်စွမ်းပြီး အရှည်မြန်စေဖို့ အလွန်အစွမ်းထက်ပါတယ်။

ဆံကေသာအတွက် ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးများ

  • မှိုတွေကို နှိမ်နင်းပယ်သတ်ပေးနိုင်ပြီး ဦးရေပြားကို စိုပြည်စေတဲ့ အစွမ်းပါရှိတာကြောင့် ဗောက်ပျောက်စေပါတယ်။
  • အချိန်ကြာမြင့်စွာ ဆံကေသာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်လို့ ဆံပင်ဖျား ဖွာထွက်ရှုပ်ထွေးခြင်းမှ ကင်းဝေးစေပါ တယ်။
  • ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး ဆံနွယ်ထွက်တဲ့ မွေးညင်းပေါက်လေးတွေ ပိတ်ဆို့ခြင်းကို လျော့နည်းစေလို့ ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။
  • အဆီထုတ်လုပ်မှုကို မှန်ကန်စွာ လည်ပတ်စေလို့ ဦးရေပြားရဲ့ pH level ကို ညီမျှစေပါတယ်။
  • ဦးရေပြားကို စိုပြည်နူးညံ့စေလို့ မခံမရပ်နိုင်အောင် ယားယံမှုကို သက်သာစေပါတယ်။

ကြက်ဥနဲ့ဒိန်ချဉ်ပေါင်းတင်နည်း

ဆံပင်အရှည်မြန်စေဖို့ ကြက်ဥနဲ့ ဒိန်ချဉ်ကို ပေါင်းတင်ပေးနိုင်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥတစ်လုံးနဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့် ပြီး သမအောင် ခလောက်ပေးပါ။ ထို့နောက် ဒိန်ချဉ်ထည့်ပြီး သမသွားတဲ့အထိ မွှေပေးပါ။ ရပြီဆိုရင်တော့ ဆံပင်အရင်းက နေ အဖျားအထိ နှံ့အောင် လိမ်းပေးပါ။ ခြောက်သွေ့တဲ့ ဆံသားမှာရော၊ စိုစွတ်တဲ့ ဆံသားမှာပါ ပြုလုပ်နိုင်ပါတယ်။ တစ်ခေါင်းလုံး နှံ့အောင် လိမ်းပြီးတဲ့နောက်မှာ မိနစ် ၂၀ မှ ၃၀အထိထားပြီး ရေနဲ့ ဆေးချပြီးတဲ့နောက် ရှမ်ပူနဲ့ ခေါင်းလျှော် ပေးပါ။ ကြက်ဥပါဝင်တဲ့အတွက် ဦးရေပြားနဲ့ ဆံကေသာအတွက် အာဟာရဖြည့်ပေးနိုင်တာကြောင့် ဆံပင်သန်စေပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာအလှကို ရရှိစေနိုင်ပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

READ
အိပ်နေရင်း ကိုယ်အလေးချိန်ကျစေဖို့ နည်းလမ်းကောင်းများ

ငှက်ပျောသီးနဲ့ဒိန်ချဉ်ပေါင်းတင်နည်း

ဒိန်ချဉ်ကို ငှက်ပျောသီးနဲ့ ပေါင်းစပ်ပြီး ပေါင်းတင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငှက်ပျောသီးအမှည့် တစ်ပိုင်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ ဖြစ်ပါ တယ်။ ပြုလုပ်နည်းကတော့ ငှက်ပျောသီးမှည့်ကို အခဲများမကျန်တော့ဘဲ စိစိညက်ညက် ကြေသွားတဲ့အထိ အရင်ဆုံး ဖိချေပေးရပါမယ်။ ပြီးရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေကို ရောထည့်ပြီး သမသွားအောင် မွှေပေးပါ။ ထိုပေါင်းတင်ရည်ကို တစ်ခေါင်းလုံးနှံ့သွားအောင် ဆံပင်အရင်းပိုင်းမှ အဖျားပိုင်းအထိ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ မှ ၃၀အထိ ထားပြီးတဲ့အခါ ရေဆေးချပြီး အသုံးပြုနေကျ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။ ဒီပေါင်းတင်နည်းကတော့ ဆံသားအတွက် အစိုဓာတ်နဲ့ အာဟာရဖြည့်တင်း ပေးနိုင်ရုံသာမက သန့်စင်ပေးနိုင်တဲ့အစွမ်းပါ ရှိပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ဒိန်ချဉ်နဲ့ သံလွင်ဆီ ပေါင်းတင်နည်း

ဒိန်ချဉ်နဲ့သံလွင်ဆီ ပေါင်းတင်နည်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဒိန်ချဉ် တစ်ခွက်၊ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရေနှစ်ခွက်တို့ပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ ဒိန်ချဉ်နဲ့ သံလွင်ဆီ ကို ပန်းကန်လုံးတစ်လုံးထဲမှာ သမအောင် မွှေပြီး သံပုရာရည်နဲ့ ရေကို ခရားတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ အရင်ဆုံး ခေါင်းလျှော်လိုက်ပြီး ရေတွေပြောင်အောင် ညှစ်ချလိုက်ပါ။ ဒိန်ချဉ်နဲ့သံလွင်ဆီ ရောထားတဲ့အရောကို တစ်ခေါင်းလုံးနှံ့အောင် သုတ်လိမ်းပေးပြီး မိနစ် ၂၀မှ ၃၀အထိ ထားထားပါ။ အချိန်ပြည့်သွားရင် တော့ ရေကြက်သီးနွေးလေးနဲ့ ပြောင်အောင် ဆေးချပါ။ နောက်ဆုံးဆေးချတဲ့အသုတ်မှာ အသင့်ပြင်ထားတဲ့ သံပုရာရည်နဲ့ ဆေးချလိုက်ပါ။ ဒီပေါင်းတင်နည်းလေးရဲ့ အစွမ်းကတော့ ဆံကေသာကို ကျန်းမာသန်စွမ်းစေပြီး အဖျားနှစ်ခွဖြစ်ခြင်းကနေ ကာကွယ်ပေးခြင်းပါပဲ။ ပျက်စီးနေတဲ့ ဆံသားများအတွက် အထူးကောင်းမွန်ပြီး ဆံကေသာရဲ့ အခြေအနေကို ပိုမိုတိုးတက် လာစေကာ ယခင်က ကိုင်တွယ်ရ ပိုမိုလွယ်ကူလာပါလိမ့်မယ်။ သံပုရာရည်ရဲ့ အစွမ်းကြောင့် ဆံသားရဲ့ pH levelကို ထိန်းညှိပေးပြီး ဆံသားကိုလည်း တောက်ပြောင်လှပစေနိုင်ပါတယ်။

READ
သွယ်လျတဲ့ ခြေတံလေးရဖို့ အိပ်ယာမ၀င်ခင်ပြုလုပ်သင့်တဲ့သုံးမိနစ်စာ လေ့ကျင့်ခန်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Lei Lei Oo (shwemom)

Source: thestylecraze

SHARE