ဟင်းချက်တဲ့အခါ အသုံးများတဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုဆေးကြောရမလဲ

Freepik- pixabay

ယနေ့ခေတ်မှာက အစားအအစာတွေဆိုတာ ဓာတုဗေဒဆေးဝါးတွေနဲ့ မကင်းနိုင်တာကြောင့် စားတော့မယ်ဆိုတဲ့ အချက်နှစ်ချက်ကို ဦးစားပေးစဉ်းစားရပါမယ်။ တစ်ချက်ကတော့ သေချာဆေးကြောရမှာဖြစ်ပြီး နောက်တစ်ချက်ကတော့ အစိမ်းစားမယ့် ဟင်းသီးဟင်းရွက်တွေကလွဲပြီး တခြားတွေကို ပူပူနွေးနွေးချက်ပြုတ်စားသောက်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မီးဖိုချောင်ထဲ အသုံးများတဲ့ဟင်းသီးစင်းရွက်တွေကို ဘယ်လိုချက်ပြုတ်စားသောက်သင့်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်။

Pexels/ssia

(၁) ပိုးမွှားတွေကို သေစေနိုင်တဲ့ မုန့်ဖုတ်ဆိုဒါ သို့မဟုတ် နနွင်းတို့ကို ရေဖျော်ကာ ဟင်းရွက်တွေကို ဆေးပေးနိုင်ပါတယ်။

Pexels/Asiamov

(၂) ဆပ်ပြာနဲ့ဆေးကြောခြင်းကိုလည်း တချို့နိုင်ငံတွေမှာ ကျင့်သုံးကြပေမယ့်လို့ ဟင်းရွက်တွေပါဆေးနိုင်တဲ့ ဆပ်ပြာဖြစ်ဖို့တော့လိုအပ်ပါမယ်။ မဟုတ်ရင် အစာအဆိပ်သင့်တာနဲ့ ဝမ်းလျှောတာတွေဖြစ်နိုင်ပါတယ်။ အကျိုးကျေးဇူးကတော့ ဖုန်နဲ့ဘတ်တီးရီးယားတွေကိုပါ တစ်ခါတည်းအမန်ြဆုံးသေစေနိုင်တာပါပဲ။

Pexels/Ains

(၃) ဆားရည်စိမ်ခြင်းဟာလည်း ဒီမှာ တော်တော်မတျားများအသုံးပြုနေကြတာပါ။ ဆားရည်စိမ်ခြင်းဟာလည်း ပိုးသတ်ဆေးအာနိသင်တွေကို ပျက်ပျယ်စေနိုင်ပေမယ့်လို့ စိမ်ချိန်ကြာသွားရင် ဟင်းသီးဟင်းရွက်ရဲ့အရသာ ပျက်သွားနိုင်ပါတယ်။

Pexels/Chel

(၄) နောက်တစ်မျိုးကတော့ ရှာလကာရည်နဲ့ ဆေးပစ်ခြင်းပါ။ ပန်းသီးရှာလာကာတို့လို အချဉ်ဖောက်တဲ့ ရှာလကာရည်တွေမှာ ပိုးသတ်တဲ့အာနိသင်ရှိတဲ့အတွက်ကြောင့် ဒါဟာလည်း အန္တရာယ်ကင်းတဲ့ဆေးကြောနည်းပဲဖြစ်ပါတယ်။

READ
လူအများ ကြိုက်လွန်းတဲ့ ချောကလက်ဆိုတာ ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ

Penny

SHARE