ပျားရည်နဲ့ မျက်နှာကို Glow Skin ဖြစ်အောင် ပေါင်းတင်နည်း

Glow Skin ဆိုတာက အသားအရေ ၀င်းပြီး စိုပြေနေတာကို ဆိုလိုတာပါ။ ဒီလို Glow Skin ဖြစ်ဖို့ကတော့ ပျိုမေတိုင်းရဲ့အိပ်မက်ပါ။ နောက်ပြီး Glow Skin ကို ထိမ်းဖို့ခက်ပါတယ် ၊ အစားအသောက်ကြောင့် ၊ အညစ်အကြေးကြောင့် ၊ အသားအရေကိုထိခိုက်စေပါတယ်။ Glow Skin ရဖို့အတွက် ပျားရည်ကိုသုံးတာက တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။

(၁) ခရမ်းချဉ်သီးနဲ့ ပျားရည်

stylecraze

ပါဝင်ပစ္စည်းများ – ခရမ်းချဉ်သီး (တစ်ဝက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ အ၀တ် ။
– Blender ထဲ ခရမ်းချဉ်သီး နဲ့ပျားရည်ထည့်ပေးပြီး ကောင်းကောင်းရောပေးပါ။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီး အခြောက်သုပ်ပေးပါ။ ပြီးရင် ခုနကအရောနဲ့မျက်နှာပေါ်လိမ်းပေးပါ။ (၁၅)မိနစ်လောက်ပေါင်းတင်ပေးပြီး ရေအေးနဲ့ဆေးပေးပါ။ တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

READ
ဖျားနာတုပ်ကွေးဖြစ်ခဲ့ရင် အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် အစားအစာများ

(၂) သံပရိုရည် နဲ့ ပျားရည်

stylecraze

ပါဝင်ပစ္စည်းများ – သံပရိုရည် (တစ်ဝက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– သံပရိုရည်နဲ့ ပျားရည်တို့ကို ရောပေးပါ။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီး အခြောက်သုပ်ပေးပါ။ ပြီးရင် ခုနကအရောနဲ့မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် (၂၀)လောက် ပေါင်းတင်ပေးပြီး ရေနွေးနွေးနဲ့ ဆေးပေးပါ။ တစ်ပတ်ကို (၁)ကြိမ်ပဲလုပ်ပေးပါ။

(၃) ငှက်ပျော်သီး နဲ့ ပျားရည်

stylecraze

ပါဝင်ပစ္စည်းများ – ငှက်ပျော်သီး (၁လုံး) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း ) ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။
– ငှက်ပျော်သီးကို ချေပြီး ပျားရည် ၊ သံပရိုရည် တို့နဲ့ ရောပေးပါ။မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီး အခြောက်သုပ်ပေးပါ။ ပြီးရင် ခုနကအရောနဲ့မျက်နှာပေါ်လိမ်းပေးပါ။(၁၀-၁၅ )မိနစ်လောက်ပေါင်းတင်ပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးပေးပါ။ တစ်ပတ်ကို (၁)ကြိမ်လုပ်ပေးပါ ။

READ
အချို(သကြား)ဓာတ်အစားများခြင်းကပေးတဲ့ ဆိုးကျိုးများကိုပုံဖော်ထားတဲ့ဓာတ်ပုံများ

Hannwe Soe

SHARE