မိန်းကလေးတွေဟာ သူတို့ရဲ့ လက်တွဲဖော်ဖူးစာဖက် ဘယ်လိုစဉ်းစားပြီး ရွေးချယ်ကြလဲ

500 Days of Summer/Fox Searchlight Pictures

မိန်းကလေးတွေရဲ့စိတ်နေစိတ်ထားနဲ့ အမူအကျင့် ကတစ်ဘဝလုံး လေ့လာရင်တောင် ပြီးဆုံးနိုင်ဖွယ်မရှိပါဘူး။ ဒီတစ်ခါမှာတော့ မိန်းကလေးတွေရဲ့အမူအကျင့်တွေများစွာထဲကမှ သူတို့ဘယ်လိုလူမျိုးကို ဖူးစာဖက်အဖြစ် ရွေးတတ်ကြတယ်ဆိုတာကို ဖော်ပြပေးသွားမှာပါ။

စိတ်ပညာရှင်တွေရဲ့အဆိုအရ အဖေနဲ့ သမီးကြားမှာရှိတဲ့ ဆက်ဆံရေးဟာ သူတို့ဘဝနေထိုင်မူအပေါ်မှာပါ သက်ရောက်မှုရှိနေတာပါ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သက်ရောက်လွှမ်းမိုးမှုကတော့ ရှိနေတတ်ပါတယ်။ ဒီအပေါ်ကို မူတည်ပြီး မိန်းကလေးတွေက လက်တွဲဖော်ရွေးတဲ့နေရာမှာ မတူညီတဲ့ခံယူချက်တွေကိုယ်စီ ဖြစ်လာကြပါတယ်။

Fathers and Daughters/Vertical Entertainment

အဖေနဲ့အတူကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်က မိမိကိုယ်ကိုယုံကြည်မှုရှိပြီး ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ပြတ်သားမှုရှိတဲ့အတွက် သူတို့ ရဲ့လက်တွဲဖော်ကလည်း ယုံကြည်စိတ်ချရမှု အပြည့်ရှိတဲ့သူမျိုးကိုသာ ရွေးချယ်တတ်ကြပါတယ်။

ငယ်ငယ်တည်းက အဖေ့ရဲ့ချစ်ခြင်းအပြည့်အဝ ရရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်က အရွယ်ရောက်လာတဲ့အခါ ငြိမ်းချမ်းမှုကိုပေးနိုင်တဲ့ ချစ်သူမျိုးကိုသာ ရွေးချယ်လေ့ရှိပါတယ်။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုပြီး ချစ်သူတွေ မှိုလိုပေါက်အောင် မထားပဲ ကိုယ်တကယ်ချစ်တဲ့သူကို လက်တွဲဖော်အဖြစ် သေချာရွေးချယ်လေ့ရှိပါတယ်။

READ
အွန်လိုင်းမှာရည်းစားထားတဲ့သူများ အယုံမလွယ်မိပါစေနဲ့။

အဖေ မရှိပဲကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ကတော့ အဆိုးမြင်တတ်တဲ့ အကျင့်လေးတွေရှိတတ်ကြပါတယ်။ အားငယ်တဲ့စိတ်ကလည်း ငယ်ငယ်ကတည်းက စွဲပါလာတဲ့အတွက် ယုံကြည်မှုလည်း နည်းပါးတတ်ကြပါတယ်။ သူတို့လက်တွဲဖော်ရွေးချယ်ပြီးတဲ့နောက်မှာ ယုံကြည်မှုနဲ့ပတ်သက်တဲ့ ပြဿနာလေးတွေဖြစ်လေ့ရှိကြပြီး  မိမိကိုယ်ကို နိမ့်ကျတဲ့သူတစ်ယောက်လို စိတ်ခံစားမှုလေးတွေလည်း ဖြစ်တတ်ကြပါတယ်။ တကယ်တော့ စိတ်အားငယ်တတ်တဲ့ စိတ်အရင်းခံကြောင့် ဒီလိုပြဿနာလေးတွေ ဖြစ်လာရတာပါ။ တကယ်တော့သူတို့က ဂရုစိုက်မှုကို အရမ်းလိုလားတဲ့ သူလေးတွေဖြစ်လို့ပါပဲ။

The Game Plan /Walt Disney Pictures

ဘယ်လိုပဲဖြစ်ဖြစ်ပါ လူတိုင်းကတော့ စစ်မှန်တဲ့ အရာကိုသာ လိုလားကြတဲ့ သူတွေပါပဲ၊ အကောင်းဆုံးတွေပဲ လိုချင်တာ လူ့သဘာဝပါ။ အမြဲတမ်း အဆင်ပြေနေတာမျိုးကတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြနအလှန် နားလည်မှုနဲ့ ညှိနှိုင်းတိုင်ပင် နေနိုင်ရင်တော့ ရွေးချယ်မှု မှန်ကန်တဲ့၊ စစ်မှန်တဲ့ ဖူးစာဖက်တွေ ဖြစ်လာနိုင်မှာပါ။

Lwin Min

SHARE