Figure အရုပ်တွေစုတတ်တဲ့ ဖခင်တစ်ယောက်ရှိရင် သင့်စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ?

[email protected]

Figure အရုပ်စုရတာတွေကို ကြိုက်တဲ့လူတော်တော်များပါတယ်။ လူတော်တော်များများကတော့ ဒီလိုအရုပ်စုတတ်တဲ့ လူတွေကို အပိုအလုပ်တွေလုပ်တယ်၊ အရည်မရအဖတ်မရတွေ၊ ကလေးစိတ်မပျောက်သေးဘူးလား အစရှိသဖြင့် မေးခွန်းတွေမေးလေ့ ရှိပါတယ်။ ဒီလိုမေးတာက သူတို့ရဲ့ အမြင်မှာ ဒီလို Figure အရုပ်တွေစုတာကို ကလေးကလားဆန်ပြီး အဲဒီ Figure အရုပ်တွေအပေါ် ဘာခံစားချက်မှ မရှိလို့ပါပဲ။ ဒီလို Figure အရုပ်စုတဲ့လူတွေကို ဂျပန်လို Otaku လို့ ခေါ်ပါတယ်။ Otaku တွေရဲ့ ခံစားချက်၊ အဲဒီအရုပ်တွေပေါ်ရှိတဲ့ စိတ်ထားကို Otaku အချင်းချင်းပဲ ခံစားနားလည်လို့ရပါတယ်။

အခုလည်း ဂျပန်နိုင်ငံက Otaku တစ်ယောက်ဖြစ်တဲ့ Take World 12 လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်အမျိုးသားတစ်ယောက်ဟာ One Piece ကာတွန်း series ထဲက ဇာတ်ကောင် Figure အရုပ်တွေကို စုဆောင်းရတာ အင်မတန်မှ ဝါသနာပါတဲ့ Otaku စစ်စစ်တစ်ယောက်ပါပဲ။ ဘယ်လောက်တောင် အရုပ်တွေ စုတာများသလဲဆိုရင် သူ့အိမ်မှာ အဲဒီ Figures အရုပ်တွေပဲ သီးသန့်ထားထားတဲ့ အခန်းတစ်ခန်းတောင် ရှိပါတယ်။ ဒီလောက်ဆိုရင် အဆိုပါအမျိုးသားရဲ့ ဝါသနာကြီးပုံကို ခန့်မှန်းလို့ ရလောက်ပြီ ထင်ပါတယ်။

တစ်နေ့မှာတော့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ အရုပ်တွေကို ဓာတ်ပုံရိုက်ရင်း သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။ Captionမှာတော့ “ငါဒီအရွယ်ရောက်တဲ့အထိ Otaku တစ်ယောက်ဖြစ်နေတာ ငါ့သားကတော့ ရှက်နေရှာတော့မှာပဲ” လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူကတော့ “ ကျွန်တော်ကတော့ ကျွန်တော့သူငယ်ချင်းတွေကို ငါ့အဖေက Otaku ကွဆိုပြီး အမြဲကြွားနေရတာအမော။ တစ်ခါမှရှက်စရာလို့ မမြင်ပါဘူး အဖေရယ်။ ဒါရှက်စရာမှမဟုတ်တာအဖေရယ် မဟုတ်ဘူးလား” ဆိုပြီး comment ပြန်ပေးခဲ့ပါတယ်။

“ကျွန်တော့်စိတ်ထဲမှာထင်နေတာ အဖေက ဒီအသက်အရွယ်အထိ ကလေးစိတ်မကုန်သေးပဲ ဒီလို အရုပ်တွေကို လိုက်စုနေလားဆိုပြီး တွေးမိသွားမှာပါပဲ။ ဒါပေမယ့် သားဖြစ်သူက ဒီကိစ္စကို ဂုဏ်ယူစရာကိစ္စလို့ မြင်ထားတာ သိရတော့ ကျွန်တော့်ဝမ်းသာလွန်းလို့ သူ့ comment ကိုကြည့်ပြီး မျက်ရည်တောင်ဝဲရပါတယ်” လို့ အဆိုပါအမျိုးသားက ပြောကြားခဲ့ပါတယ်။

READ
အီတလီ မိသားတစ်စု၊ မီတောင်ဟောင်းတစ်ခုရဲ့ ပြွန်အတွင်း ပြုတ်ကျသေဆုံးခဲ့

Pyi Hein Kyaw

SHARE