လက်သီးဆုပ်တဲ့ ပုံစံအနေအထားက ပြောပြမယ့် သင့် ပင်ကိုယ်စရိုက်တွေအကြောင်း

Flickr/Mark Ramsay

လူတစ်ယောက်ကတော့ အမြဲတမ်းလက်သီးဆုပ်မနေဘူးဆိုပေမယ့် အမှတ်မထင် ပြုလုပ်လိုက်တဲ့ သူ့ရဲ့လက်သီးဆုပ်ပုံစံကိုကြည့်ပြီး သူ့ရဲ့ပင်ကိုယ်စရိုက် အကြောင်းကို သိနိုင်ပါတယ်။ ကဲကြည့်ကြရအောင် ….

လက်မကို လက်ညှိုးအပေါ်မှာ ထားတာ

Flickr /Mark Ramsay

ဒါဆိုရင်တော့သင်ဟာ စိတ်ကုးယဉ်သမားဖြစ်ပြီး အတွေးနယ်ချဲ့နေတတ်သူပါ။ တစ်ခါ တစ်ခါ လိုတာထက်ပိုပြီး တွေးတောတတ်သူဖြစ်ပြီး၊ ဆုံးဖြတ်ချက်သိပ်မခိုင်မာသူဖြစ်ပါတယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဟာသအမြင်ရှိသူဖြစ်တာကြောင့် လူချစ်လူခင်များသူဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ရိုးသား ကြင်နာတတ်ပြီးတော့ အဲ့လိုစိတ်ရှိသူတွေကိုလည်း သဘောကျသူပါ။ တစ်ဖက်လူကို အလေးထား စာနာတတ်ပြီး အားနာတတ်လွန်းတာ ကြောင့်လည်း တစ်ဖက်လူက အခွင့်ကောင်းယူတတ်ပါတယ်။ အချစ်ရေးမှာ လည်း ပေါ့ပေါ့တန်တန်မလုပ်တတ်ဘဲ အမြဲသေချာစဉ်းစားတတ်သူဖြစ်ပါတယ်။

လက်မကို လက်ချောင်းတွေဘေးထားတာ

Flickr /Randen Pederson

ဒါဆိုရင်တော့ သင်က ကိုယ့်ကိုယ်ကို အထင်ကြီးသူတစ်ယောက်ပါ။ ဒါက မကောင်းတာတော့ မဟုတ်ပါဘူး။ သင့်ကိုယ်သင်အထင်ကြီးတာပဲ သင့်ရဲ့ပုံစံဆိုပြီးတော့ လူတွေက ချစ်ခင်ကြတယ်။ အရည်အချင်းရှိလို့ပဲဆိုပြီး သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ကြင်နာတတ်မှု၊အာရုံစိုက်တတ်မှုနဲ့ လိုက်လျောညီထွေနေတတ်မှုတွေက သင့်ကိုလူတွေသဘောကျတဲ့အချက်တွေပါ။ အချစ်ရေးမှာတော့ တစ်စုံတစ်ယောက်ထိခိုက်သွားမှာ စိုးတဲ့စိတ်နဲ့ဖွင့်ပြောရတာကို ကြောက်တတ်သူပါ။ ဒါကြောင့် တစ်စုံတစ်ယောက်သင့်ဘ၀ထဲဝင်လာအောင်လုပ်ဖို့ အချိန်ကြာတတ်ပါတယ်။

လက်မကို လက်ချောင်းတွေထဲ ထည့်ထားတာ

READ
မိမိရဲ့ကလေး လူကြားထဲမှာအကြောက်မကြီးစေဖို့
Flickr /Guian Bolisay

ဒါဆိုရင်တော့သင်ဟာ အရာရာတိုင်းကို တက်တက်ကြွကြွရှိပြီး၊ ဥာဏ်ရည်ကွန့်မြူးတတ်သူတစ်ယောက်ပါ။ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး၊ ကိစ္စအများစုကို  ရိုးရိုးလုပ်တာထက် တီထွင်ကြံဆပြီး သူများနဲ့မတူအောင် ဖန်တီးပြုလုပ်သူဖြစ်ပါတယ်။ ကို့ကြောင့်တခြားသူ ထိခိုက်နစ်နာမှာ ကို အင်မတန်စိုးရိမ်တတ်သူဖြစ်လို့ မိတ်ဆွေ သိပ်ဖွဲ့လေ့မရှိဘဲ ၊ ရလာတဲ့မိတ်ဆွေကိုလည်း တစ်သက်တာမိတ်ဆွေအဖြစ်သတ်မှတ်တတ်သူပါ။ အချစ်ရေးမှာ ရိုမန့်တစ်သိပ်မဆန်ဘဲ အေးဆေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ်လေးပဲ နေတတ်သူဖြစ်ပါတယ်။

Khaing Sandar

SHARE