ကြောင်ကလေးတွေက သင့်ကို ချစ်နေတယ်ဆိုရင် ဘယ်လိုပုံစံလေးတွေ လုပ်ပြမလဲ?

Pixabay-qimono

ကြောင်ကလေးတွေဆိုတာ လူတွေအပေါ် အချွဲတက်ဆုံးနဲ့ ပွတ်သီးပွတ်သပ် အနေတတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ များသောအားဖြင့် ပျင်းပျင်းရိရိလေး နေတတ်ကြပေမယ့် သခင်ဖြစ်သူတွေကို အရမ်းချစ်တတ်ပြီး သူတို့ချစ်တာကို ထုတ်မပြတတ်ကြတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်မွေးထားတဲ့ကြောင်လေးတွေဟာ သူတို့ကိုယ့်ကိုချစ်တာကို ဘယ်လိုပုံစံနဲ့ ထုတ်ဖော်ပြတတ်သလဲဆိုတဲ့ အကြောင်းအရာလေး ၆ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် Treehugger သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Pixabay-ilyessuti

၁။ ကြောင်ကလေးတွေရဲ့ ခေါင်းနေရာနဲ့ လည်ပင်းဟာ သူတို့လေးတွေရဲ့ ခံစားမှုအကောင်းဆုံးနေရာလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြောင်ကလေးတွေကို လည်ပင်းဖြစ်ဖြစ်၊ ဦးခေါင်းကိုပဲဖြစ်ဖြစ် ပွတ်သပ်ပေးနေရင် သူတို့မျက်လုံးလေးတွေ မှိတ်ပြီး နေတတ်တာကို သတိထားမိမှာပါ။ ပြီးတော့ ကြောင်ကလေးတစ်ကောင်ဟာ သင့်အနားကိုရောက်လာပြီး သူ့ရဲ့ ခေါင်းလေးနဲ့ ပွတ်သပ်နေရင် သူဟာ သင့်ကို မိသားစုဝင်တစ်ယောက်လို သဘောထားပြီး သင့်ကို ပွတ်သပ်ခိုင်းနေတာ ဖြစ်ပါတယ်။

READ
ရှိမှန်းတောင်မသိကြတဲ့ တချို့လူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအပို (၄) ခုအကြောင်း

၂။ နောက်တစ်ချက်ကတော့ သူတို့အမွှေးတွေကို လက်နဲ့ ပွတ်ပေးတာပါပဲ။ ကြောင်ကလေးတွေဟာ သူတို့အမွှေးကို ပွတ်ပေးရင် အင်မတန်ကြိုက်ပါတယ်။ ဒါ့ကြောင့် သင့်အနားကိုရောက်လာပြီး သူ့ခန္ဓာကိုယ်နဲ့ သင့်ကို ပွတ်နေရင်တော့ သူ့အမွှေးတွေကို ပွတ်ပေးစေချင်လို့ပါ။ ဒီလိုမျိုးလာလုပ်ခိုင်းတာကလည်း သူကိုယ်တိုင်က သင့်ကို ချစ်နေလို့ပါပဲ။

၃။ ကြောင်ကလေးတွေဟာ သူတို့ ဗိုက်သားတွေကို လက်နဲ့ အထက်အောက် ပွတ်ပေးရင်လည်း အင်မတန်ကြိုက်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ သင့်ရဲ့ကြောင်ကလေးတွေကို လုပ်ပေးခြင်းဟာ သူ့တို့ဆီက ယုံကြည်မှုတွေ အပြည့်အဝရရှိစေပြီး သူတို့လေးတွေ သင့်ကို အမြဲတမ်းချစ်နေမှာပါပဲ။

၎။ ကြောင်ကလေးတစ်ကောင် သင်အနားကို ရောက်လာပြီး သင့်ရဲ့ ပေါင်ပေါ်ကို တက်ထိုင်တာမျိုးတွေ၊ သင့်အနားမှာ တကူးတကထလာပြီး လာအိပ်နေတတ်တာမျိုးတွေကလည်း သူတို့စိတ်ထဲမှာ သင့်ကို ယုံကြည်ပြီး ချစ်လို့ အနားမှာ လာနေတဲ့ သဘောပါပဲ။ သူတို့ရဲ့ အချစ်တေါကို ဒီလိုမျိုးနည်းနဲ့လည်း ဖော်ထုတ်ပြလေ့ ရှိပါတယ်။

READ
Tabletတွေဟာ ကလေးငယ်တွေကိုထူးချွန်စေ
Pixabay-qimono

၅။ နောက်တစ်ခုကတော့ သင်သွားတဲ့အနောက်ကို ထပ်ချပ်မကွာ လိုက်နေတာပါပဲ။ ဥပမာ- အိမ်ထဲမှာ သင်နေနေတဲ့အချိန် ဘယ်နေရာသွားသွား အနောက်ကနေ တကောက်ကောက်လျှောက်လိုက်နေတတ်တာကလည်း သင့်ကို ချစ်လို့ပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေ သူတို့ကို အစာကျွေးဖို့ မေ့နေရင်လည်း ဒီလိုပုံစံမျိုးနဲ့ သင့်ကို သတိပေးတတ်ပါသေးတယ်။

၆။ နောက်ဆုံးတစ်ခုကတော့ သင်ကြောင်ကလေးပျော်နေလား၊ သင့်ကိုချစ်နေလားဆိုတာကို သူတို့ရဲ့ အမြီးကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ သင့်ကိုတွေ့တဲ့အချိန်မှာ အမြီးအဖျားက အပေါ်ကို ထောင်နေတယ်ဆိုရင်တော့ သူစိတ်ပျော်နေပြီး သင့်ကို ချစ်ကြောင်း ဒီလိုနည်းနဲ့ ပြောပြနေတာပါ။ ဒါမှမဟုတ်အမြီးက ကွေးပြီး အောက်ကျနေရင်တော့ သူ့မှာ စိတ်ညစ်စရာ ကိစ္စတစ်ခုခုရှိတယ်ဆိုတာ သင်သိထားပါ။

Pyi Hein Kyaw

SHARE