ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက် အဆင်ပြေအောင် ဘယ်လိုနေထိုင်ရမလဲ?

Pixabay-RoonZ-nl

လူတိုင်းဟာ ချစ်သူကကိုယ့်ကို တစ်ဖက်သတ်ဖြတ်သွားတာတို့၊ အကြောင်းကြောင်းကြောင့် ချစ်သူနဲ့ လမ်းခွဲခဲ့ရတာတို့ အစရှိတဲ့ အခြေအနေတွေကို ဘဝတစ်လျှောက်မှာ ကြုံတွေ့ခဲ့ဖူးမှာပါ။ အဲဒီလိုအခြေအနေကြုံပြီး နောက်နေ့တွေဟာ ကိုယ့်အတွက် အဓိပ္ပာယ်လုံးဝမရှိသလိုမျိုးတွေ ကျိန်းသေခံစားခဲ့ရဖူးမှာပါ။ အဲဒီလိုအခြေအနေနဲ့ ကြုံလာပြီဆိုရင် လူတော်တော်များများက အရက်သောက်တာတို့၊ သူ့နေရာမှာ နောက်တစ်ယောက်နဲ့ အသည်းအသန်အစားထိုးဖို့ကြိုးစားတာတွေ၊ ဆိုရှယ်မီဒီယာမှာ သူ့မကောင်းကြောင်းရေးတာတွေ အစရှိတာတွေကို လုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးအခြေအနေမှာ ဘယ်လိုပုံစံနဲ့ နေထိုင်သင့်သလဲဆိုတဲ့ကိစ္စကို Shwemom ပရိသတ်ကြီးသိအောင် ရေးသားတင်ဆက်လိုက်ပါတယ်။

Pixabay-Takmeomeo

၁။ ကိုယ့်ကို သူ့ဖက်ကနေ တစ်ဖက်သတ် လမ်းခွဲခဲ့တယ်ဆိုရင် အဲဒီရက်နောက်ပိုင်း သူ့ကို လုံးဝမဆက်သွယ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင် ကိုယ့်ကိုချစ်ရင်၊ ကိုယ့်အပေါ်စိတ်မကုန်သေးရင် သူကိုယ်တိုင် ပြန်ဆက်သွယ်လာမှာပါ။ မဆက်သွယ်ခဲ့လည်း ကိုယ့်ကိုတောင် သူဖြတ်နိုင်သေးတာပဲ၊ ငါကဘာလို့ မပြတ်နိုင်ရမှာလဲ၊ သူတောင်နေနိုင်နေပြီ၊ ငါကဘာလို့ မနေနိုင်ရမှာလည်း အစရှိတဲ့ အတွေးတွေအပေါ်မှာ တစ်ဖက်က ကိုယ့်ကိုဖြတ်သွားတဲ့ Ex ကို စိတ်နာလိုက်ပါ။

READ
သင့်ရဲ့ Crush ကို အထာကျကျဆွဲဆောင်ဖို့အတွက် နည်းလမ်း(၄)သွယ်

၂။ သူနဲ့ပတ်သတ်တဲ့ မကောင်းတဲ့အကြောင်းတွေကို ဆိုရှယ်မီဒီယာပေါ်မတင်မိပါစေနဲ့။ ဒီလိုတင်လို့လည်း သူကကိုယ့်ကို ပိုလို့တောင်မုန်းသွားမယ့်အပြင် ကိုယ့်ပတ်ဝန်းကျင်က  လူတွေကပါ မြေနိမ့်ရာလှံစိုက်တဲ့လူမျိုးလို့ ကိုယ့်ကို ထင်သွားစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဘာမှ မတင်ပဲ လူကြီးဆန်ဆန်ပဲနေလိုက်ပါ။ အရမ်းတင်ချင်တယ်ဆိုရင်တော့ ပုံလေးတွေ၊ စာလေးတွေကို ကောင်းတဲ့အဓိပ္ပာယ် ဒါမှမဟုတ် သူ့ကို သတိရနေတဲ့ ပုံစံလေးတွေပါတဲ့ ပို့စ်လေးတွေပဲ တင်တာ အကောင်းဆုံးပါပဲ။

Pixabay-RoonZ-nl

၃။ အခုပြောမယ့် အကြောင်းကတော့ လုံးဝကို ရှောင်ကျဉ်ရမယ့်အရာပါပဲ။ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တာပါပဲ။ တော်တော်များများကတော့ ကိုယ့်ရဲ့ လက်မှာ ဘလိတ်ဓားတွေနဲ့ မွှန်းတတ်တာပါပဲ။ တော်တော်ဦးနှောက်မရှိတဲ့ လူတွေရဲ့ လုပ်ရပ်ပါပဲ။ ဘာအကျိုးမှမထူးသလို ဘယ်သူမှလည်း သနားနေမှာ မဟုတ်ပါဘူး။

၎။ ဒီတစ်ယောက်မရှိတော့လို့ နောက်တစ်ယောက်ရှာတော့မယ်ဆိုပြီး မဆုံးဖြတ်ပါနဲ့။ ဒီလိုပြတ်ပြီးတဲ့အချိန်မှာ ကိုယ့်ဟာကိုယ့်တစ်ယောက်တည်း အေးဆေးနေတာ အကောင်းဆုံးပါပဲ။ အနည်းဆုံး ၅လ နဲ့ ၆လကြား တစ်ယောက်တည်းအေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူကကောကိုယ့်ကို တစ်ကယ်ပြတ်နိုင်ပြီလား၊ ကိုယ်ကတော့ သူ့ကိုတစ်ကယ်ပြတ်နိုင်ပြီလားဆိုတာ သေသေချာချာ အချိန်ယူပြီး စဉ်းစားတာ အကောင်းဆုံးပါပဲ။

READ
အမျိုးသမီးတွေမကြိုက်တဲ့အမျိုးသားတွေရဲ့အလေ့အကျင့်ဆိုး(၁၀)ခု

၅။ အပြင်ထွက်ပါ။ အသည်းကွဲလို့ဆိုပြီး အိမ်မှာချည်းပဲ တွယ်ကပ်မနေနေပါနဲ့။ သူငယ်ချင်းတွေကို အချိန်ပေးပါ။ သူတို့နဲ့ပဲ ဒီအချိန်မှာ အချိန်ဖြုန်းတာ အကောင်းဆုံးပါပဲ။

Pixabay-LubosHouska

၆။ စာအုပ်များများဖတ်ပါ။ ဒီလိုအချိန်မှာ စာဖတ်တာက အကောင်းဆုံး ကုထုံးတစ်ခုပါပဲ။ ကိုယ့်ရဲ့ အတွေးတွေ၊ အချိန်တွေကို စာအုပ်ထဲ နှစ်ထားလိုက်ပါ။ စာအုပ်တွေထဲကနေလည်း ကိုယ်ဘာတွေမှားခဲ့သလဲ၊ ရှေ့လျှောက်ပြီး ဘယ်လိုနေသင့်လဲဆိုတဲ့ အကြောင်းအရာတွေကို စာအုပ်တွေထဲကနေရှာဖွေကြည့်တာ အကောင်းဆုံးပါပဲ။

Pyi Hein Kyaw

SHARE