ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူက ကိုယ့်ကိုထားခဲ့ရင် ခံနိုင်ရည်ရှိအောင် ဘယ်လိုနေရမလဲ?

Pixabay-Anemone123

အသည်းကွဲနေတယ် …. အဲဒီစကားဟာ လူတစ်ယောက်ရဲ့ နားထဲမှာတော့ ဒီအတိုင်းလေးပေမယ့် တစ်ကယ်ခံစားရတဲ့ လူတွေအတွကတော့ မချိမဆန့်ပါပဲ။ ဘယ်လိုခံစားရတယ်ဆိုတာကိုတော့ အသည်းကွဲဖူးတဲ့လူတွေ ကောင်းကောင်းသိမှာပါ။ အဆိုးဆုံးက ဒီအတိုင်းနေရင်ပဲဖြစ်ဖြစ်၊ တခြားအာရုံလွှဲတဲ့ ကိစ္စတွေကို လုပ်နေရင်ပဲဖြစ်ဖြစ် အဲဒီလိုအချိန်တွေမှာ သူ့အကြောင်းခေါင်းထဲ ဖြတ်ခနဲ ရောက်ရောက်တတ်လာပြိး ရင်ထဲကနေ ဆို့တက်ပြီး မျက်ရည်တွေ ဝေ့တက်လာတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်ကို မချစ်တဲ့လူကတော့ ထားသွားပြီပဲ။ ဘာမှ လုပ်လို့ မရတော့ပါဘူး။ ဒါ့ကြောင့် အသည်းကွဲနေတဲ့ အချိန်မှာ ဘယ်လိုပံစံမျိုးနဲ့ နေသင့်လဲ၊ ရှေ့ဆက်သင့်လဲဆိုတဲ့ အချက် ၅ ချက်ကို ပြောပြချင်ပါတယ်။

Pixabay-Tumisu

၁။ သူထားခဲ့တော့ ငါ့မှာ တစ်ယောက်တည်းကျန်ခဲ့ပါလားဆိုတဲ့ ခေါင်းစဉ်အောက်မှာ အချိန်ကုန်ခံပြီး ဖီးလ်မနေပါနဲ့။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အချိန်တွေကို အတူတူ ကုန်ဆုံးပါ။ တစ်ချို့ကတော့ ဒီလိုအသည်းကွဲတဲ့အချိန် တစ်ယောက်တည်းနေနေတတ်ပါတယ်။ လုံးဝမနေပါနဲ့။ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်ကြီးကို ဖျောက်ပြီး ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပါ။

READ
မမေ့နိုင်ဖြစ်နေတဲ့ ရည်စားဟောင်းကို မေ့ပစ်နိုင်မယ့်နည်းလမ်းများ

၂။ အခြားလူတွေနဲ့ ဒိတ်ကြည့်ပါ။ သူသာငါ့အပေါ်အကောင်းဆုံးဆိုတဲ့ စိတ်ကြီးကိုဖျောက်ပြီး သူ့ထက်ကောင်းတဲ့ လူတွေကို ရှာပါ။ သူ့အပေါ်မှာကြီးပဲ စိတ်တွေကို မနှစ်ထားပါနဲ့။ နှစ်ထားလည်း ဘာအကျိုးမှ မထူးပါဘူး။ ကိုယ့်ကို မချစ်လို့ လမ်းခွဲခဲ့တဲ့ လူတစ်ယောက်ကို စိတ်အမြန်ဆုံးဖြတ်ပစ်ပြီး တစ်ခြားပါတနာရှာကြည့်ပါ။ သင့်ကို စိတ်ချမ်းသာစေနိုင်မယ့် လူကိုပဲ သေသေချာချာရွေးချယ်ပါ။

၃။ ကိုယ့်ကို entertaining ဖြစ်စေမယ့်အရာတွေကိုပဲ ရွေးလုပ်ပါ။ ဥပမာ- စာဖတ်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ အားကစားတစ်ခုခုကို လုပ်တာပဲဖြစ်ဖြစ် ကိုယ့်ကြိုက်တဲ့အရာတွေကို များများလုပ်ပါ။ စိတ်လေပြီးတော့ ငိုလိုက်၊ ရယ်လိုက်နဲ့ အရူးတစ်ယောက်လိုမနေနေပါနဲ့။ အဲဒီလိုကြီးနေနေရင် တစ်ဖက်က ကိုယ့်ကိုထားခဲ့တဲ့လူက အားရပါးရပျော်နေမှာပါ။

Pixabay-Anemone123

၎။ ဖုန်းတွေဆက်ပြီး ပြန်လာဖို့တွေ၊ သူမရှိပဲ ကိုယ်မနေနိုင်ဖူးဆိုတဲ့ပုံစံတွေ၊ သူမှမရှိတော့ရင် သေတော့ပါမယ်ဆိုတဲ့ ပုံစံမျိုးတွေ လုံးဝလုံးဝလုံးဝကို သွားမလုပ်ပါနဲ့။ ကိုယ်က ဒီလိုဖြစ်လေ သူတို့ကပိုပြီး ပျော်လေပါပဲ။ ကိုယ့်ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ထားခဲ့တဲ့ လူတွေအတွက် အချိန်ကုန်ခံ၊ မျက်ရည်အကုန်ခံပြီး မခံစားနေပါနဲ့။

READ
ကောင်မလေးတွေ ချစ်သူကောင်လေးဆီကနေ တကယ်လိုချင်တဲ့အရာများ

၅။ အချိန်တစ်ခုကြာရင် ပြန်လာပါ့မယ်၊ တစ်ကယ်ချစ်ပါတယ် ဒါပေမယ့်ပြန်တွဲဖို့က စဉ်းစားရအုံးမယ် အစရှိတဲ့ စကားတွေမှာ မသာယာမိပါစေနဲ့။ ဓားသွားထက်က ပျားရည်စက်တွေပါ။ အဲဒီအပေါ်မှာ ခံစားပြီး ယုံလိုက်ရင်တော့ တစ်ချိန်ကျရင် ဒုက္ခအကြီးအကျယ်ရောက်ပါလိမ့်မယ်။ ပြန်ဆက်သွယ်လာလဲ ဒီအတိုင်းပြောချင်ရာပြောဆိုတဲ့ ပုံစံနဲ့ လွှတ်ထားပြီး ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်သွားပါ။

Pyi Hein Kyaw

SHARE