LGBTQ လုပ်ဖော်ကိုင်ဖက်တွေကို လုပ်ငန်းခွင်မှာ မသိမ်ငယ်စေဖို့ ဒီလိုပြုမူပါ …..

Freepik-freepik

Lesbian, gay, bisexual, transgender နဲ့ queer people တွေဟာ ခေတ်ရဲ့ပြောင်းလဲတိုးတက်လာတဲ့ စနစ်တွေ၊ အတွေးအခေါ်တွေကြောင့် ယနေ့အချိန်မှာတော့ အရင်ကိုမှောင်မည်းနေတဲ့အတွင်းတစ်နေရာထဲ သူတို့ရဲ့ခံယူချက်တွေကို ပိတ်လှောင်မထားကြတော့ပါဘူး။ ဒါပေမဲ့လည်း တချို့သောရှေးရိုးစွဲစိတ်ထားတွေ၊ မပြည့်ဝတဲ့စိတ်ထားတွေကြောင့် သူတို့လေးတွေဟာ ရာနှုန်းပြည့်မပျော်ရွှင်နိုင်ကြသေးပါဘူး။

ကျွန်တော်တို့လုပ်ပေးနိုင်တာတစ်ခုကတော့ LGBTQ တစ်ယောက်ကို လူထဲကလူလို့သာသတ်မှတ်ပြီး တန်းတူသဘောထားကာ မေတ္တာတရားနဲ့ ဆက်ဆံပေးဖို့ပါပဲ။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ LGBTQ တွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ တခြားလူတွေထက်ပိုပြီး သတိထားရတာအမှန်ပါပဲ။ အထူးသဖြင့် လုပ်ငန်းခွင်လို့ နေရာမျိုးမှာပေါ့။ ကျွန်တော်တို့ဖက်က မေတ္တာတရားရှေ့ထားပြီး အကောင်းဆုံး ပြောဆိုဆက်ဆံပေးချင်ပေမယ့်လည်း တစ်ခါတစ်လေမှာ ဘယ်လိုပြောဆိုရမှန်း၊ ဘယ်လိုခေါ်ရမှန်းမသိတာမျိုးတွေနဲ့ အခက်ကြံနိုင်တာကြောင့် ဒီဆောင်းပါးလေးကို Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။ LGBTQ လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ကြုံလာခဲ့ရင် သူတို့ကို supporting အပြည့်အဝပေးတယ်ဆိုတာ သိသာစေဖို့အတွက် ဒီလိုကျင့်ကြံနေထိုင်ပါတဲ့။

READ
အိမ်မွေးတိရစ္ဆာန်လေးတွေကပေးတဲ့ အကျိုးကျေးဇူး(၅)ခု
Freepik-rawpixels

(၁) အရင်ဆုံး သူ့ပုံစံက ဘယ်လိုပဲ LGBTQ တစ်ယောက်ဆိုတာ သေချာနေပါစေဦးတော့။ သူကိုယ်တိုင်မပြောမချင်း ကိုယ်ကစတင်ပြီး ဘယ်တော့မှမမေးပါနဲ့။ ဒါဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စကိုဝင်စွက်ဖက်ရာကျသလိုပဲ တော်တော်လေးလည်း ရိုင်းစိုင်းတဲ့အပြုအမူမျိုးပါ။ သူ့ဖက်ကဒီကိစ္စနဲ့ပတ်သက်ပြီး မပြောလာမချင်း မသိဖာသာပဲနေပေးရပါမယ်။

(၂) အရေးအကြီးဆုံးကတော့ အခေါ်အဝေါ်ပါပဲ။ နာမ်စားသုံးနှုန်းတာကို တချို့ကကြိုက်ချင်မှ ကြိုက်တတ်ကြတာပါ။ ဒါကြောင့် ဖော်ရွေစွာမိတ်ဆက်ပြီးတဲ့ချိန်မှာပဲ တစ်ခါတည်း ရင်းနှီးတဲ့သူတွေကဘယ်လိုခေါ်လဲလို့ တန်းမေးနိုင်ပါတယ်။ သူ့ဖက်က အဖြေတစ်ခုပြောလာပြီဆိုတာနဲ့တပြိုင်နက် အဲဒီလိုတန်းခေါ်ပြီး ကျန်တဲ့စကားတွေကို ဆက်ပြောပေးလိုက်ပါ။ ဒါမှလည်း တစ်မျိုးကြီးဖြစ်မနေတော့မှာလေ။

Freepik-user12150432
Freepik-freepik

(၃) ဘယ်လိုပေါင်းသင်းရမယ်မှန်းမသိသေးလို့ ရှိးတို့ရှန်းတန်းဖြစ်ကာ ရှောင်နေတာတို့၊ မခေါ်တာတို့ မလုပ်ပါနဲ့။ LGBTQ တစ်ဦး လုပ်ဖော်ကိုင်ဖက်အဖြစ် ရောက်လာခဲ့ပြီဆိုရင် ကိုယ်ကအရင်ဦးစွာ ပြုံပြပါ၊ နှုတ်ဆက်ပါ၊ မိတ်ဆက်ပါ။ ဆိုလိုတာ ဒီလုပ်ငန်းပတ်ဝန်းကျင်က တစ်ဦးတစ်ယောက်ချင်းစီတိုင်းက သူ့အပေါ်မှာနွေးထွေးတယ်ဆိုတာ သိသာအောင်ပြပေးပါ။ Pride Month တို့လို LGBTQ နဲ့ပတ်သက်တဲ့ အခမ်းအနားတွေ၊ နေ့ထူးနေ့မြတ်တွေရှိရင်လည်း ရုံးခန်းမှာ သာမန်ကျွန်တော်တို့လုပ်နေကျ နေ့ထူးနေ့မြတ်တွေပုံစံအတိုင်း မုန့်စားတာတို့၊ ရုံးခန်းတွင်းအလှဆင်တာတို့ ပြုလုပ်ပေးပါ။

READ
ဗိသုကာပညာရှင်နဲ့ တွေ့ပြီးနောက် ဘ၀ပြောင်းသွားခဲ့တဲ့ ဘိလပ်မြေစက်ရုံဟောင်းကြီး 

(၄) ကိုယ်ကတော့ LGBTQ ကို လက်ခံပေမယ့်လို့ လုပ်ငန်းခွင်မှာရှိသမျှလူတိုင်းဟာ လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါကြောင့် နောက်ထပ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မသိလို့ဖြစ်စေ၊ သိသိလျက်နဲ့ဖြစ်စေ၊ LGBTQ နဲ့ပတ်သက်ပြီး လှောင်ပြောင်ရယ်မောတာ၊ ခွဲခြားဆက်ဆံတာမျိုးတွေ့ခဲ့ရင် တားဆီးနိုင်တဲ့သူဖြစ်ပါစေ။ စကားနဲ့ဟန့်လိုက်တာဟာ ကိုယ့်အတွက် ဘာအားမှ မထုတ်လိုက်ရပေမယ့်လို့ LGBTQ လုပ်ဖော်ကိုင်ဖက်ရဲ့စိတ်ထဲမှာတော့ အလင်းတန်းလေးတစ်ခုဖြစ်ပေါ်သွားပါလိမ့်မယ်။

Penny

SHARE