ဘော်ဒီတစ်ခုလုံးကို သားရေနဲ့ ပြုလုပ်ထားတဲ့ HP ရဲ့ Folio လက်ပ်တော့

အမေရိကန် နည်းပညာကုမ္ပဏီ Hewlett-Packard ကနေ Spectre Folio လို့ အမည်ပေးထားတဲ့ လက်ပ်တော့ အမျိုးအစားသစ်တစ်ခု ထွက်ရှိလာပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ပေမယ့် နောက်ဆုံးပေါ် လက်ပ်တော့တွေထက် သာလွန်လားဆိုတော့..

The Verge

လက်ပ်တော့ကို တစ်ဆုံးခေါက်ချလို့ရတဲ့ ၃၆၀ ဒီဂရီ hinge ပါလို့လည်း မဟုတ်ပါဘူး။ MacBook နဲ့ တူလို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လက်ပ်တော့ကနေ တက်ဘလက်အနေနဲ့ပါ ပြောင်းလဲအသုံးပြုလို့တော့ရတဲ့ device တစ်မျိုးဖြစ်ပါတယ်။ ဒီဇိုင်းကိုလည်း ဘယ်လက်ပ်တော့မှာမှ မထုတ်ရသေးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက်လည်း ထူခြားတဲ့ လက်ပ်တော့တစ်ခုအနေနဲ့ ဈေးကွက်ထဲမှာ နာမည်ကြီးလာတာပါ။

The Verge

ဘယ်လိုထူးခြားလဲဆိုရင်တော့ Spectre Folio လက်ပ်တော့ရဲ့ ကိုယ်ထည်တစ်ခုလုံးကို သားရေနဲ့ ဖုံးထားတာဖြစ်ပါတယ်။ တခြားလက်ပ်တော့တွေထက် ထူးခြားသွားစေတဲ့ အချက်ကတော့ သားရေကိုမှ တကယ့်သားရေအစစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။

READ
အစားအစာတွေကို ပန်းကန်နဲ့မချပဲ iPadတွေနဲ့ချပေးတဲ့ စားသောက်ဆိုင်

သားရေဖုံးထားတဲ့ ဒီဇိုင်းကလည်း အပြင်ကနေ ကာဗာအနေနဲ့ပဲ တပ်ဆင်ပေးထားတာ မဟုတ်ပါဘူး။ အတွင်းဘက်က သတ္တုကိုယ်ထည်နဲ့ တစ်ဆက်တည်း ပေါင်းစပ်ထားတာဖြစ်ပါတယ်။ HP ကုမ္ပဏီကတော့ သုံးထားတဲ့ သားရေဟာ အဝတ်အစားတွေနဲ့ အခြားသားရေပစ္စည်းတွေ ပြုလုပ်ရာကနေ ရရှိတဲ့ တကယ့်သားရေ အစစ်စတွေဖြစ်တယ်လို့ ဆိုပါတယ်။

The Verge

သားရေအရောင်ကြောင့် ကြည့်လိုက်တာနဲ့ အခြားလက်ပ်တော့တွေထက် ထူးခြားတဲ့ ဒီဇိုင်းကို ထင်းခနဲ သတိထားမိစေမှာပါ။ အသုံးပြုသူအတွက်လည်း သာမန်လက်ပ်တော့တွေ ကိုင်ရသလို သတ္တုကိုယ်ထည် မာမာကို ကိုင်စရာမလိုတော့ဘဲ နူးညံ့တဲ့ သားရေနဲ့ လက်ပ်တော့ရဲ့ အတွေ့အကြုံသစ်ကို ခံစားရမှာဖြစ်ပါတယ်။ သားရေကတော့ ထူပြီး အလေးချိန်လည်း စီးတဲ့အတွက် လက်ပ်တော့အလေးချိန်ကတော့ ၃.၂၆ ပေါင်ဖြစ်ပါတယ်။

The Verge

လက်ပ်တော့အနေနဲ့ရော tent ပုံစံခေါက်ပြီး တက်ဘလတ်အနေနဲ့ရော ၂ မျိုးအသုံးပြုနိုင်ပါတယ်။ Processor ကတော့ Intel Core i5  သို့မဟုတ် Core i7 Y-series ကို သုံးထားမှာပါ။ RAM က 8 GB သို့မဟုတ် 16 GB အနေနဲ့ ရရှိနိုင်မှာပါ။ Y-Series chip ကို ထည့်သွင်းထားတဲ့ အားသာချက်ကတော့ ဘက်ထရီသက်တမ်း အလွန်ကောင်းတာဖြစ်ပါတယ်။ အားမသွင်းထားဘဲနဲ့ တစ်နေ့လုံးသုံးလို့ရတဲ့အထိပါ။

READ
ရန်ကုန်မြို့မှာ စိတ်ဝင်စားစရာ Chatbotများကို ဖန်တီးတော့မယ့် Chatbot Hackathon

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၉၉ ဒေါ်လာဖြစ်ပါတယ်။

Ref: The Verge

SHARE