အကောင့်တုတွေနဲ့ ပတ်သက်ပြီး ထက်အောင်ရှိုင်း သတိပေး

Image:fb/Htet Aung Shine

မော်ဒယ်မင်းသားချော ထက်အောင်ရှိုင်း ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ပါးချိုင့်လှလှလေးတွေကို ပိုင်ဆိုင်ထားပြီး ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ Body အချိုး အစား ကို ပိုင်ဆိုင်ထားသူပါ။ ထက်အောင်ရှိုင်းကတော့ သူမဟုတ်တဲ့ အကောင့်တုတွေ အတွက် စိတ်အနှောင့်အယှက်ဖြစ် နေရပါတယ်။ သူတကယ်သုံးတဲ့ အကောင့်က တစ်ခု တည်းသာရှိပြီး ကျန်တဲ့ အကောင့်တွေက သူ့အကောင့် မဟုတ်လို့ မယုံကြဖို့ ကိုလည်း ပြောထားပါတယ်။

Image:fb/Htet Aung Shine
Image:fb/Htet Aung Shine

အကောင့်တုတွေက မိန်းကလေးတွေကို သူပါဆိုပြီး လိုက်လိမ်နေပေမယ့် နောက်ပိုင်းမှာ Ph no တွေ တောင်း လူခြင်း တွေ့ဖို့ တွေပါ ပြောလာတော့ သူ့ဘက်က ဆက်ပြီး ငြိမ်နေလို့ မဖြစ်တော့လို့ ထုတ်ပြောရတာပါလို့ ပြော ထား ပါတယ်။အကောင့်တုတွေကြောင့်ဖြစ်လာတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း တာဝန်မယူဘူးလို့ ပြောခဲ့ပါတယ်။

Image:fb/Htet Aung Shine
Image:fb/Htet Aung Shine

“report plz..
ကျနော့နာမည် ကျနော့ဓာတ်ပုံနဲ့အကောင့်အတုဖွင့်ပီး မိန်းကလေးတော်တော်များများကိုကျနော်ပါလို့လိမ်ပီးလိုက်ကြောင်နေပါတယ်.. အစက အကောင့်အတုပဲကြာရင်ပျောက်သွားပါလိမ့်မယ်ဆိုပီး ဘာမှမပြောပဲနေနေတာ.. အခုက ဖုန်းနံပါတ်တွေ viberတွေပါပေးပီး အပြင်မှာတွေ့ဖို့တွေပါချိန်းတာတော့ စောက်ရမ်းလွန်သွားပီဗျာ.. တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ်.
ကျနော်ဒီအကောင့် တစ်ခုတည်းသုံးပါတယ်..ဝမ်းတွေ တူးတွေလည်းမရှိပါဘူး ကျန်တဲ့တစ်ခြားမည်သည့်fake accမှ ကျနော်နှင့်မသက်ဆိုင်ပါ တာဝန်မယူပါ..” ဆိုပြီး တင်ထားပါတယ်။

READ
Maybelline ပွဲသို့ တက်ရောက်လာတဲ့ ၀တ်မှုံရွှေရည်
Image:fb/Htet Aung Shine
Image:fb/Htet Aung Shine

ထက်အောင်ရှိုင်းကတော့ Tik Tok မှာဆိုရင်လည်း  အရမ်းကို ရေပန်းစားပါတယ်။ သူ့ရဲ့ Tik Tok ဗီဒီယိုဖိုင် လေးတွေကို ဆိုရင် အရမ်းကို နာမည်ကြီးပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးမှာလည်း ပါဝင်ထားသူပါ။သူပါဝင်ထားတဲ့ ပုရိသ ရုပ်ရှင်ကားကိုတော့ လက်တလော ရုံတင်ပြသလျက်ရှိပါတယ်။

Image:fb/Htet Aung Shine
Image:fb/Htet Aung Shine

Source : ထက်အောင်ရှိုင်း

SHARE