Miss Universe Myanmar ပြိုင်ပွဲကို ဝှီးချဲနဲ့ အရောက်လာပြီး အကဲဖြတ်ပေးခဲ့တဲ့ ထက်ထက်ထွန်း

၂၀၁၆ ခုနှစ်ရဲ့ Miss Universe Myanmar တစ်ယောက်ဖြစ်ခဲ့တဲ့ ထက်ထက်ထွန်းကတော့  ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပရိသတ်တွေကြားမှာ ပိုပြီးတော့ လူသိများလာခဲ့တာဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတာဖြစ်ပြီး Miss Universe Myanmar ပြိုင်ပွဲကိုလည်း အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

facebook
facebook
facebook

ထက်ထက်ထွန်းကတော့ မေလ ၂၄ ရက်နေ့က “အပေးအယူ” ရုပ်ရှင်ကား အတွက် ရိုက်ကူးနေစဉ်မှာ ခြေထောက်ကို ဒဏ်ရာရရှိခဲ့တာကြောင့် Miss Universe Myanmar ပြိုင်ပွဲကို ဝှီးချဲနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ အနီရောင်ပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်နေလွန်းပါတယ်။

facebook
facebook
facebook

သူ့ရဲ့ ကျန်းမာရေးအတွက် စိတ်ပူပေးကြတဲ့ ပရိသတ် အယောက်စီတိုင်းနဲ့ သတင်းမီဒီယာတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ထက်ထက်ထွန်းက ဖေစ်ဘုတ်မှာ ပြောပေးထားပါသေးတယ်။ ထက်ထက်ထွန်း အမြန်ဆုံး သက်သာလာဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
The Weeknd ရဲ့သီချင်းတွေကို ပစ်ပစ်နှစ်နှစ် ဝေဖန်လိုက်တဲ့ ဂျက်စတင်ဘီဘာ
facebook
facebook
facebook

SOurce: Htet Htet Htun

SHARE