၁၆-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဖယ်လိုင်နီ။                ။ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပုံစံကောင်းတွေ ရနေတဲ့ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ဇန်န၀ါရီ အပြောင်းအရွှေ့ကာလအတွင်း ရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဆိုးလ်ရှားက သူ့ရဲ့ လျင်မြန်မှု အသားပေးတဲ့ မန်ယူအသင်းရဲ့ ကစားကွက်မှာ ဖယ်လိုင်နီအတွက် နေရာမရှိကြောင်း အသင်းတာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ စီးရီးအေကလပ် အေစီမီလန်၊ ပေါ်တူဂီကလပ် ပေါ်တိုနဲ့ တရုတ်စူပါလိဂ် ကလပ်တွေက ဖယ်လိုင်နီကို ခေါ်ယူဖို့ စော့င်ကြည့်နေကြတယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

အယ်လီဂရီ။               ။ ယနေ့ည မြန်မာစံတော်ချိန် (၁၂)နာရီမှာ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ရဲ့ Supercoppa Italiana  ဖလားပွဲနဲ့ ပတ်သတ်ပြီး ဂျူဗင်တပ် နည်းပြ အယ်လီဂရီက ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် တွေအတွက် အကောင်းဆုံးလေ့ကျင့်မှု ဖြစ်တယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ စီးရီးအေနဲ့ ရှုံးထွက်ဖလားတွေကို ပြီးခဲ့တဲ့ (၃)နှစ်ဆက်တိုင်က ရယူနိုင်ခဲ့ပေမယ့် Supercoppa Italiana ပြီးခဲ့တဲ့ (၄)နှစ်အတွင်း တစ်ကြိမ်သာ ရယူနိုင်ခဲ့ပါတယ်။ အယ်လီဂရီက “ ကျွန်တော့်ရဲ့ အဓိက မျှော်လင့်ချက်ကတော့ အချိန်ပိုအထိ မရောက်ပဲ ပွဲချိန်မိနစ်(၉၀)အတွင်း အနိုင်ယူဖို့ပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်အတွက် အကောင်းဆုံး လေ့ကျင့်မှု ဖြစ်လာမှာပါ ” လို့ မီဒီယာတွေကို ပြောကြား ခဲ့တာပါ။

Football365

မော်ရင်ဟို။                ။ ယခုနှစ် ဘောလုံးရာသီအကုန်မှာ ကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ ဂိုးသမားပီတာချက်အတွက် ချယ်လ်ဆီးအသင်းမှာ ချက်ရဲ့ နည်းပြဖြစ်ခဲ့ဖူးတဲ့ မော်ရင်ဟိုက ဂုဏ် ပြုစကား ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက “ပီတာချက်လို ဂိုးသမားမျိုးကို ပရီးမီယားလိဂ်မှာ နံပါတ်တစ် ဂိုးသမားနေရာပေးပြီး စင်တင်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ သူ့ရဲ့ စွမ်းဆောင်မှုတွေ၊ ပေးဂိုးမဲ့ မှတ်တမ်းတွေ၊ ဆုဖလားတွေ၊ ပရော်ဖက်ရှင်နယ် ဆန်မှုတွေအားလုံးဟာ အရမ်းအံ့သြဖို့ ကောင်းပါတယ်။ ဘောလုံးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပေမယ့် ပီတာချက် စွမ်းဆောင်ခဲ့တာတွေကိုတော့ ဘောလုံး သမိုင်းထဲက ဖျော်ဖျက်ပစ်လို့ရမှာ မဟုတ်ပါဘူး” လို့ ချီးကျူးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးပရိသတ် အတော်များများက မော်ရင်ဟိုဟာ ပီတာချက်ကို ချီးကျူးသလိုလိုနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော် သွားတာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

READ
၆-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာစီလိုနာ။               ။ ဘာစီလိုနာအသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲဝင် ဖရန့််ဖတ်အသင်းရဲ့ တိုက်စစ်ကစား သမား လူကာဂျိုဗစ်ကို ယူရို(၃၅)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြ ပါတယ်။ ဆာဘီးယားလက်ရွေးစင် ကစားသမားဂျိုဗစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒစ်လီဂါ(၁၅)ပွဲကစား (၁၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၄)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အထွေထွေ မန်နေဂျာ ပက်ပ်ဆီဂူရာကတော့ ဂျိုဗစ်ကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းနေပြီး ရက်ပိုင်းအတွင်း ဂျိုဗစ်ရဲ့ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းသွားဖွယ်ရှိကြောင်းလည်း သိရပါတယ်။

အာဆင်နယ်။             ။ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အရန်ခုံထိုင်နေရတဲ့ ကိုလံဘီ ယာကွင်းလယ်လူ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို (၆)လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလိပ်မီဒီယာ တွေက ဖော်ပြခဲ့ကြပါတယ်။။ ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်အသင်းကနေ ဘိုင်ယန်အသင်းကို (၂)နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ဘိုင်ယန်နဲ့ အငှားစာချုပ်ကလည်း နောက်ဆုံး(၆)လအတွင်း ရောက်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းသာ ရိုဒရီဂွက်ဇ်ကို (၆)လအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရင် ပေါင်(၃)သန်းသာ ပေးချေရမယ်လို့လည်း သိရပါတယ်။

မီလီတာအို။               ။ ပရီးမီယားလိဂ်ထိပ်သီး အသင်းအများစုက စိတ်ဝင်စားနေတဲ့ ပေါ်တိုနောက်ခံလူ မီလီတာအိုဟာ စပိန်လာလီဂါထက် အင်္ဂလိပ်ပရီးမီယားလိဂ်ကို ပြောင်းရွှေ့ဖို့ ပိုမိုစိတ်အား ထက်သန်နေ ကြောင်း ပေါ်တူဂီသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အသက်(၂၀)အရွယ် ဘရာဇီးလ်နောက်ခံလူ မီလီတာအိုကို ပရီးမီယားလိဂ်က လီဗာပူးလ်၊ အဲဗာတန်၊ မန်ယူ အသင်းတွေက  စိတ်ဝင်စားနေသလို စပိန်ထိပ် သီးရီးရဲလ်ကလည်း အသင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပေါ်တိုအသင်းနဲ့ (၂၀၂၃)ခုနှစ်အထိ ကာလ ရှည်စာချုပ် ချုပ်ဆိုထားတဲ့ မီလီတာအိုဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့အတွက် ရီးရဲလ်အသင်းက ကမ်း လှမ်းခဲ့ရင်တောင်မှ ပယ်ချဖို့ အသင့်ရှိနေတယ်လို့လည်း သိရပါတယ်။

READ
ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းရဲ့ ထိပ်ဆုံးကနေ ဆင်းပေးလိုက်ရတဲ့ ရော်နယ်ဒို

 

ကူစီဒီနီ။                             ။ ရာသီကုန်မှာ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ ပီတာချက်နဲ့ ချယ်လ်ဆီအသင်း မှာ အသင်းဖော်ဖြစ်ခဲ့ဖူးသူ ဂိုးသမား ကူစီဒီနီက တွစ်တာပေါ်မှာ ဂုဏ်ပြုတဲ့ ပို့စ်တင်ခဲ့ရာမှာ ဘောလုံးပရိသတ် ကြား အထူးရေပန်းစားလျှက်ရှိကြောင်း သိရပါတယ်။ ကူစီဒီနီဟာ (၂၀၀၀-၀၁)ရာသီက စတင်ပြီး ချယ်လ်ဆီး အသင်းရဲ့ နံပါတ်(၁)ဂိုးသမားဖြစ်ခဲ့ပေမယ့် ပီတာချက်ရောက်လာတဲ့ (၂၀၀၄-၀၅)ရာသီကစပြီး အရန်ခုံပေါ်မှာ ထိုင်ခဲ့ရတာပါ။ ကူစီဒီနီက “ PC1 (ပီတာချက်)ရေ .. ချယ်လ်ဆီးဂန္တ၀င်အသင်းမှာ ငါ့အတွက် ပွဲထွက်ခွင့်များများရဖို့ နောက်ထပ် နှစ်နည်းနည်း ထပ်ကစားပြီးမှ အနားယူပါလား။ နံပါတ်(၁)ဂျာစီကို အပြိုင်လှ ဖို့ ငါအသင့်ရှိနေတယ်နော်။ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀အတွက် ဂုဏ်ယူမိသလို အနာဂတ် မှာလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ အတိတ်က ဖြစ်ရပ်တွေကို အခြေခံပြီး ဂုဏ်ပြု စကား ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

Ref : DailyMail , Goal.com , BBC Sports

SHARE