Apple ထုတ်ကုန်တစ်ခုဖြစ်တဲ့ iPad ကြီးအသုံးပြုနေတာမိသွားခဲ့တဲ့ Huawei CEO

Website-Apple, Huawei

Huawei နဲ့ Apple တို့ ဟာ နည်းပညာနဲ့ ဖုန်းဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်နေခဲ့ကြတာ နှစ်အတော်ကြာနေခဲ့ပါပြီ။ နောက်ပြီး နည်းပညာ၊ ဒီဇိုင်းပိုင်းကို ခိုးချတယ်ဘာညာစတဲ့ စွပ်စွဲချက်တွေဟာလည်း မပါမဖြစ်ပေါ့။ ဆိုလိုတာ ဒီလို တစ်ဦးနဲ့တစ်ဦးကြား ကတောက်ကဆတွေ ဖြစ်နေခဲ့ရင် သို့မဟုတ် ကိုယ့်ကုမ္ပဏီမှာလည်း ဒီပစ္စည်းရှိရဲ့သားနဲ့ ပြိုင်ဖက်ကုမ္ပဏီတစ်ခုက ပစ္စည်းကိုအစားထိုးသုံးတယ်ဆိုတာမျိုးက တော်ရုံဘယ်သူမှ လုပ်ကြလောက်မယ် မထင်မိပါဘူးနော်။ ဒါပေမဲ့ Huawei CEO က တော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။

Website-Huawei

Next Shark ရဲ့ ဖော်ပြချက်အရ Huawei ရဲ့ CEO Ren Zhengfei ဟာ i series တွေထုတ်တဲ့ Apple ကုမ္ပဏီရဲ့ ပစ္စည်းတွေရဲ့ပရိတ်သတ်လားမသိပါဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ CEO တစ်ယောက် အလုပ်ကိစ္စနဲ့ခရီးသွားပြီး တရုတ်နိုင်ငံထဲ ပြန်ဝင်လာခဲ့ပါတယ်။ လေဆိပ်မှာဆိုတော့သိတဲ့အတိုင်း အယုတ်၊အလတ်၊အမြတ်မရွေး လုံခြုံရေးအရ ပါလာသမျှပစ္စည်းတွေအားလုံးကို စစ်ဆေးမှုပြုခဲ့ရပါတယ်။ Hand-carry လို့ခေါ်တဲ့ လက်ကကိုင်ပြီး သယ်လာတဲ့ CEO ရဲ့ အထုပ်ကိုလည်း လေဆိပ်ဝန်ထမ်းကောင်မလေးက တာဝန်အရ ပစ္စည်းတွေကုန်ထုတ်ကာ စစ်ဆေးခဲ့ပါတယ်။

READ
သြစတေးလျ Facebook သုံးသူများ၊ Like အရေအတွက်များကို မြင်တွေ့ရတော့မည်မဟုတ်

အဲဒီအချိန် အိတ်ထဲက ပစ္စည်းတချို့ထဲမှာ Huawei ထုတ်ကုန်မဟုတ်တဲ tablet တစ်လုံးပါလာခဲ့ပါတယ်။ အဲဒီ tablet က Apple ကနေထုတ်တဲ့ iPad ဖြစ်လို့နေမှန်း ဓာတ်ပုံထဲမှာ ထင်းထင်းကြီးမြင်ရမှာပါနော်။

Weibo/Ren

Huawei CEO ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက Apple နဲ့ပတ်သက်ပြီး ချီးကျုးစကားတစ်ခု ဆိုထားခဲ့ပါသေးတယ်။ သူ့ရဲ့သားသမီးတွေက Huawei ထက်စာရင် Apple product တွေကို ပိုကြိုက်ကြပါတယ်တဲ့လေ။ မနှစ်က Huawei လုပ်ငန်းစုရဲ့ သမီးကြီး Men Wanzhou တစ်ယောက် ကနေဒါမှာအဖမ်းခံခဲ့ရတုန်းကလည်း သူမရဲ့လက်ထဲ iPhone, iPad နဲ့ MacBook တို့ကို တစ်ပါတည်း ထိန်းသိမ်းမိခဲ့ပါတယ်တဲ့။

ဒီလို ပြိုင်ဖက်ကုမ္ပဏီတစ်ခုက ပစ္စည်းတွေကို အသုံးပြုကြတဲ့အပေါ် Huawei CEO ကတော့ သူတို့အနေနဲ့ Huawei ကို မကြိုက်လို့၊ ထုတ်ကုန်တွေကမကောင်းလို့မဟုတ်ဘဲနဲ့ Apple ပစ္စည်းတွေဟာ နိုင်ငံခြားစီးပွားရေးနယ်ပယ်မှာ လုပ်ငန်းပိုင်ဆိုင်ရာအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာကြောင့် လိုက်အသုံးပြုကြတာပါလို့တော့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ဖူးပါတယ်။

READ
လိင်မှုဆိုင်ရာ ကျွမ်းကျင်သင်တန်းဖွင့်ခဲ့တဲ့ ရုရှ(၁၀)ဦးကို ထိုင်းရဲဖမ်းဆီးထိန်းသိမ်း

Penny

SHARE