Apple ကို တန်ပြန်လက်တုံ့ပြန်တဲ့ကိစ္စမျိုး လက်မခံဘူးလို့ ပြောလိုက်တဲ့ Huawei 

Huawei Technologies ရဲ့ တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရန်ကျန်းဖေးက Apple Inc ကို လက်တုံ့ပြန်ဆန့်ကျင်မယ့်ကိစ္စမျိုး ပေါ်ပေါက်နိုင်ဖွယ် အလားအလာမရှိကြောင်း ဆိုလိုက်ပါတယ်။ ရန်ကျန်းဖေးက သူဟာ iPhone ကိုဆန့်ကျင်တဲ့ တရုတ်လှုပ်ရှားမှုမှန်သမျှကို သဘောမတူကြောင်း Bloomberg သတင်းဌာနကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

World Techpedia

တရုတ်နိုင်ငံထဲမှာရှိတဲ့ တရုတ်ပြည်သားအချို့က Apple ကိုဆန့်ကျင်ဖို့ ပြောဆိုကြပေမယ့် ရန်ကတော့ သူ့အနေနဲ့ ဆန့်ကျင်မှာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ Apple ကို တရုတ်က လက်တုံ့ပြန်တယ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊ တကယ်လို့ ဖြစ်လာတယ်ဆိုရင်လည်း ကျွန်တော်ကတော့ ဦးဆုံးဆန္ဒပြတဲ့သူ ဖြစ်လာလိမ့်မယ်လို့ Bloomberg နဲ့ အင်တာဗျူးမှာ ဖြေထားတာပါ။

menafn

ဒါ့အပြင် သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ Huawei ကို နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးနေတယ်လို့ ဆိုခဲ့ပြီး ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းလောကနဲ့ 5G နည်းပညာမှာ ရှေ့ဆက်သွားဖို့အတွက် ချစ်ပ်တွေကို ကိုယ်တိုင်ထုတ်လုပ်တာပဲ ဖြစ်စေ၊ အခြားသူတွေက မှာယူတာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။

READ
Sexyဓာတ်ပုံတွေကြောင့်အလုပ်ကနေနှုတ်ထွက်ဖို့ ဖိအားပေးခံရတဲ့နေ့ကလေးထိန်းဆရာမ

လင်းလင်း (ShweMom)

Ref: asiaone

SHARE