နိုင်ငံတကာမှာ တန်းစီပြီးတောင် Pre-Order ၀ယ်နေကြရတဲ့ Huawei ရဲ့အမိုက်စား Mate 20 Series အသစ်

အံ့သြမှင်သက်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ Huawei ရဲ့ Mate 20 series အသစ်ဟာ မကြာခင်အချိန်မှာပဲ ဈေးကွက်အတွင်းကို ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Pre-order မှာယူဖို့အတွက် မနက်(၆)နာရီတည်းက တန်းစီစောင့်ဆိုင်းခဲ့ရတဲ့ ဒီ Mate 20 series မှာ Mate 20 နဲ့ Mate 20 Pro ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။

Huawei Mate 20 မှာ (၆.၅)လက်မအရွယ် နှင်းစက်ပုံစံမျက်နှာပြင် ပါဝင်ပြီး Huawei Mate 20 Pro မှာတော့ (၆.၃၉)လက်မအရွယ် OLED full view မျက်နှာပြင် ပါဝင်မှာ ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ ရှုထောင့်ကို ရိုက်ကူးနိုင်စေမယ့် Leica မှန်ဘီလူးကင်မရာသုံးခု၊ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မယ့် ဘက်ထရီတို့ ပါဝင်ပြီး Fast Charging နဲ့ Super Charging စနစ်တို့ ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ချီးမွမ်းခံရတဲ့ နောက်ဆုံးပေါ် Flagship ထုတ်ကုန်ဖြစ်တာနဲ့အညီ စမတ်ဖုန်းကို အသုံးပြုပြီး ပရော်ဖက်ရှင်နယ်ဓာတ်ပုံ ရိုက်ကူးနိုင်ရန်အတွက် Leica Ultra-Wide Angle Lens ကို ထည့်သွင်းထားပါတယ်။ Mate 20 Pro မှာ 40 MP wide angle ၊ 20 MP ultra-wide angle နဲ့ 3x Telephoto ရိုက်ကူးနိုင်တဲ့ 8 MP ရှိ အနောက်ဘက်ကင်မရာတို့ ပါဝင်ထားသလို Huawei Mate 20 မှာတော့ 16 MP ultra-wide angle၊ 12 MP  wide angle နဲ့ 2x Telephoto ရိုက်ကူးနိုင်တဲ့ 8 MP ရှိ အနောက်ဘက် ကင်မရာတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Mate 20 Pro နဲ့ Mate 20 တို့ နှစ်မျိုးစလုံးမှာ ရှေ့ကင်မရာ 24 MP ထည့်သွင်းပေးထားပါသေးတယ်။

READ
ဆံပင်ပါးလို့ စိတ်ညစ်နေရတဲ့ ကောင်မလေးတွေအတွက် နည်းလမ်းကောင်းများ

Mate 20 Pro ရဲ့ ဘက်ထရီလုပ်ဆောင်ချက်အပိုင်းမှာတော့ 40W Huawei Supercharge နည်းပညာအသစ်နဲ့ ဖုန်းလောကရဲ့ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် 15W ကြိုးမဲ့အမြန်အားသွင်းခြင်းတို့ ပါဝင်တဲ့အပြင် 4200 mAh ပါဝင်တဲ့အတွက် ဘက်ထရီအနေနဲ့လည်း တော်တော်လေး ကြီးမားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းအသစ်ရဲ့ အားသွင်းစနစ်ကတော့  Real Game-Changer ဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ်ကို ပံ့ပိုးထားတဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်များမှာ Power Bank တစ်လုံးလိုပဲ အသုံးပြုနိုင်မှာဖြစ်သလို Wireless Reverse Charge စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Mate 20 ရဲ့ ဘက်ထရီသက်တမ်းကတော့ 4000 mAh ရှိပြီး 22.5W ရှိ Huawei Supercharge ကို ထည့်သွင်းပေးထားပါတယ်။

မမ်မိုရီအပိုင်းမှာတော့ Mate 20 Pro ရော Mate 20 မှာပါ RAM 6 GB နဲ့ ROM 128 GB တို့ တူညီစွာ ပါဝင်ကြပါတယ်။ ဖုန်းတစ်လုံးရဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ Unlocking စနစ်ကို ပြောရမယ်ဆိုရင်တော့ Mate 20 Pro မှာ 3D Face Unlock Advanced Facial Recognition နှင့် 3D Depth sensing တို့ ပါဝင်တဲ့အတွက် (၀.၅)စက္ကန့်အတွင်းမှာ unlock လုပ်ပေးနိုင်ပါတယ်။ ဥာဏ်ရည်မြင့် Face Unlock အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ AI ရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုထားလို့ နေ့အချိန်မှာရော ညဘက်မှာပါ လျင်မြန်တိကျစွာ Unlock လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်အံ့အားသင့်စရာတစ်ခုကတော့ micro SD card ထက် (၄၅)ရာခိုင်နှုန်း သေးငယ်ပြီး SIM Card နဲ့အတူ slot တစ်ခုတည်းမှာ ထည့်သွင်းအသုံးပြုနိုင်မယ့် ကမ္ဘာ့ပထမဆုံးသော storage media standard ဖြစ်တဲ့ Nano Memory Card ကိုပါ ယခုထွက်ရှိမယ့် Mate 20 series မှာ မိတ်ဆက်ပေးထားပါတယ်။ အရောင်အနေနဲ့ကတော့ Mate 20 Pro ကို ရှားရှားပါးပါး Emerald Green နဲ့ Black အရောင်နှစ်မျိုး ရရှိနိုင်မှာဖြစ်ကာ Mate 20 ကိုတော့ Midnight Blue နဲ့ Twilight အရောင်ဆိုပြီး ရရှိနိုင်မှာပါ။ ဈေးနှုန်းအရတော့ Huawei Mate 20 ကို မြန်မာကျပ်ငွေ ၁,၀၉၉,၀၀၀ နဲ့ ရောင်းချသွားမှာဖြစ်ပြီး Huawei Mate 20 Pro ကိုတော့ မြန်မာကျပ်ငွေ ၁,၄၉၉,၀၀၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

READ
နေ့တိုင်း ကော်ဖီသောက်သင့်တဲ့ အကြောင်းရင်းများ

ဒီလောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ဆန်းသစ်နေတဲ့ Huawei Mate 20 series ကို နိုဝင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၉)ရက်နေ့အထိ Pre-Order ကာလအနေနဲ့ မှာယူနိုင်မှာဖြစ်ပြီး ပထမဆုံးသော အရောင်းပွဲကိုတော့ နိုဝင်ဘာလ(၁၀)ရက်နေ့ Junction City မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် Huawei Mate 20 series ကို ၀ယ်ယူသူ တယ်လီနောဆင်းကဒ် အသုံးပြုသူတွေအနေနဲ့ အပိုဆောင်းလက်ဆောင်တွေကို ရရှိဦးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၀)ရက်နေ့က စတင်ပြီး အသစ်စက်စက် တယ်လီနောအသုံးပြုသူများအတွက် ဖုန်းဘေလ် ၃၀၀၀ကျပ်ဖြည့်တိုင်း Free Data 0.5 GB ၊ ၅၀၀၀ကျပ်ဖြည့်တိုင်း Free Data 1 GB နဲ့ ၁၀၀၀၀ကျပ်ဖြည့်တိုင်း Free Data 2 GB တို့ကို အကြိမ်(၅၀)နဲ့အထက် ရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ တယ်လီနောကို ယခင်တည်းက အသုံးပြုခဲ့မယ်ဆိုရင်တော့ ၁၀၀၀၀ကျပ်ဖိုး ဖုန်းဘေလ်ဖြည့်တိုင်း Free Data 2 GB ကို တစ်လလျှင် (၂)ကြိမ်နဲ့ တစ်နှစ်ဆက်တိုက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

SHARE