ကောလဟာလတွေ ထွက်နေတဲ့အတိုင်း Huawei ရဲ့ OS အသစ် တကယ်ဖြစ်လာခဲ့ပြီ

muhamad mizan bin ngateni/shutterstock

ပြီးခဲ့တဲ့ မေလတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့အစိုးရတို့ဟာ Huawei ကို အမေရိကစီးပွားရေးရဲ့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒီလိုထည့်သွင်းလိုက်ခြင်းအားဖြင့် အမေရိကန်အခြေစိုက် ကုမ္ပဏီများအနေနဲ့ blacklist ထဲက Huawei တို့ ဘယ်လိုမှ အလုပ်အတူတူတွဲလုပ်ဖို့အတွက် အဆင်မပြေကြတော့ပါဘူး။

Ascannio/shutterstock

ဒါကြောင့် အမေရိကန်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Google ဟာ Huawei နဲ့ အကျိုးတူစီးပွားရေးပူးပေါင်းထားရာမှ ခွဲထွက်ရပ်ဆိုင်းခဲ့ပါတယ်။ ဒါကြောင့် လက်တလောမှာတော့ Huawei user တွေအနေနဲ့ Huawei ဖုန်း အသစ်တွေ တွေမှာ open source ကလွဲလို့ တခြား Google နဲ့ ပတ်သက်တဲ့ Gmail တို့၊ Play Store တို့လိုဟာတွေကိုတော့ သုံးလို့မရတော့ဘဲ ရှိနေခဲ့ပါတယ်။ ဒီအပြင် Andriod OS ကိုလည်း Huawei ဘက်က update မလုပ်တော့ပါဘူး။

အဲဒီသတင်းတွေစစထွက်လာတုန်းကတော့ Huawei user တွေအပါအဝင် Huawei နဲ့ အလုပ်တွဲလုပ်နေခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတော်တော်များများ စိုးရိမ်စိတ်တွေ ကြီးစိုးခဲ့ရပါတယ်။ ဒါပေမဲ့လည်း အရှေ့မှာလည်း Huawei အနေနဲ့ ကိုယ်ပိုင် OS ကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်ထားခဲ့ကြတော့ ဒီလိုကိုယ်ပိုင် OS ကိုလည်း စောင့်မျှော်နေကြပါတယ်။

READ
ဆယ်စုနှစ်အတွင်းမှာ မထင်မှတ်လောက်အောင် လုံးဝပြောင်းလဲသွားတဲ့ Emoji များ

နောက်ဆုံးမှာတော့ ဒီကောလဟာလကြီးဟာ တကယ်အသက်ဝင်လာခဲ့ပြီဆိုတာကို အင်္ဂလိပ်ဘာသာနဲ့ တရုတ်ပိုင်သတင်းစာ Global Times မှ ဖော်ပြချက်အရ သိခဲ့ရပါတယ်။ ဒီသတင်းဟာ Huawei နဲ့ အဆက်အဆံကိုဖြတ်တောက်ပစ်လိုက်တဲ့ အမေရိကန်ဖို့လည်း စိတ်လှုပ်ရှားစရာသတင်းတစ်ခုလို့ ယူဆရပါတယ်။ ကိုယ်ပိုင် operating system ကိုတော့ Oak OS လို့ နာမည်ပေးထားတဲ့ပြီး လာမယ့် ၂၀၁၉ ခုနှစ် သြဂုတ် သို့မဟုတ် စက်တင်ဘာလလောက်မှာ launch လုပ်သွားမယ်လို့ သိရပါတယ်။ တရုတ်မှာတော့ HongMeng OS လို့ နာမည်တွင်စေမှာဖြစ်ပြီး နိုင်ငံတကာအတွက်တော့ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း Oak OS လို့သာ အသုံးပြုသွားမှာပါ။

Penny

SHARE