စမတ်ဖုန်းလောကမှာ နာမည်ကြီးနေတဲ့ Huawei ရဲ့ နောက်ဆုံးပေါ် P30 Pro

Huawei ကုမ္ပဏီကတော့ နောက်ဆုံးထွက်ရှိလာတဲ့ P30 Pro စမတ်ဖုန်းက စမတ်ဖုန်းဓာတ်ပုံလောကကို တစ်ခေတ်ဆန်းစေမယ့် ဖုန်းလို့ ကြွေးကြော်ကြေညာလိုက်ပါတယ်။

၂၀၁၉ ရဲ့ နောက်ဆုံးပေါ် ဖုန်းတွေရဲ့ feauture တွေဖြစ်တဲ့ in-display fingerprint scanner ၊ wireless charging တို့ကတော့ မဖြစ်မနေ ပါဝင်ပြီး အခြား feature တွေကိုတော့ အောက်မှာ ဆက်ကြည့်လိုက်ကြရအောင်ပါ။

Tech Radar

P30 Pro ကို Gorilla Glass မှန်သားနဲ့ ဖုန်းကိုယ်ထည်တစ်ခုလုံးကို ပြုလုပ်ထားပြီး wireless အားသွင်းစနစ်ဖြစ်ပါတယ်။ Huawei ကနေ ထွက်ရှိတဲ့ ရေစိုခံဖုန်းလည်း ဖြစ်ပါတယ်။ ဖုန်းအတိုင်းအတာက 158 x 73.4 x 8.4mm ဖြစ်ပါတယ်။ headphone jack ပေါက် မပါရှိတဲ့အတွက် USB-C ကြိုးနဲ့ 3.5mm adapter တို့ကို သုံးရင်သုံး၊ မဟုတ်ရင် wireless headphone သုံးဖို့လိုပါမယ်။

ဆင်းမ်ကတ်အနေနဲ့ nanoSIM နှစ်ခု ထည့်သုံးနိုင်ပါတယ်။ အရောင်တွေကတော့ Amber Sunrise ဆိုတဲ့ လိမ္မော်နဲ့အနီစပ်၊ Breathing Crystal ဆိုတဲ့ အပြာနဲ့ ခရမ်းစပ်၊ Aurora ဆိုတဲ့ နက်ပြာနဲ့ ခရမ်းစပ်၊ ပြီးတော့ အနက်ရောင်၊ စုစုပေါင်း ၄ မျိုး ထုတ်ထားပါတယ်။ Amber Sunrise ကတော့ 512 မော်ဒယ်ဖြစ်ပြီး ကျန်အရောင်တွေကိုတော့ 128GB ဗားရှင်းနဲ့ ရနိုင်ပါတယ်။

READ
မကြိုက်တာခြင်း တူတဲ့သူတွေ အောင်သွယ်ပေးမယ့် Hater Dating App
Tech Radar

မျက်နှာပြင်အရွယ်အစားမှာ ၆.၄၇ လက်မဖြစ်ပြီး 1080 x 2340 HD resolution ဖြစ်ပါတယ်။ အနောက်ကင်မရာ ၄ လုံးပါရှိပြီး zooming အတွက် စွမ်းဆောင်ရည်လည်း မြင့်တယ်ဆိုပြီး နာမည်ကြီးနေပါတယ်။ Night Mode တွေမှာလည်း iPhone နဲ့ Samsung တို့ထက် ပိုသာပါတယ်တဲ့။ ဒါကြောင့်လည်း Huawei က စမတ်ဖုန်းကင်မရာကို တစ်ခေတ်ဆန်းစေမယ်လို့ ကြွေးကြော်ထားခြင်းလည်း ဖြစ်ပါတယ်။

Tech Radar

ဈေးနှုန်းများအနေနဲ့ကတော့ မော်ဒယ်အလိုက် ယူရို ၈၆၀ ကျော်ကနေ ၁၁၀၀ ကျောအထိ ရှိပါတယ်။ ဒီဇိုင်းအနေနဲ့ကတော့ လှ မလှ ပုံတွေထဲမှာသာ ဆက်ကြည့်လိုက်ပါတော့နော်။

Ref: The Verge, Tech Radar

SHARE