မရေရာတဲ့အခြေအနေတွေကြား ဖုန်းသစ်တစ်လုံးကို ထပ်မံမိတ်ဆက်ပြလိုက်တဲ့ Huawei

လတ်တလော စမတ်ဖုန်းလောကမှာ အရှုပ်အထွေးတွေဖြစ်နေတဲ့ Huawei ကုမ္ပဏီဟာ မေလ(၂၁) ရက်နေ့တုန်းက Honor စမတ်ဖုန်းသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ ကုမ္ပဏီထုတ်ဖုန်းတွေကို Google ရဲ့ Android platform ပေါ်မှာ ဖန်တီးရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ အမေရိကန်ကုန်သွယ်ရေးဌာနက အမေရိကန်ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲခွင့်မရှိဘူးဆိုပြီး Huawei ကို ပိတ်ပင်ခဲ့တာကြောင့် Huawei စမတ်ဖုန်းတွေရဲ့ အနာဂတ်ဟာ ရင်လေးစရာ ဖြစ်ခဲ့ပါတယ်။

ExtremeTech

လက်ရှိမှာ အမေရိကန်ဟာ Huawei အပေါ်မှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ယာယီပယ်ဖျက်ထားပြီး သြဂုတ်လ(၁၉) ရက်အထိ အမေရိကန်ထွက်ကုန်တွေကို ၀ယ်ယူခွင့် လိုင်စင်ပေးထားပါတယ်။ ဆိုလိုတာ သြဂုတ်(၁၉) အထိ Huawei ဟာ Gmail နဲ့ YouTube စတာတွေကို အသုံးပြုခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။ လက်ရှိ မိတ်ဆက်ထားတဲ့ Huawei ရဲ့ Honor အမှတ်တံဆိပ်ကတော့ လူငယ်ပိုင်းအတွက် ဦးစားပေးထုတ်လုပ်ထားကြောင်း သိရပါတယ်။

READ
ISIS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကြောင့် မင်းသားလေး ဂျော့ဂ်ျအတွက် လုံခြုံရေး မြှင့်တင်လိုက်ရ
Pocket-lint

နောက်ဆုံးပေါ် Honor 20 Pro မှာတော့ ဖုန်းကျောဖက်မှာ ကင်မရာလေးလုံးပါဝင်မှာပါ။ (၄၈) megapixel အဓိကကင်မရာအပြင် မြင်ကွင်းကျယ်နဲ့ အဝေးက အရာဝတ္ထုတွေကို zoom ချဲ့ရိုက်ကူးနိုင်တဲ့ တယ်လီဖိုတိုမှန်ဘီလူး ပါဝင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းကို ခရမ်းနဲ့ အစိမ်း အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပြီး ဖုန်းကျောပြင်ကတော့ အလင်းပြန်မျက်နှာပြင်ပါ တောက်ပတဲ့ အနက်ရောင်ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ Honor 20 Pro တွေဟာ မကြာခင်မှာ ဈေးကွက်ထဲ ၀င်ရောက်တော့မှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ(၆၉၉/ ၄၉၉ / ၂၉၉) အသီးသီးရှိကြောင်း သိရပါတယ်။ Honor 20 Pro ရဲ့ OS ကတော့ Android 9.0 (Pie) ဖြစ်ပြီး Huawei ကတော့ Honor 20 Pro ဟာ Google ရဲ့ ကန့်သတ်ချက်တွေကနေ လွတ်ကင်းကြောင်းလည်း ကြေညာခဲ့ပါတယ်။

READ
တော်ဝင်မိသားစုထဲ အဓိကမတည့်သူတွေဟာ ကိတ်နဲ့ မီဂန်မဟုတ်ဘူးလို့ ပြောနေကြ

လင်းလင်း (ShweMom)

Ref: reuters

SHARE