Huawei ကို Android အသုံးပြုခွင့် ပြန်လည်ခွင့်ပြုဖို့ရှိနေတဲ့ ထရမ့်ပ်

Instagram/realxijinping

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပခဲ့တဲ့ G20 ထိပ်သီးဆွေးနွေးပွဲအရ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei အပေါ်မှာ နည်းပညာဝယ်ယူအသုံးပြုခွင့် တားဆီးပိတ်ပင်ထားတာတွေ ပယ်ဖျက်ပေးတော့မယ်လို့ ယူဆရပါတယ်။ အစည်းအဝေးမှာတော့ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို မထိခိုက်စေသရွေ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei ကို နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ရောင်းချနိုင်တယ်ဆိုပြီးတော့ ထရမ့်ပ်က ပြောကြားသွားခဲ့တာပါ။ ဒီအကြောင်းတွေကိုတော့ တရုတ်နိုင်ငံရဲ့ နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ South China Morning Post က ဖော်ပြသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထရမ့်ပ်က အမေရိကန်တွင်း နည်းပညာကုမ္ပဏီတွေ အများကြီးရှိတဲ့အထဲမှာ ဘယ်ကုမ္ပဏီကတော့ဖြင့် Huawei ကို နည်းပညာပြန်ရောင်းနိုင်ပြီဆိုပြီး နာမည်တပ် ပြောသွားခဲ့တာတော့ မဟုတ်ပါဘူး။

ထရမ့်ပ်က “ကျွန်တော်တို့ရဲ့ Silicon Valley မှာ ကုမ္ပဏီကြီးတွေ အမြောက်အမြားရှိပါတယ်။ အဲဒီကုမ္ပဏီတွေက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံတွေပေါ်မူတည်ပြီး ရှုပ်ထွေးနက်နဲလှတဲ့ ကိရိယာပစ္စည်းတွေကို ထုတ်လုပ်နေပါတယ်။ အဲဒီပစ္စည်းကိရိယာတွေကို Huawei ဆီ ရောင်းချဖို့ ခွင့်ပြုပါတယ်….” လို့ဆိုခဲ့တာပါ။ Huawei ဟာ ARM လို အမေရိကန် hardware ကုမ္ပဏီနဲ့ စီးပွားကူးသန်းမှု ရပ်ဆိုင်းခဲ့ရတဲ့အပြင် Huwei ဖုန်းတွေအားလုံးမှာပါ Google service အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ပြောကြားသွားပုံနဲ့ ပတ်သက်ပြီး Huawei ထံ မေးမြန်းကြည့်တဲ့အခါမှာတော့ Huawei က အမေရိကန်သမ္မတရဲ့ မှတ်ချက်တွေကို အသိအမှတ်ပြုကြောင်းသာ ပြောသွားခဲ့ပါတယ်။ အစည်းအဝေးမှာတော့ ထရမ့်ပ်က အမေရိကန်ဟာ တရုတ်နဲ့ ဆက်လက်ပူးပေါင်းအလုပ်လုပ်သွားမယ်လို့လည်း ပြောခဲ့တာကြောင့် မကြာခင်မှာတော့ Huawei ဖုန်းတွေမှာ Google Service အသုံးပြုခွင့်ပြန်လည်ရရှိတော့မယ်လို့ ခန့်မှန်းရပါတော့တယ်။

READ
(၄၇)ရက်ကြာ အိမ်သာမသွားလို့ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့တဲ့ တရားခံ

လင်းလင်း (ShweMom)

SHARE