ကိုရီးယားကုမ္ပဏီတစ်ခုနဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ စမတ်မျက်မှန်

Huawei ကုမ္ပဏီက ၎င်းကနေ အသစ်ထွက်ရှိလာတဲ့ P30 Pro စမတ်ဖုန်းမိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာတော့ Huawei ကနေ ထူးခြားတဲ့ အခြားထုတ်ကုန်သစ်တစ်ခုကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။

Huawei က တောင်ကိုရီးယားရဲ့ နာမည်ကျော် luxury မျက်မှန် ကုမ္ပဏီ Gentle Monster နဲ့ ပူးပေါင်းပြီး စမတ်မျက်မှန်ကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ Gentle Monster ကတော့ ထူးခြားတဲ့ မျက်မှန်ဒီဇိုင်းများ၊ အနုပညာပြခန်းတွေကဲ့သို့ ဆွဲဆောင်မှုရှိတဲ့ မျက်မှန် showroom များကြောင့် အာရှတစ်ခွင်မှာ နာမည်ကြီးတဲ့ မျက်မှန် brand ဖြစ်ပါတယ်။

theverge

ပွဲမှာတော့ စမတ်မျက်မှန်ကို Gentle Monster ရဲ့ စီအီးအို ကင်ဟန်ကွတ်က တက်ရောက်မိတ်ဆက်ပေးခဲ့တာပါ။ စမတ်မျက်မှန်ပေမယ့် ကင်မရာထည့်သွင်းမထားတဲ့အတွက် ရိုးရိုးမျက်မှန်နဲ့ ပိုတူပါတယ်။ Huawei နဲ့ GM တို့က ဖက်ရှင်ကျတဲ့ စမတ်မျက်မှန်ဒီဇိုင်းမျိုးဖြစ်အောင် အသားပေးထုတ်လုပ်ထားတဲ့အတွက်ပါ။

READ
စိတ်အနှောက်အယှက်ဖြစ်စေသူတို့ကို Snooze လုပ်လို့ရဖို့ Facebook စီစဉ်နေ
engadget

မျက်မှန်ကိုင်း ၂ ဖက်မှာ စပီကာနဲ့ မိုက်ခ် ပါဝင်ပြီးကာ အသုံးပြုသူတွေက မျက်မှန်ကိုင်းကို ထိလိုက်ပြီး ဖုန်းအဝင်ကောတွေကို ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်နဲ့ ရေစိုခံတဲ့ မှန်တွေကို ထည့်သွင်းပြုလုပ်ထားပြီး အားသွင်းဖို့ကိုတော့ wireless စနစ်နဲ့ ဖြစ်ပါတယ်။ အားသွင်းပုံကတော့ မျက်မှန်ကို မျက်မှန်အိတ်ထဲ ထည့်လိုက်ပြီး အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ 2,200mAh ဘက်ထရီပါရှိပြီး USB-C အပေါက်ပါရှိပါတယ်။

Huawei စမတ်မျက်မှန်ကတော့၂၀၁၉ ရဲ့ ဇွန် သို့မဟုတ် ဇူလိုင်လအတွင်း ထွက်ရှိလာမှာ ဖြစ်ပြီး ဈေးနှုန်းအတိအကျတော့ မသိရှိရသေးပါဘူး။

Ref: The Verge

SHARE