ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Huawei

Shutterstock/ Ascannio

Huawei စမတ်ဖုန်းကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် အချိန်စောင့်ရဦးမှာဖြစ်ကြောင်း ကုမ္ပဏီအကြီးတန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ ရှောင်ရန်းက ဆိုပါတယ်။ ရှောင်ရန်းက ကုမ္ပဏီဟာ အရောင်းပိုင်းမှာ ဒုတိယအကြီးဆုံးကုမ္ပဏီကြီးဖြစ်လာပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ ပထမနေရာထိ ယူနိုင်ဖို့ ခန့်မှန်းထားကြောင်း၊ ဒါပေမယ့် အခုအခါ ကုမ္ပဏီဟာ အမေရိကန်နဲ့ ပြဿနာဖြစ်နေတာကြောင့် အောင်မြင်ဖို့ အချိန်နည်းနည်းတော့ လိုလိမ့်ဦးမယ်ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Huawei ဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်တုန်းက သင်္ဘောနဲ့စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ Apple ကို ကျော်တက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းအရောင်းကုမ္ပဏီကြီးဖြစ်တဲ့ Samsung နေရာကိုပါ အရယူနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

Shutterstock/ viewimage

ဒါပေမယ့်လည်း အမေရိကန်က Huawei ရဲ့ ကမ္ဘာတစ်လွှား 5G ကွန်ယက်ဆက်သွယ်မှုနဲ့ ပတ်သက်လို့ တားမြစ်ပိတ်ပင်ခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေ ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့ အခြားနည်းပညာ ပစ္စည်းအစိတ်အပိုင်းတွေကို ကုန်သွယ်ကူးသန်းခွင့်ပါ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ပ်ကိုယ်တိုင်ကလည်း Huawei ကို blacklist ထဲ ထည့်ထားပြီး အမေရိကန်ကုမ္ပဏီတွေအနေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်မယ်ဆိုရင် အစိုးရဆီက လိုင်စင်အရင်ယူဖို့လိုတယ်ဆိုပြီး အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

READ
တောက်ပနေတဲ့ဝတ်စုံကိုဝတ်ပြီး မိန့်ခွန်းပြောခဲ့တဲ့ သိပ္ပံပညာရှင် နာမည်ကြီးနေ

Huawei ကတော့ သူ့ကုမ္ပဏီထုတ်ပစ္စည်းတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို နည်းပညာနဲ့ ဖောက်ထွင်းဝင်ရောက်နိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို တွင်တွင်ငြင်းဆိုထားပါတယ်။ အမေရိကန်ဟာ Huawei ကို နောက်ဆုံးပေါ်ဖုန်းတွေ ထုတ်လုပ်မှုနှေးကွေးအောင် Huawei နဲ့ အလုပ်တွဲလုပ်နေတဲ့ Silicon Valley က စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်မှာလည်း ဖိအားပေးလျက် ရှိပါတယ်။

Shutterstock/ N.Z.Photography

အမေရိကန်ကုမ္ပဏီကြီးဖြစ်တဲ့ Google ဟာ Android OS ကို Opensource က လွဲလို့ Huawei စမတ်ဖုန်းတွေမှာ အသုံးပြုခွင့်ရပ်စဲတော့မယ်ဆိုပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့(၇.၆၂၀၁၉) တုန်းကလည်း ဖေ့စ်ဘုတ်ကနေပြီး Huawei စမတ်ဖုန်းတွေမှာ WhatsApp နဲ့ Instagram လို apps တွေကို ထည့်သွင်းပေးမှု မကြာခင် ရပ်ဆိုင်းမယ်လို့ ဆိုလိုက်ပါတယ်။

READ
သမီးအရင်း၂ယောက်လုံးကိုဓားဖြင့် ထိုးသတ်ခဲ့တဲ့မိခင်အရင်း

Huawei ကတော့ backup အနေနဲ့ ကိုယ်ပိုင် OS တစ်ခုရှိပြီးဖြစ်ပေမယ့်လည်း တတ်နိုင်ရင်တော့ Microsoft ၊ Google တို့ရဲ့ ပြန်လည်လက်တွဲ လုပ်ကိုင်ချင်တယ်လို့ ဆိုပါတယ်။ လတ်တလော ဖြစ်နေတဲ့ စီးပွားရေးအကြပ်အတည်းတွေနဲ့ ပတ်သက်ပြီး Huawei အမှုဆောင်အရာရှိ ရှောင်ရန်းကတော့ အခုလိုပြဿနာတွေကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကာ အကောင်းဆုံးဖြစ်အောင် ကျော်လွှားသွားမယ်လို့ ဆိုခဲ့ကြောင်း CNN ရဲ့ အဆိုအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE