အိမ်ထဲကို ဖောက်ဝင်ပြီး ၀ိုင်သောက်ခဲ့တဲ့ ဧရာမမိကျောင်းကြီးရဲ့ ဆိုးသွမ်းပုံ

အလျား ၁၁ ပေရှိတဲ့ မိကျောင်းကြီးတစ်ကောင် အိမ်တစ်အိမ်တွင်းကို ဖောက်ဝင်ခဲ့တဲ့ အဖြစ်အပျက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့ သောကြာနေ့ (မေ ၃၁) မနက်အစောပိုင်းက ဖလော်ရီဒါပြည်နယ် ကလီးယားဝါးတာ မြို့ရှိ နေအိမ်တစ်အိမ်ကို  မိကျောင်းကြီးတစ်ကောင်က ပြတင်းပေါက် အနိမ့်က မှန်တွေကို ခွဲပြီး ၀င်ရောက်ခဲ့ပါတယ်။

Clearwater Police Department

မနက် ၃ နာရီ ၀န်းကျင်မှာ ဆူညံသံတွေကြောင့် အိမ်ရှင်ကနိုးလာခဲ့ပြီး ဘာဖြစ်တာလဲ အိမ်အောက်ဆင်းကြည့်တော့မှ မိကျောင်ကြီးဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

အိမ်ရှင်အမျိုးသမီးက သူမရဲ့ အဖြစ်အပျက်ကို Fox13 ကို ပြောပြခဲ့ပြီး မိကျောင်းက ၀ိုင်တွေ သောက်သွားကြောင်း၊ အဲ့ဒီ့နောက် မီးဖိုခန်နဲ့ နံရံတွေကို ဖျက်စီးသွားကြောင်း သိရပါတယ်။

အမျိုးသမီးကတော့ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။ အိမ်မွေး တိရိစ္ဆာန် မရှိတာလည်း ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ အိမ်ရှင်အမျိုးသမီးက ရဲဌာနနဲ့ ထိန်းသိမ်းရေးအဖွဲ့ကို ဖုန်းဆက်ခေါ်ခဲ့ပြီး အဲ့ဒီ့နောက်လာရောက် ခေါ်ဆောင်သွားခဲ့ကြပါတယ်။

READ
ဒူးအဆစ်လွဲသွားတဲ့ ဘောလုံးသမားကို ပြန်တည့်ဖို့ကြိုးစားတဲ့ အသည်းယားစရာမြင်ကွင်း
Clearwater Police Department

Clearwater ရဲဌာနက မိကျောင်းရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ မိကျောင်နဲ့ ရင်ဆိုင် တွေ့ကြုံတဲ့အခါ ထိခိုက်မှု တစ်စုံတစ်ရာမရှိစေဖို့ဆို အလှမ်းတော်တော်အကွာမှာ နေရမယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အနည်ဆုံး ပေ ၄၀ နဲ့ ၅၀ အကွာကို ဆုတ်ပြီး နေရမယ်လို့ ကိုလံဘတ် တိရိစ္ဆာန်ရုံက Jack Hana က ဆိုပါတယ်။ မိကျောင်းတွေက ပေ ၂၀ အကွာလောက် သားကောင်ကို အသာလေး ဖမ်းယူနိုင်ကြောင်လည်း သိရတယ်။

မိကျောင်းကို တိုက်ခိုက်တဲ့အခါမှာလည်း ၄င်းတို့ရဲ့ အနုဆုံးအစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးကို ထိုးနှက်တိုက်ခိုက်မယ်လို့ ကျွမ်းကျင်သူတွေက အကြုံပြုထားပါတယ်။

Matthew (ShweMOM)

 

 

READ
ရဲစခန်းကို အရေးပေါ်ဖုန်းလိုင်းနဲ့ ဆက်သွယ်ပြီး မွေးနေ့ပွဲလာဖို့ ဖိတ်ခေါ်ခဲ့တဲ့ ကောင်လေး

 

SHARE