လူနေအိမ်နံရံကြားမှာ ကတ်သီးကပ်သတ် နေရာယူထားတဲ့ ဧရာမပျားအုံကြီး

နေရာကောင်းကောင်းရှာပြီး ပျားအုံအကြီးကြီးဖြစ်အောင် သေချာ ဖွဲ့စည်းတတ်တဲ့ အရည်အချင်းဟာ ပျားတိုင်းမှာ မရှိပါဘူး။ တချို့ပျားတွေက လူတွေနဲ့ ခပ်ဝေးဝေး တောထဲမှာ ပျားအုံဆောက်နေဖို့ စိတ်ကူးပေါ်ဖို့ မရပါဘူး။ အခုတစ်ခါမှာလည်း လူနေအိမ် အုတ်နံရံကြားထဲ ကပ်သီးကပ်သတ်ဝင်ပြီး ပျားအုံဆောက်ထားကြတဲ့ ပျားဆိုးလေးတွေရဲ့ အဖြစ်ကို တွေ့ရမှာပါ။ အိမ်ရှင်က ပိုးသတ်ဆေးဖြန်းပေမယ့် ရှင်းလို့မရတဲ့အဆုံး ပျားရှင်းလင်းရေး ကျွမ်းကျင်ပညာရှင် ခေါ်ရတဲ့အထိ ဖြစ်လာပါတယ်။ အောက်ဘက်မှာတော့ ပျားရှင်းလင်းရေးပညာရှင်ကနေ နံရံထဲမှာ ရှိတဲ့ ပျားအုံကြီးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ အဆင့်ဆင့်လုပ်ဆောင်ရတဲ့ ဓာတ်ပုံလေးတွေကို တွေ့ရမှာပါ။

ပျားတွေက အုတ်ကြားပေါက်ထဲကနေ အ၀င်အထွက် လုပ်ကြပါတယ်… ပြတင်းပေါက်ရဲ့ ထောင့်နားနဲ့ အုတ်စီထားတဲ့ ကြားထဲမှာ ဟနေတဲ့ နေရာလွတ်လေးတွေက သူတို့ရဲ့ တံခါးပေါက်တွေပါ…

Boredpanda
Boredpanda

အနီရောင်နေရာကတော့ ပျားတွေရှိတဲ့ နေရာပါ..

Boredpanda

ပျားတွေ နံရံအပေါ်ကိုတက်ပြီး ထွက်မပြေးနိုင်အောင်လို့ Honey Bandit ကို ဖြန်းလိုက်ပြီးမှ လွန်နဲ့ နံရံကို ဖောက်ပါတယ်…

Boredpanda

အုတ်တစ်ခဲအရင် ဖယ်လိုက်ပြီ…

Boredpanda

အုတ်(၂) တန်း ဖယ်လိုက်ပါပြီ..

Boredpanda

အုတ်(၅) တန်း ဖယ်ပြီးနေပြီ…

Boredpanda

ကြည့်လိုက်ပါဦး… အုတ်နံရံတွေနောက်က ပျားလပို့ကြီး…. အကြီးကြီးပါပဲ….

Boredpanda

ပျားသားအုပ်လေးတွေရှိတဲ့ ပျားလပို့ကြီးထဲက အခန်း(၁၃) ခန်းကို အရင်နေရာရွှေ့ရပါတယ်…

Boredpanda

ပျားအုံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ပျားသေတွေ အများကြီး တွေ့ရပါတယ်…. ပိုးသတ်ဆေးမိသွားတဲ့ ပျားတွေ ဖြစ်မယ် ထင်ရပါတယ်…

Boredpanda

ပျားတွေကို နေရာတစ်ကျနဲ့ ရွှေ့ပြောင်းပေးဖို့ အခုလို စိတ်ရှည်လက်ရှည် ဖြတ်ထုတ်ပေးရပါတယ်…

Boredpanda

အားလုံးသန့်စင်လို့ ပြီးသွားတဲ့အခါ အစာရှာရာကနေ ပြန်လာတဲ့ ပျားတွေကိုတော့ ပျားအိမ် သေတ္တာတစ်လုံးနဲ့ ပြန်ဖမ်းရပါတယ်…

Boredpanda

ပျားတွေ ဖယ်ရှားလိုက်ပြီးအခါမှာတော့ အခုလို သံကြေးရောင်လိုလို အရောင်ကျန်နေခဲ့တာကို တွေ့ရမှာပါ…

Boredpanda
လင်းလင်း (ShweMom)
Ref: Boredpanda
SHARE