မှတ်တိုင်မှာမြေကျွံတာကြောင့် ကားရောလူတွေပါ မြေအောက်ထဲရောက်သွားတဲ့အဖြစ်

Chinadaily

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ဟိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေကျွံကျမှုကြီးကတော့ တကယ့်ကို ထိတ်လန့်စရာပါ။ ဒီအဖြစ်အပျက်က ဇန်န၀ါရီလ (၁၃)ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားမှတ်တိုင်မှာ  ဘတ်စ်ကားတစ်စီး ရပ်ပြီး ခရီးသည်တင်နေတုန်း ကားအရှေ့နားက လမ်းဟာ အပေါက်ကြီးဖြစ်သွားခဲ့ပြီး အဲဒီအပေါက်ထဲကို ကားရော၊ ကားစောင့်သူတွေပါ ပြုတ်ကျကုန်ကြတာပါ။

အဲဒီနောက်မှာတော့ ကားအတွင်းမှာပါတဲ့ လူတွေဟာ အဲဒီအပေါက်ထဲကနေ ပြန်ထွက်ဖို့ ကြိုးစားခဲ့ကြပေမယ့် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူတချို့သေဆုံးသွားခဲ့ရတာပါ။

Chinadaily

ကားအရှေ့လမ်းမက အပေါက်ကြီးဖြစ်ပြီး ကားဇောက်ထိုးကျသွားတဲ့အချိန်မှာ ကားမှတ်တိုင်အနီးမှာ ရှိတဲ့လူတွေက အချင်းချင်း ကယ်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး အနီးအနားမှာရှိတဲ့ ကလေးတွေကို ကယ်ဆယ်ဖို့ အားစိုက်ထုတ်ခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ရပ်နေခဲ့တဲ့ ကားမှတ်တိုင်နားက မြေကြီးကလည်း ဆက်တိုက်ဆိုသလို ကျွံကျသွားခဲ့ပြီး သူတို့ပါ မြေတွင်းထဲရောက်ကုန်ကြတာပါ။

READ
လူသတ်မှု ကျူးလွန်ခဲ့တဲ့ရက်စွဲကို Tattoo ထိုးပြီး မှတ်တမ်းတင်ထားတဲ့ ရာဇ၀တ်သားကို ဖမ်းမိ

ဒီဖြစ်ရပ်ကြောင့် သေဆုံးသူ (၆)ဦး ရှိခဲ့ပြီး ပျောက်ဆုံးနေသူ (၁၀)ဦးအထိ ရှိတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

Chinadaily

လူစည်တဲ့လမ်းပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်တာကြောင့် နံဘေးမှာရှိသူတွေ ၀ိုင်းဝန်းကယ်ဆယ်ခဲ့ကြသလို ကယ်ဆယ်ရေးအဖွဲ့တွေလည်း အမြန်ဆုံးရောက်လာခဲ့တာကြောင့်သာ ဒီ့ထက်ပိုပြီး အသေအပျောက် မများခဲ့တာပါ။

(၂၀၁၆)ခုနှစ်တုန်းကလည်း ဟီနန်ပြည်နယ်မှာ အလားတူမြေအပေါက်ကြီး ကျွံကျမှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ(၃)ဦး ပြုတ်ကျခဲ့တာပါ။

လက်ရှိမှာတော့ ပြည်နယ်ရဲ့ တာဝန်ရှိသူတွေက ဒီဖြစ်ရပ်ကို စစ်ဆေးနေဆဲဖြစ်ပြီး မြေအောက်ပိုက်လိုင်းတွေ ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိထားပါတယ်။

Linn

SHARE