ကြောင်များကို ပွေ့ဖက်နမ်းရှုံ့သည့် ကလေးများအသက်အန္တရာယ်ရှိနိုင်

ကြောင်များကို ပွေ့ဖက်နမ်းရှုံ့ခြင်းက ကလေးများအတွက်အသက်အန္တရာယ်ရှိနိုင်ကြောင်း ကြောင်များတွင်တွေ့ရခဲသည့် ဘက်တီးရီးယားအမျိုးအစားအသစ်ကိုတွေ့ရှိပြီးနောက် သိပ္ပံပညာရှင်များက အခိုင်အမာပြောဆိုလိုက်သည်။

ကြောင်ငယ်လေးများသည် ရောဂါပိုးကိုပိုမိုသယ်ဆောင်လေ့ရှိသည့်အတွက်အဆိုပါ ကြောင်ကလေးများကို ပွေ့ဖက်နမ်းရှုံ့မိပါက  ဖျားနာခြင်း၊ အရေပြားပေါ်တွင် မန်းရည်(ပြည်)ရှိသောအဖုများ၊ အရည်ကြည်ဖုများထွက်ရှိခြင်းတို့ခံစား ရနိုင်သည် ဟုသိရသည်။

ကြောင်ကိုပွေ့ဖက်ခြင်းက သေစေနိုင်

ကြောင်ချစ်သူများအနေဖြင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်သောကရောက်ခြင်းတို့ကို ခံစားရနိုင်ကြောင်း၊ကြောင်များသည်သူတို့၏ ပါးစပ်၊ ခြေသည်း၊လက်သည်းများမှတစ်ဆင့် ရှားပါးထူးဆန်းသော ဘက်တီးရီးယားပိုးမွှားများကို သယ်ဆောင်လေ့ ရှိသောကြောင့် သူတို့ကိုပွေ့ဖက်နမ်းရှုံ့လေ့ရှိကြသည့်လူများအနေဖြင့် အသက်သေစေနိုင်ကြောင်း သုတေသန အသစ်တွေ့ရှိချက်အရသိရသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ  The Catch Scratch Disease (CSD)အဖွဲ့အစည်းမှ၁၅နှစ်ကြာပြု လုပ်ခဲ့သည့် လေ့လာစမ်းသပ်မှုတစ်ခုတွင် အမွေးထူသောတိရစ္ဆာန်များကို နမ်းရှုံ့ခြင်း သို့မဟုတ် အမွေးများကိုပွတ် သပ်ခြင်းတို့ပြုလုပ်ပြီးနောက် မိမိမျက်နှာကို ထိတွေ့ကိုင်တွယ်မိသူများ အသက်အန္တရာယ်စိုးရိမ်ရပြီး ယင်းသို့ပြုလုပ်သည့် ကလေးငယ်များတွင် ရောဂါပိုးကူးစက်နိုင်ခြေပိုများကြောင်းသိရသည်။

READ
အမျိုးသမီးတွေကို ရထားတွေ၊ကားတွေပေါ်မှာ နေရာမဖယ်ပေးသင့်ကြောင်း ဖွင့်ဟခဲ့သူ

ထို့ပြင် ဖျားနာခြင်း၊ပြည်တည်သည့်အဖုများ၊အရည်ကြည်ဖုများထွက်ရှိခြင်းတို့မှ အခြေအနေဆိုးရွားလာပြီး အသက်ဆုံးရှုံး သည်အထိ ဖြစ်နိုင်သည်။

ကိုလိုရာဒိုပြည်နယ်ရှိ  The Centers for  Disease Control and Prevention(CDC)မှသုတေသနပညာရှင်များ က အဆိုပါ ရောဂါပိုးကူးစက်မှုလက္ခဏာဆိုးကျိုးများဖြစ်ပေါ်ခံစားရခြင်းမှာ ကြောင်များတွင်ရှိသည့်ရောဂါပိုးသည် သူတို့ ကိုယ်တိုင်အန္တရာယ်ဖြစ်ဘဲ လူများကိုသာအသက်အန္တရာယ်ဖြစ်စေသည့်ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ကြောင်းလေ့ လာတွေ့ရှိခဲ့ကြသည်။

ယင်း ဘက်တီးရီးယားအမျိုးအစားကို Bartonella henselaeဟုသိရပြီး ကြောင်သန်း၊ အလှေးကောင်ကိုက်ရာများ၊ ဒဏ်ရာများတွင် ပေါက်ဖွားသည့် အမျိုးအစားလည်းဖြစ်သည်။

အဆိုပါ ဘက်တီးရီးယားကြောင့် ကြောင်များကို ထိတွေ့နမ်းရှုံ့မိသည့်လူများထဲတွင် အမေရိကန် လူမျိုး ၁၂၀၀၀သည် ဆိုးရွားသည့်ဘေးထွက်ဆိုးကျိုးများကိုခံစားနေကြရသည်။ရောဂါပိုးကူးစက်ခံရသူများအနေဖြင့်ဖျားနာခြင်း၊ခေါင်းကိုက်ခြင်း ၊မောပန်းနွမ်းနယ်ခြင်းနှင့် သွေးဖြူဆဲလ်များပါရှိသည့်အရည်ကြည်ဖုများထွက်ခြင်းစသည့်ရောဂါလက္ခဏာများခံစားရလေ့ ရှိကြောင်း သတိပေးထုတ်ပြန်ထားသည်။

ယင်းသို့ ရောဂါလက္ခဏာခံစားရသည့်လူပေါင်း၅၀၀ခန့်သည် ဆေးကုသမှုခံယူရန်လိုအပ်နေပြီးအချို့မှာဦးနှောက်ရောင်ခြင်းနှင့်နှလုံးရောဂါတို့ပါခံစားရကြောင်း၊ထို့ပြင် အမျိုးသမီး ၆၂ရာခိုင်နှုန်းနှင့် မိန်းကလေးငယ် ၅၅ဒသမ၆ရာခိုင်နှုန်းတို့သည် ဆီးချိုရောဂါဖြစ်ပွားကြောင်းသိရသည်။

READ
ခင်ပွန်းအိပ်ပျော်နေချိန်မှာ အိမ်မှာနေထိုင်တဲ့တပည့်နဲ့ဖောက်ပြန်တဲ့ဆရာမ

CDC မှ သုတေသနပညာရှင် Dr Christina Nelson က “ကြောင်ကုတ်ရာ၊ ကိုက်ရာသေးသေးလေးတောင်မှ ကျွန်မတို့ထင်ထားတာထက် ရောဂါဖြစ်နိုင်ခြေပိုများပါတယ်၊ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့ ကြောင်ကုတ်မခံရအောင် ကာကွယ်နိုင်ပါတယ်”ဟုပြောသည်။သူမပြောပြချက်အရ  အသက် ၅နှစ်မှ ၉နှစ်အရွယ်ကလေးများတွင် ရောဂါပိုးကူးစက် ခံရနိုင်ခြေပိုများကြောင်းသိရသည်။

သူမက ” ကြောင်တွေကို ထိတွေ့ပြီးတိုင်းလက်ကို ဆေးကြောခြင်းအားဖြင့် ရောဂါပိုးကူးစက်ခံရမှု၊ဆိုးကျိုးလက္ခဏာ ခံစားရမှုတွေလျှော့ချနိုင်ပါတယ်။လူတွေရဲ့အရေပြားကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ကြောင်တွေရဲ့မစင်၊ လှေးကောင်တွေကိုဖယ်ရှားပေးခြင်းအားဖြင့်လည်း အရေပြားပြဿနာဖြစ်ပွားမှုကိုကာကွယ်နိုင်ပါတယ်”ဟုပြောကြားသည်။

သို့ရာတွင် သတင်းကောင်းတစ်ခုမှာ ကြောင်များတွင် တွေ့ရသည့် ရှားပါးဘက်တီးရီးယားကြောင့်ရောဂါဖြစ်ပွားသည့် လူနာ ၁၀၀,၀၀၀ တွင် ၄ဒသမ ၅ရာခိုင်နှုန်းသည် ပြင်ပလူနာများအဖြစ်သာ ဆေးကုသမှုခံယူရကြောင်းသိရသည်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:thesun

SHARE