နောက်ဆုံးပေါ်ကျန်းမာရေးကုထုံးအဖြစ် ခေတ်စားလာတဲ့ နွားဖက်ခြင်းကုထုံး

pexels/Min An

နယ်သာလန်နိုင်ငံမှာ ကျန်းမာရေးကုထုံးအသစ်တစ်ခု ခေတ်စားလာနေပါတယ်။ ဒတ်ခ်ျဘာသာစကားနဲ့ koe knuffelen လို့ခေါ်တဲ့ နွားကိုဖက်တဲ့ကုထုံးတစ်မျိုးပါ။ ဒီကုထုံးဟာ နွားတစ်ကောင်ကို နာရီပေါင်းများစွာကြာအောင်ဖက်ပြီး ၄င်းနွားရဲ့ ခန္ဓာကိုယ်အပူချိန်၊ နှေးကွေးတဲ့နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ်အရွယ်အစားကြီးမားမှုတွေကို လူ့ကျန်းမာရေးအတွက် အသုံးပြုတာပါ။

pexels/Klaus Hollederer

ကျန်းမာရေးအတွက် နွားဖက်တဲ့အလေ့အထဟာ နယ်သာလန်မှာစတင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်လယ်တောတွေကစလို့ အမေရိကန်နိုင်ငံထိပါ ပြန့်နှံ့လာခဲ့တာပါ။ နယ်သာလန်နိုင်ငံက လယ်သမား အမျိုးသမီးတစ်ဦးကတော့ နွားဖက်ဖို့လာတဲ့ဧည့်သည်တွေကိုကြိုဆိုလက်ခံခဲ့တာ ၁၄နှစ်တိုင်ရှိပြီလို့ဆိုတာပါ။

“နွားတွေက အရမ်းသက်တောင့်သက်သာရှိတဲ့ သတ္တဝါတွေပါ။ အန္တရာယ်လည်းမပေးတတ်ဘူး။ ရှင်ဟာ လယ်တောထဲလာပြီး နွားတွေကိုဖက်လို့ရတယ်။ သူတို့ဘေးမှာလှဲလို့ရတယ်။ လူတွေကတော့ ဒါမျိုးလုပ်တာ အရမ်းအပန်းပြေတယ်လို့ ပြောတယ်။” လို့ ၄င်းအမျိုးသမီးကဆိုပါတယ်။

နွားတွေဆီအလည်လာတဲ့ဧည့်သည်တစ်ဦးကလည်း “ကျွန်တော်က မြို့မှာမွေးတာပါ။ ဒီတော့ တိရစ္ဆာန်တွေနဲ့ သဘာဝတရားထဲနေရတာ သဘောကျတယ်။ နွားတွေက အရမ်းစိတ်ရှည်တယ်။ ချစ်စရာသိပ်ကောင်းတယ်။” လို့ဆိုပါတယ်။ သုတေသနတစ်ခုကတော့ နွားတွေဟာ လူတွေကို စိတ်အပန်းပြေအောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုပွေ့ဖက်ခြင်းဟာ နွားတွေအတွက်လည်း ကျန်းမာရေးကောင်းစေတယ်လို့ people သတင်းအရ သိရပါတယ်။

READ
ရပ်ထားတဲ့လော်ရီကား နောက်ပြန်လှိမ့်လာပြီးကြိတ်တာခံလိုက်ရတဲ့ အမှိုက်သိမ်းသမား

လင်းလင်း

SHARE