Playboyမဂ္ဂဇင်းတည်ထောင်သူ ဟက်ဖ်နာရဲ့အလောင်းကိုမွန်ရိုး၏အုတ်ဂူအနီးတွင်သင်္ဂြိုဟ်မည်

ကမ္ဘာကျော်ပလေးဘွိုင်းမဂ္ဂဇင်းကြီးကို တည်ထောင်ခဲ့တဲ့ ဟော့ဟက်ဖ်နာဟာ စက်တင်ဘာလ 27 ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ ဟက်ဖ်နာသေဆုံးချိန်မှာ အသက် 91 နှစ် ရှိပြီဖြစ်ပါတယ်။ ဟက်ဖ်နာဟာ ပလေးဘွိုင်းမဂ္ဂဇင်းကို 1953 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ မော်ဒယ်အဖြစ် နာမည်ကြီးမော်ဒယ် မာရီလင်မွန်ရိုးကို အသုံးပြုခဲ့တယ်လို့ The Sun က ဆိုပါတယ်။

PA PRESS ASSOCIATION

တစ်နည်းဆိုရလျှင် မွန်ရိုးဟာ ပလေးဘွိုင်းမဂ္ဂဇင်းကြောင့် နာမည်ပိုရသူဖြစ်သလို၊ ပလေးဘွိုင်းမဂ္ဂဇင်းကလည်း မွန်ရိုးကြောင့် ထိရောက်လျှင်မြန်တဲ့ အောင်မြင်မှုကို ရရှိခဲ့တာဆိုရင် မမှားပါဘူး။ ပလေးဘွိုင်မဂ္ဂဇင်းစတင်ချိန်က ဟော့ဖ်နာရဲ့ လက်ထဲမှာ ဒေါ်လာ 600 သာရှိခဲ့ပြီး၊ တစ်ချို့က ဆွေမျိုးတွေဆီက ခေတ္တချေးငှားခဲ့ရတာပါ။

Hefner and his wife Crystal – GETTY IMAGES- GETTY

ပထမဆုံးအကြိမ်ကို မွန်ရိုးရဲ့ ဘီကီနီအ၀တ်အစားနဲ့ဓာတ်ပုံကို ကာဗာတင်ခဲ့ပါတယ်။ အောင်မြင်မှုကလည်း ထင်မှတ်မထားလောက်အောင်ကို ကြမ်းခဲ့ပါတယ်။ မွန်ရိုးဟာ 1962 ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး၊ သူမရဲ့ ရုပ်အလောင်းကို LA မှာတည်ရှိတဲ့ Westwood Village Memorial Park မှာ သဂြိုဟ်ခဲ့ပါတယ်။

READ
နှလုံးတစ်ဝက်သာပါလာပေမဲ့ ၉ ကြိမ်မြောက် Heart attack ကိုကြံ့ ကြံ့ခံနိုင်ခဲ့တဲ့ ကလေးငယ်
REX FEATURES

ဟော့ဖ်နာဟာ သူမသေခင် 1992 ခုနှစ်ကတည်းက Westwood Village Memorial Park သင်္ချိုင်းမှာ မြေနေရာဝယ်ခဲ့သူဖြစ်ပြီး၊ ဒေါ်လာ 75000 အထိ ပေးခဲ့ရပါတယ်။ ထိုစဉ်ကတည်းက သူဟာ သေဆုံးရင်တောင် သူ့အပေါ် ကျေးဇူးများခဲ့တဲ့ မွန်ရိုးရဲ့ အနီးမှာသာ သေဆုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

PLAYBOY

ထိုစဉ်က ဟော့်ဖနာက ” ကျနော် သေဆုံးချိန်မှာ သူမနဲ့ အနီးမှာပဲ သေမှာပါ … ဒါက နောက်ဆုံးဆန္ဒတွေကို အဆုံးသတ်ခြင်းပါဘဲ … ကျနော့်ရဲ့ သေလွန်ပြီးနောက် ကျန်ရှိနေတဲ့ အချိန်တွေကို မွန်ရိုးနဲ့အတူ ဖြုန်းတီးမှာပါ “လို့ ပြောခဲ့ပါတယ်။ Westwood Village Memorial Park သင်္ချိုင်းဟာ မွန်ရိုးကိုသင်္ဂြိုဟ်ပြီးနောက်မှာ ဟောလိဝုဒ်စူပါးစတားတွေရဲ့ နောက်ဆုံးလဲလျှောင်းရာ နေရာတစ်ခုအဖြစ် ပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်။

PA PRESS ASSOCIATION

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE