ဘယ်သူမှ မမျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ ကြော်ငြာတစ်ခုမှာ သရုပ်ဆောင်ခဲ့တဲ့ Hugh Jackman

[email protected] thehughjackman

X-Men စီးရီးဇာတ်ကားထဲမှာ Wolverine ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး Hugh Jackman ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jackman ရဲ့ ထူးခြားချက်ကတော့ အသက်ကြီးလာလေလေ ရုပ်က ပိုပိုပြီး နုလာလေလေဖြစ်တာကြောင့် အပြင်မှာ တစ်ကယ့်ကို မသေမျိုးဖြစ်တဲ့ Wolverine တစ်ကောင်ကြီးလို့တောင် သူ့ရဲ့ပရိသတ်တွေက နောက်ပြောင်ပြီး ပြောနေကြပါသေးတယ်။ အခုလည်း မကြာသေးခင်အချိန်က Jackman ကြီးတစ်ယောက် ခန္ဓာကိုယ် ဝတ်စလစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာတစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူပြောသူပြော များနေကြောင်း NYpost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကြော်ငြာကတော့ R. M. Williams က အသစ်ထုတ်လုပ်ထားတဲ့ သားရေရှုးဖိနပ်အသစ်အကြောင်းကို Deadpool မင်းသားကြီး Ryan Reynolds’ ရဲ့ ကိုယ်ပိုင် စတူဒီယိုတစ်ခုဖြစ်တဲ့ Maximum Effort ကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Jackman ဟာ ဝတ်စလစ်အနေအထားနဲ့ သားရေရှုးဖိနပ်တစ်ခုတည်းကို ဝတ်ဆင်ထားပြီး ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးနဲ့ စကားအချေအတင်ပြောပြီး ဆွေးနွေူနေတာပဲ ဖြစ်ပါတယ်။

 

View this post on Instagram

 

It will all become clear tomorrow. Sort of.

A post shared by Hugh Jackman (@thehughjackman) on

ဒီလိုပုံစံနဲ့ Jackman တစ်ယောက် သရုပ်ဆောင်တာကတော့ ဒီကြော်ငြာက ပထမဦးဆုံးပဲ ဖြစ်ပါတယ်။ Jackman ရဲ့ ပရိသတ်တွေကလည်း Jackman ကို ဒီလိုပုံစံမျိုးနဲ့ မမြင်ဖူးတာကြောင့် အံ့သြနေကြသလို တစ်ချို့ကလည်း Jackman ဟာ တော်တော်လေးကို မှင်သေသေနဲ့ သရုပ်ဆောင်နိုင်ကြောင်း ချီးကျူးခဲ့ပါတယ်။ Jackman ဟာလည်း သူ့ရဲ့ ကြော်ငြာကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပြီး နာရီပိုင်းအချိန်အတွင်းမှာ ကြည့်ရှု့သူတစ်သန်းကျော်တောင် ရှိသွားခဲ့ကြောင်း သိရပါတယ်။ Jackman ကြီးတစ်ယောက် ဘယ်လိုပုံစံပဲနေပြီး သရုပ်ဆောင်ဆောင် သူ့ရဲ့ ပရိသတ်တွေကတော့ Jackman ရဲ့ ဝတ်စလစ်ကြော်ငြာကို ကျေနပ်အားရခဲ့ကြောင်း သိရပါတယ်။

READ
ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ လမ်းခွဲလိုက်တဲ့ Cara နဲ့ Ashley Benson

 

 

View this post on Instagram

 

A post shared by Hugh Jackman (@thehughjackman) on

Pyi Hein Kyaw

SHARE