အသက်ကောကြီးလာရဲ့လားလို့တောင် ပရိသတ်တွေ ဝိုင်းမေးတာခံနေရတဲ့ Wolverine

[email protected] [email protected]

X-Men ထဲက Wolverine ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားကြီး Hugh Jackman ကိုတော့ စူပါဟီးရိုးပရိသတ်တွေကော၊ X-Men ပရိသတ်တွေပါ သိရှိကြပြီး ဖြစ်မှာပါ။ X-Men ထဲမှာမှ Wolverine ကြီးကတော့ ပရိသတ်တွေ အကြိုက်ဆုံးနဲ့ အားပေးမှုအများဆုံးရရှိထားတဲ့ စူပါဟီးရိုးတစ်ယောက်ဆိုလဲ မမှားပါဘူး။ အခုလည်း Jackman ရဲ့ ပရိသတ်တွေကတော့ Jackman ကြီးက အသက်ကြီးလာပေမယ့် အရွယ်တင်နေပြီး နုပျိုနေသေးတာကြောင့် တစ်ကယ့် ပြင်ပလောကက Wolverine ကြီးလားလို့ နောက်ပြောင်နေကြကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jackman ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့တုန်းက ၂၀၀၂ ခုနှစ်မှာ သူနဲ့ သူ့ဇနီး Deborra-Lee Furness တို့ နှစ်ယောက်အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ အဲဒီပုံထဲက Jackman ပုံနဲ့ လက်ရှိ Jackman ပုံကို ယှဉ်ကြည့်လိုက်ရင် သိပ်မကွာပါဘူး။ နှစ်ပေါင်း ၂၀ နီးနီး အချိန်တွေကြာခဲ့ပေမယ့် Jackman ရဲ့ ပုံဟာ ဘာမှသိပ်မပြောင်းလဲတာကြောင့် သူ့ရဲ့ ပရိသတ်တွေဟာ အဆိုပါပို့စ်အောက်မှာ Jackman ဟာ ပြင်ပလောကမှာလည်း တစ်ကယ့် Wloverine ကြီုးဖြစ်ကြောင်း စနောက်ပြီး comment တွေတောင် ပေးခဲ့ပါသေးတယ်။

View this post on Instagram

❤️2002

A post shared by Hugh Jackman (@thehughjackman) on

“ကျွန်တော် အသက်ကြီးနေပါပြီဗျာ။ စိတ်ပိုင်းဆိုင်ရာကတော့ အရင်နှစ်တွေကထက် ပိုရင့်ကျက်လာပေမယ့် ရုပ်ပိုင်းဆိုင်ရာကတော့ သိပ်မပြောင်းလဲဘူးလို့ ကျွန်တော့်ပရိသတ်တော်တော်များများက ပြောကြပါတယ်။ တစ်ချို့ကလဲ အရွယ်တင်အောင်ဘာဆေးတွေမှီဝဲလဲလို့တောင် တကူးတက လာမေးကြပါတယ်။ တစ်ကယ်တမ်းတော့ ကျွန်တော်ဘာဆေးမှ မသုံးပါဘူး။ အဓိကကတော့ ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနေလို့ပါပဲ။ ပြီးတော့ ကျွန်တော့်မှာ ကျွန်တော် အရမ်းချစ်တဲ့ ဇနီးနဲ့ သားသမီးနှစ်ယောက်လဲ ရှိတာကိုးဗျ” လို့ Jackman က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE