လူကြီးတွေအတွက် ပိုက်ဆံတွေကြဲတဲ့ ခရစ်စမတ်ဖိုးဖိုးကြီးဖြစ်ပေးခဲ့တဲ့ Hugh Jackman

Instagram- @hughjackman

ခရစ်စမတ်ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ရောက်လာတော့မှာပါ။ ခရစ်စမတ်ဆိုရင် လက်ဆောင်တွေပေးကြတယ်၊ လက်ဆောင်တွေရကြရတယ်၊ မိသားစုနဲ့အတူတူ၊ ရင်းနှီးတဲ့လူတွေနဲ့ အတူတူ နွေးနွေးထွေးထွေးစားသောက်ကြမယ်။ ဒါပေမဲ့ အခုအချိန်ဟာ ကိုဗစ်ကာလကြီးဖြစ်နေတဲ့အတွက်ကြောင့် အုပ်စုလိုက်ကြီးလည်း စားပွဲသောက်ပွဲတွေ လုပ်လို့မရတော့တဲ့အတွက်ကြောင့် လူတွေလည်း ကောင်းကောင်းမပျော်ကြရရှာပါဘူး။

ဒါကိုသိတဲ့ Hugh Jackman ကတော့ ဒီခရစ်စမတ်မှာ အလှူကြီးတစ်ခုကို လုပ်လိုက်ခဲ့ပါတယ်တဲ့။ အဲဒါကတော့ ဒီလိုပါ။

 

View this post on Instagram

 

A post shared by Hugh Jackman (@thehughjackman)

X-men မင်းသားကြီးဟာ R.M Williams ဆိုတဲ့ ဖိနပ်နဲ့ အင်္ကျီတွေထုတ်တဲ့ ကုပ္မဏီကို သွားခဲ့ပါတယ်။ နောက်တော့ အဲဒီကုမ္ပဏီက ဝန်ထမ်းတွေကို မထင်မှတ်ထားတဲ့ ခရစ်စမတ်လက်ဆောင်ကို ပေးလာခဲ့တာပါ။

 

View this post on Instagram

 

A post shared by Hugh Jackman (@thehughjackman)

အဲဒါကတော့ တစ်ယောက်ကို ဒေါ်လာ ၁၃၀၀ စီပေးခဲ့တာပါတဲ့။ မြန်မာငွေနဲ့ဆိုရင် ၁၅ သိန်းလောက်ရှိနေပါတယ်။ ဝန်ထမ်းတွေအတွက် စုစုပေါင်း သုံးလိုက်တဲ့ငွေဟာ ၁.၂ မီလီယံတောင်ရှိပါတယ်တဲ့။ ဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို ပေးခဲ့တာပါ။

Hugh Jackman ဟာ R.M Williams ကုမ္ပဏီရဲ့ global brand  ambassador အနေနဲ့ လုပ်နေခဲ့တာ တော်တော်လေးကြာနေပါပြီ။ နောက်အရင်တုန်းကလည်း ဒီကုမ္ပဏီရဲ့ ရှယ်ယာရှင်အဖြစ်လည်း ပါဝင်ခဲ့ဖူပါသေးတယ်။

 

View this post on Instagram

 

A post shared by Hugh Jackman (@thehughjackman)

penny

SHARE