Wolverine ရုပ်ရှင်သစ်နဲ့ပတ်သက်လို့ Hugh Jackman ပြောလိုက်တဲ့ သတင်းကောင်း

မနှစ်က ထွက်ရှိခဲ့တဲ့ Logan (2017) ကတော့ Wolverine ဇာတ်ကောင်အတွက် နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ပရိသတ်တွေ မမေ့နိုင်လောက်တဲ့ ခံစားရတဲ့ အဆုံးသတ်နဲ့ ပြီးခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Wolverine ဇာတ်လမ်းအသစ် ထပ်ထွက်လာတော့မယ်ဆိုတဲ့ သတင်းကိုတော့ Hugh Jackman ကိုယ်တိုင် သယ်ဆောင်လာခဲ့ပါပြီ။

မင်းသားဟာ အစီအစဉ်တင်ဆက်သူ Willie Geist ရဲ့ Sunday Today အစီအစဉ်ကို ဖိတ်ခေါ်ခံခဲ့ရတာ ဖြစ်ပြီး အဆိုပါ အင်တာဗျူးမှာ Wolverine နဲ့ပတ်သက်လို့ ပြောသွားတာဖြစ်ပါတယ်။ “Wolverine က ဇာတ်လမ်းအသစ် ထပ်ထွက်မှာပါ။ တစ်ယောက်ယောက်က ဝယ်ရိုက်တော့မှာပါ။ ဘယ်သူမှန်းတော့ မသိသေးပေမယ့်” လို့ ပြောသွားခဲ့ပါတယ်။

CBR

Jackman က ဆက်ပြီးတော့လည်း Dealpool နဲ့ Wolverine ဇာတ်ကောင်တို့ကို collaboration အနေနဲ့ တွေ့မြင်ရဖို့ အလားအလာရှိတဲ့ ပုံမျိုးနဲ့လည်း ပရိသတ်တွေကို ကလိသွားခဲ့ပါသေးတယ်။ “Ryan ကလည်း Dealpool နဲ့ Wolverine ဇာတ်ကောင် တွဲဖို့ အမျိုးမျိုး ပြောနေခဲ့ပါတယ်။ ကျွန်တော်လည်း လူတွေက Deadpool နဲ့ Wolverine ကို တွဲမြင်ချင်ကြပါ့မလားလို့ ပြန်ပြောခဲ့သေးတယ်။ Wolverine က Deadpool ဇာတ်လမ်းထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါရင် ပါလာမှာပေါ့” လို့ Jackman က ပြောသွားခဲ့ပါတယ်။

READ
ဘားအံရောက် ပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ မေဂရေ့စ်
Inverse

Jackman နောက်ခဲ့တဲ့ “လူတွေက Deadpool နဲ့ Wolverine ကို တွဲမြင်ချင်ကြပါ့မလား” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ ပရိသတ်တွေက မျိုးစုံ စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့ကြပါတယ်။ “ကမ္ဘာကြီးက အဲ့ဒီ့ဇာတ်ကောင် ၂ ယောက်ကို တွဲတွေ့ချင်တာ မဟုတ်ဘူး။ တွဲတွေ့ရဖို့ လိုအပ်နေတာ” “Deadpool နဲ့ Wolverine ပါတဲ့ ဇာတ်လမ်းဆိုရင် ကလေးတောင် ရောင်းစားပြီး လက်မှတ် ဝယ်ကြည့်ပါ့မယ်” စသဖြင့် အစုံပါပဲ။

Time Magazine

ပရိသတ်တွေတင် မကပါဘူး။ Deadpool ဇာတ်ကောင်ကို ပင်တိုင်သရုပ်ဆောင်ခဲ့တဲ့ Ryan Reynolds လည်း Wolverine ဇာတ်ကောင်ကို အသက်ပြန်သွင်းစေချင်တဲ့ အကြောင်းကို Entertainment Weekly နဲ့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါသေးတယ်။ Jackman က Wolverine ဇာတ်ကောင်နဲ့ တစ်သားတည်း ဖြစ်ပြီးသား သရုပ်ဆောင်ဖြစ်တာကြောင့် အကယ်လို့ Wolverine ဇာတ်လမ်းအသစ်အတွက် သရုပ်ဆောင်သာ အစားထိုးခဲ့မယ်ဆိုရင်လည်း စိတ်ကူးကြည့်ဖို့ ခက်ပေမယ့် သရုပ်ဆောင်သစ်လည်း အကောင်းဆုံး ကြိုးစားသွားမယ်လို့ မျှော်လင့်ရပါတယ်။

READ
ဆံပင်ကာလာ ပြောင်းလိုက်တဲ့ အူဝဲ

Ref: Unilad, Sunday Today

SHARE