မျက်လုံးအရောင်ကနေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေကို သိနိုင်ပါတယ်

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို မျက်လုံးအရောင်ကနေ သိနိုင်ပါတယ်တဲ့။ လက်မှာ လက္ခဏာ ကြည့်သလိုမျိုးပါပဲ။ မျက်လုံးအမည်းရောင်ကတော့ လူတိုင်းမှာ ရှိနေတတ်တဲ့အရောင်မျိုးပါ။

(၁) အမည်းရောင်


အမည်းရောင် မျက်လုံးပိုင်ရှင်တွေကတော့ ကတိတည်တတ်ကြပါတယ်။ သူတို့က ပေးထားတဲ့ကတိမျိုးကို အဆုံးထိ အသက်နဲ့ရင်းပြီး ကတိတည်တတ်ကြတယ်။ သူတို့တွေက သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်းတွေပဲဖြစ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်လိုမျိုး ဦးဆောင်နိုင်တဲ့အရည်အချင်းတွေရှိကြတယ်။ အားနည်းသူကို ကူညီချင်စိတ်ရှိကြပါတယ်။

(၂) အညိုရောင်

(၅၅%) ကတော့ အညိုရောင်မျက်လုံးပိုင်ရှင်တွေပဲဖြစ်ပါတယ်။ သူတို့တွေက ဆတ်ဆတ်ထိမခံတတ်တဲ့ သူမျိုးတွေဖြစ်ကြပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေလည်းဖြစ်ကြပါတယ်။ အလုပ်ကြိုးစားသူတွေလည်း ဖြစ်ကြပါတယ်။

(၃) အပြာရောင်

အပြာရောင်ကတော့ ဒုတိယအရှားပါးဆုံး မျက်လုံးအရောင်ပဲဖြစ်ပါတယ်။ သူတို့တွေက စိတ်ထိခိုက်လွယ်ကြတယ်။ တစ်ခုခုဆို စိတ်ပျော့တတ်ကြပေမယ့် သူတို့ဆီကနေ ညည်းညူသံတော့ ဘယ်တော့မှ မကြားရပါဘူး။

READ
ဝမ်းနည်းစရာတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကို အားပေးတတ်ပါစေ

(၄) အစိမ်းရောင်

အစိမ်းရောင်ကတော့ အရှားဆုံးမျက်လုံးအရောင်ပဲဖြစ်ပါတယ်။ အစိမ်းရောင်မျက်လုံး ပိုင်ရှင်တွေကတော့ ခေါင်းမာတတ်ပါတယ်။ အမြဲသွက်လက်နေလို့ အလုပ်မှာလည်းအကောင်းဆုံးစွမ်းဆောင်နိုင်ကြပါတယ်။

Hannwe Soe

SHARE