အသက်သေရင်သေပါစေ…ပလတ်စတစ်ဆာဂျရီဆက်လုပ်သွားမယ်လို့ ဆိုလာခဲ့သူ

လူသား Ken Doll တစ်ယောက်ဖြစ်တဲ့ ဘရာဇီးနိုင်ငံသား Rodrigo Alves ဟာအကြိမ်၆၀မြောက် ပလတ်စတစ်ဆာဂျရီကိုပြုလုပ်မှာဖြစ်တဲ့အကြောင်း The Sun သတင်းစာမျက်နှာမှာတွေ့ရှိထားပါတယ်။ Rodrigo ကဆာဂျရီဟာသူ့ကိုအသက်သေဆုံးစေမယ်ဆိုတာတောင်မှာ အားမလျော့ပဲဆက်လုပ်မယ်လို့ပြောထားပါတယ်။

SPLASH NEWS

အကြိမ်၆၀မြောက်ပြုလုပ်မယ့် ဆာဂျရီကတော့ ခန္ဓာကိုယ်ကနံရိုးတွေကိုဖယ်ထုတ်မှာပဲဖြစ်ပါတယ်။ အသက်၃၄နှစ်ရှိပြီဖြစ်တဲ့ Rodrigo ဟာ အခုအချိန်ထိ ခွဲစိတ်မှုတွေအမျိုးမျိုးပြုလုပ်ခဲ့ရာမှာ ဒေါ်လာ၎သိန်းသုံးစွဲခဲ့ပြီးပါပြီ။ အခုပြုလုပ်မယ့် ခန္ဓာကိုယ်သွယ်လျအောင် နံရိုးတွေထုတ်ပစ်မယ့် ဆာဂျရီကတော့ LA မှာသွားရောက်ပြုလုပ်ရမှာဖြစ်ပါတယ်။

SPLASH NEWS

Rodrigo ဟာခန္ဓာကိုယ်နေရာ ၂၀မှာအဆီစုပ်ထုတ်တဲ့ ခွဲစိတ်မှုတွေပြုလုပ်တာကြောင့် နောက်ထပ်အဆီစုပ်ထုတ်လို့မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် နံရိုးဖယ်ထုတ်ဖို့ဖြစ်လာခဲ့တာပါ။ မိသားစုဝင်ကတော့ Rodrigo ဟာခွဲစိတ်ခုံပေါ်မှာပဲ အသက်သေဆုံးသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ Rodrigo ကတော့ ပလတ်စတစ်ဆာဂျရီကြောင့် လူသေတယ်ဆိုတာမရှိကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

SPLASH NEWS

မနှစ်တုန်းက LA မှာ ပြုလုပ်ခဲ့တဲ့ ၅၈ကြိမ်နဲ့ ၅၉ကြိမ်မြောက်ခွဲစိတ်မှုတွေက မျက်လုံးနဲ့ ဆံပင်ခွဲစိတ်မှုတွေပဲဖြစ်ခဲ့ပါတယ်။ Rodrigo ကနှစ်သစ်မှာ ပိုမိုသွယ်လျပြီး ကြည့်ကောင်းချင်တာကြောင့် သူ့နံရိုးတွေကိုဖယ်ထုတ်ချင်တယ်လို့ဆိုပါတယ်။ သူလုပ်ကိုင်နေတဲ့ အ၀တ်အစားလိုင်းနဲ့ပတ်သက်ပြီး အ၀တ်တွေဝတ်ဆင်တဲ့အခါ Rodrigo က အချိုးအစားကျနလှပချင်ကြောင်းပြောပြပါတယ်။

READ
ကိုမာဖြစ်နေတဲ့ သားကို ဆယ်နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်နေခဲ့တဲ့ (၇၅) နှစ်အရွယ် အဖွားအို
SPLASH NEWS

အခုပြုလုပ်မယ့် နံရိုးဖယ်မယ့် ဆာဂျရီကတော့ ဒေါ်လာ၂သောင်းကုန်ကျမှာဖြစ်ပြီး ခွဲစိတ်ချိန်၂နာရီကနေ ၃နာရီိကြားကြာနိုင်ကြောင်းဆိုပါတယ်။ သူ့ကိုခွဲစိတ်မယ့် ဆရာဝန်ဖြစ်သူ Dr Michael K Obeng ကိုယ်တိုင်က Rodrigo က ပုံမှန်မဟုတ်ကြောင်းပြောပြပါတယ်။

SPLASH NEWS

Dr Michael က “…ကျွန်တော့ကို အစတုန်းက နံရိုး၆ချောင်းဖယ်ပေးရမယ်တဲ့..မဖြစ်နိုင်ဘူးလေ…ဖယ်လို့ရတဲ့နံရိုး၂ချောင်းတော့ ရှိတာပေါ…၁၁ချောင်းမြောက်နဲ့၁၂ချောင်းမြောက်ပဲ…သူတို့နှစ်ချောင်းကိုဖယ်လိုက်ရင်တော့ အန္တရာယ်မရှိပါဘူး…အချို့လူတွေကတော့ အဲဒီနံရိုး၂ချောင်းက ကျောက်ကပ်ကိုအကာအကွယ်ပေးတယ်လို့ပြောတယ်… ဒါပေမယ့် ခန္ဓာကိုယ် ကြွက်သားတွေသန်စွမ်းနေရင်တော့ ကိစ္စမရှိပါဘူး….”

SPLASH NEWS

“…သူက ခါးမှာအဆီများတယ်ဆိုပြီး ခါးသိမ်ချင်နေတာ…ဖယ်ပြီးပြီးချင်း ခါးကချက်ခြင်းသေးသွားမှာတော့ မဟုတ်ဘူး… သူကိုယ်ကြပ်အင်္ကျီဝတ်ရမှာ…” Rodrigo ကသူ့ကိုယ်သူ centaur (ဒဏ္ဍာရီလာ လူဦးခေါင်း လူရင်ဘတ်နဲ့ မြင်းခန္ဓာကိုယ်)လို့ဆိုပါတယ်။ ဒါ့အပြင် သူ့ရုပ်သွင်က ယောက်ျားတစ်ဝက် မိန်းမတစ်ဝက်ဖြစ်နေကြောင်း Rodrigo ကပြောခဲ့ပါသေးတယ်။

READ
ကွာရှင်းမှာကိုမကျေနပ်လို့တရားရုံးရှေ့မှာ ဗုံးဖောက်ခွဲပြီးသေကြောင်းကြံခဲ့တဲ့ခင်ပွန်း

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE