ကိုယ့်အညစ်အကြေးကို လောင်စာအဖြစ်အသုံးပြုမယ့်ကိစ္စဟာ စိတ်မသက်သာဖွယ်ဖြစ်ပေမယ့် အနာဂတ်ကမ္ဘာအတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ Ultra Light Rail (ULR) Partners က ထုတ်လုပ်တဲ့ ဘိုင်အိုမီသိန်းဂက်စ်အသုံးပြု ကားရထားတွေဟာဆိုရင် ကောက်ပဲသီးနှံအကြွင်းအကျန်တွေ၊ မိလ္လာအမှိုက်တွေ၊ တိရစ္ဆာန်မစင်တွေနဲ့ စွန့်ပစ်အစားအသောက်တွေကို လောင်စာအတွက်အသုံးပြုနိုင်ကြောင်း သိရပါတယ်။

ရထားတွေကို မြို့ပြခရီးသွားလာရေးအတွက် ရည်ရွယ်ထားပြီး အင်္ဂလန်အစိုးရကတော့ ဒါကိုအားပေးလျက်ရှိနေပါတယ်။ လေထုထဲမှာ သဘာဝအားဖြင့် ကာဘွန်ဖြစ်ပြီးသား ပစ္စည်းတွေကိုအသုံးပြုတဲ့အတွက် ရထားတွေဟာ ကာဘွန်ဓာတ်ငွေ့သစ်တွေကို မထုတ်လုပ်နိုင်တော့ပါဘူး။

ဒီအစား ရထားတွေဟာ စွန့်ပစ်ပစ္စည်းနဲ့ အညစ်အကြေးတွေကိုသုံးစွဲပြီး ဘက်တီးရီးယားတွေကိုအသုံးပြုကာ ဂက်စ်အဖြစ်ဖြိုခွဲမှာဖြစ်ပါတယ်။ ထွက်လာတဲ့ဂက်စ်ကိုတော့ ရထားလောင်စာအဖြစ်နဲ့အသုံးပြုမှာပါ။ Sustainable Innovation Fund ကတော့ ULR Partners ကို ရထားထုတ်လုပ်မှုအတွက် ပေါင် ၆သောင်းထောက်ပံ့မှာဖြစ်ပါတယ်။

ရထားဟာ ခရီးသည်ဦးရေ ၁၂၀ကိုတင်ဆောင်နိုင်မှာဖြစ်ပြီး ကိုဗစ်အတွင်း ခရီးသွားလာရာမှာ လုံခြုံစေမယ့် စိတ်ဝင်စားစရာ feature တွေကိုလည်း ထည့်သွင်းထားဦးမှာပါ။ Black Country Chamber of Commerce ကတော့ ရထားတွေကို UV အလင်းတွေနဲ့ အဆင့်ဆင့်သန့်စင်ထားတဲ့လေတွေကိုသာ အသုံးပြုပြီး ခရီးသည်တွေကိုကာကွယ်မှာဖြစ်ပါတယ်။ ဒီ features တွေကတော့ ကပ်ရောဂါအတွင်းမှာ လုံခြုံစိတ်ချရတဲ့ ခရီးသွားလာမှုဖြစ်စေမှာပါ။ ကြေညာချက်အရတော့ အခုတွေ့မြင်ရမယ့်ကားရထားတွေဟာ ပတ်ဝန်းကျင်နဲ့လေထုညစ်ညမ်းမှုကို လျော့ချပေးနိုင်တဲ့အပြင် ယာဉ်ကြောင့် လူသေနှုန်းတွေကိုလည်း လျော့ကျသွားလိမ့်မယ်လို့ ဆိုထားကြောင်း unilad အရ သိရပါတယ်။
ShweMom