အာဏာရချင်ရင် နောက်ဘဝထိစောင့်ဖို့ ပြိုင်ဘက်တွေကို သတိပေးခဲ့တဲ့ Cambodia ဝန်ကြီးချုပ်

[email protected]

Cambodia နိုင်ငံရဲ့ အာဏာအရှိဆုံးလူတစ်ယောက်ကတော့ Cambodia ဝန်ကြီးချုပ် Hun Sen ပါပဲ။ ဒါ့အပြင် Hun Sen ဟာ Cambodia People’s Party(CPP) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို CPP ပါတီဝင်တွေချည်းပဲ လွှတ်တော်ထဲက အမတ် (၁၂၅) နေရာလုံးကို အပိုင်စား ရထားတာလည်း (၁၉၇၉)ခုနှစ်ကနေ ယနေ့တိုင်အောင်ထိပဲ ဖြစ်ပါတယ်။ အခုလည်း Hun Sen ဟာ သူ့နေရာလိုချင်ရင် နောက်ဘ၀အထိစောင့်ဖို့ ပြိုင်ဘက်ပါတီတွေကို အသိပေးပြောကြားခဲ့ကြောင်း SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလိုမျိုး Hun Sen တစ်ယောက် အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် Cambodia နိုင်ငံမှာ နှစ်ပေါင်း ၄၀ နီးပါးတည်တံ့နေတယ်ဆိုတာကလည်း Cambodia ပြည်သူတွေကိုယ်တိုင် ရွေးကောက်ပွဲတိုင်းမှာ လိုလိုလားလားနဲ့ မဲပေးခဲ့တာပဲ ဖြစ်ပါတယ်။ အတင်းအကြပ်ကြီး မဲပေးခိုင်းခဲ့တာ မဟုတ်သလို မဲမနိုင်လည်း ရုပ်တည်ကြီးနဲ့ ပလ္လင်ပေါ်က မဆင်းတာမျိုးတော့ မဟုတ်ပါဘူး။

View this post on Instagram

ការអនុវត្តន៍អភិក្រមទី៥ “វះកាត់“ គឺត្រូវតែធ្វើទាំងចំពោះវិស័យរដ្ឋ និងឯកជន ទោះបីមានលុយប៉ុណ្ណាក៏ដោយ ស័ក្តិធំប៉ុណ្ណាក៏ដោយ ទោះបីមានឋានៈពាក់លោកខែ ផ្កាយ ឬជា ដំរី ខ្លា ក្រពើ ពស់ កន្លាត រុយ សង្កើច… អោយតែបំផ្លាញសង្គម ជាពិសេសគ្រឿងញៀននេះតែម្តង កុំអោយមានជើងកាងអោយសោះ ខ្ញុំវៃកំទេចចោលទាំងអស់!

A post shared by Hun Sen (@hunsencambodia) on

အခုလို ပြိုင်ဘက်ပါတီအဖွဲ့ကို ပြောတယ်ဆိုတာကလည်း နောက်ပြောင်သလိုနဲ့ အတည်ပြောကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ Hun Sen ဟာ ကမ္ဘာ့အာဏာအကြာဆုံး သိမ်းယူထားနိုင်တဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခုလို ပြိုင်ဘက်ပါတီအဖွဲကို ပြောကြားခဲ့တဲ့ စကားကတော့ မကြာသေးခင်ကပဲ ဖွင့်လှစ်ခဲ့တဲ့ Phnom Penh မြို့ရှိ အမေရိကန်ဒေါ်လာ သန်း(၃၀)ကျာ်တန်တဲ့ CPP ပါတီရုံးချုပ်ကြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပြိုင်ဘက်ပါတီက ကျွန်တော့်နေရာကို လုဖို့တွေ၊ ကျွန်တော့်ကို ဒီနေရာက ဆင်းပေးဖို့ တောင်းဆိုနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်ဗျ။ သူတို့လိုချင်ရင် နောက်ထပ် အနည်းဆုံး နှစ် ၅၀၊ နှစ် ၁၀၀ လောက်အထိတော့ စောင့်ရအုံးမှာပဲဗျ။ အဲဒီလောက်အကြာကြီး မစောင့်နိုင်ရင်တော့ နောက်ဘဝအထိစောင့်လိုက်ပါ။ ကျိန်းသေတာ နောက်ဘဝရောက်ရင်တော့ သူတို့ပါတီ အာဏာရကောင်းရပါလိမ့်မယ်”လို့ Hun Sen က ပြောကြားခဲ့ပါတယ်။

READ
ဟော့ပေါ့ကြိုက်သူတွေဖို့ တရုတ်ကထုတ်လိုက်တဲ့ ထူးထူးဆန်းဆန်းသွားတိုက်ဆေး

Pyi Hein Kyaw

SHARE