ငှက်ပျောသီးတစ်လုံးကြောင့် လမ်းမပေါ်ထွက်ပြီး လုယက်နေတဲ့ မျောက်များ

[email protected] Rattanachai

တိရစ္ဆာန်တွေအတွက် အစားအစာဆိုတာ အရမ်းအရေးကြီးပါတယ်။ တောထဲမှာနေတဲ့ တိရစ္ဆာန်တွေအတွက်တော့ အစာစားဖို့ အလွယ်တကူရှာနိုင်ပေမယ့် မြို့ကြီးပြကြီး၊ အထူးသဖြင့် လူတွေအနီးမှာနေတဲ့ တိရစ္ဆာန်တွေ အတွက်တော့ အစာတစ်လုပ်စားရဖို့အတွက် အရမ်းကို ခက်ခဲလွန်းပါတယ်။ အထူးသဖြင့် အဲဒီလိုတိရစ္ဆာန်တွေက လူတွေ ကျွေးမွေးမှ စားရတဲ့ ဘဝတွေပါ။ အခုလဲ အဲဒီလိုပါပဲ။ ဗိုက်အရမ်းဆာနေတဲ့ မျောက်တွေဟာ နောက်ဆုံးမှာတော့ အစာတစ်လုပ်ကြောင့် လမ်းမပေါ်ကို အကောင်ရေ ရာနဲ့ချီထွက်လာပြီး ဆူပူနေကြတယ်လို့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ထိုင်းနိုင်ငံ၊ Lopburi မြို့လယ်ခေါင်မှာ ဘုရားကျောင်းတွေ ရှိတတ်ပါတယ်။ အဲဒီဘုရားကျောင်းတွေဟာလဲ ကျွန်တော်တို့နိုင်ငံက ပုပ္ပားတောင်လို မျောက်တွေ အများကြီးရှိပါတယ်။ များသောအားဖြင့် အဲဒီမျောက်တွေဟာ ဘုရားကျောင်းကို လာလည်တဲ့ နိုင်ငံခြားသားခရီးသည်တွေဆီကနေပြီးတော့ အစားအစာတွေ ရတတ်ကြပါတယ်။ ဘုရားကျောင်းတွေကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဧည့်သည်တော်တော်များများဟာ ဘုရားကျောင်းအရှေ့တွေမှာ ရောင်းတဲ့ ဈေးသည်တွေဆီကနေ ငှက်ပျောသီးတွေ ဝယ်ယူပြီး မျောက်တွေကို ကျွေးလေ့ရှိပါတယ်။

READ
(၉၁)နှစ်အဖွားကို လက်ထပ်ပြီး၊ ပင်စင် လွှဲယူဖို့ကြိုးစားတဲ့ (၂၃)နှစ်အရွယ် အမျိုးသား
[email protected] Rattanachai

ဒါပေမယ့် အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတွေကြောင့် ဘုရားကျောင်းကို နိုင်ငံခြားသားခရီးသွားတွေ မလာတဲ့အခါမှာတော့ မျောက်ကလေးတွေအကုန်လုံးနီးပါး အစာရေစာပြတ်လပ်နေကြပါတယ်။ သူတို့ခမျာမှာလဲ နောက်ဆုံးတော့ မတက်နိုင်တော့ပဲ လမ်းမပေါ်ကို ထွက်လာရပြီး ဒီလိုအခြေအနေတွေ ဖြစ်ကုန်ရတာပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း ငှက်ပျောသီးလေးတစ်လုံးကိုတောင်မှ မျောက်အကောင်ရေ ရာကျော်က လုယက်စားသောက်နေရတာပဲ ဖြစ်ပါတယ်။

Sasaluk Rattanachai

“ ဒီမြင်ကွင်းက တော်တော်ကြောက်စရာကြီး။ ဘဝမှာတစ်ခါမှမမြင်ဖူးပါဘူး။ မျောက်တွေ အစာတောင်းနေတဲ့ အသံတွေက တကယ်ကြောက်စရာကြီးပါ။ တကယ်စဉ်းစားကြည့်ရင်လည်း သူတို့တွေက သနားဖို့တော်တော်ကောင်းပါတယ်။ ခရီးသည်တွေလာမှ သူတို့ အစာ စားရတာလေ။ အခုဘယါသူမှမလာတော့ သူတို့တွေ ဗိုက်ဆာနေကြပြီပေါ့” လို့ အဆိုပါဗီဒီယိုကို ရိုက်က်ကူးခဲ့သူ Sasaluk Rattanachai က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE