ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဘဝနဲ့ သေဆုံးသွားတဲ့ စစ်ပြန်ကြီးရဲ့အံ့အားသင့်ဖွယ်ဈာပန

Twitter "Metro"

အသက်(၉၇)နှစ်အရွယ်မှာ တစ်ကောင်ကြွက်ဘဝနဲ့ သေဆုံးခဲ့ရတဲ့ စစ်ပြန်သူရဲကောင်းကြီး Herman White ရဲ့ဈာပနကို လူပေါင်း ထောင်နဲ့ချီ တက်ရောက်ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။ White ဟာ အိုကလာဟိုးမားမှာ နေထိုင်သူ ရေတပ်အရာရှိဟောင်းကြီးတစ်ဦးဖြစ်ပြီ၊ သူဟာ ပြီးခဲ့တဲ့ သြဂုတ်(၁၁)ရက်က သေဆုံးသွားခဲ့တာပါ။

သူ့ရဲ့ အလောင်းကို ရေတပ်အရာရှိတွေက နိုင်ငံတော်အလံဖုံးလွှမ်း သင်္ဂြိုဟ်ပေးခဲ့ပြီး၊ သူ့အနေနဲ့ တိုင်းပြည်အပေါ်မှာ ထားရှိခဲ့တဲ့ စေတနာနဲ့လုပ်ရပ်ကို တပ်မတော်ဘက်ကလည်း အပြည့်အဝ အသိအမှတ်ပြုတဲ့သဘောနဲ့ နောက်ဆုံး ဂုဏ်ပြုနှုတ်ဆက်ခဲ့တာပါ။

 

အဖိုး White ရဲ့ ဈာပနဟာ တစ်ကောင်ကြွက် တစ်မျက်နှာနဲ့သေဆုံးခဲ့ရသူတွေထဲမှာတော့ အစည်ကားဆုံးလို့ ပြောလို့ရပါတယ်။ အဖိုး White ဟာ ဆွေမျိုးသားချင်းမရှိတဲ့အတွက် မသေခင်မှာ သူရဲ့ဈာပနအရေး ကြိုတွေးပူပန်ခဲ့ပုံပါဘဲ။ သူရဲ့ဇနီး Evelyn ဟာ (၁၉၉၈)ခုနှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

READ
မိန်းကလေးတွေရဲ့ စိတ်ကို အပိုင်သိမ်းနည်း(ရာသီခွင်အလိုက်)

သားတစ်ယောက်သာ ရှိတဲ့အနက် ဇနီးဆုံးပြီး တစ်နှစ်အကြာမှာပဲ သားဖြစ်သူ Mickey ကလည်း အသက်(၄၇)မှာ သေဆုံးခဲ့တာပါ။ ဒီအကြောင်းကို Brown-Dugger Funeral Home လုပ်ငန်းစုမှ အကြီးအကဲဖြစ်သူ Rebecca Raines က အဖိုးကို စာနာသနားမိသလို၊ နိုင်ငံတော်အပေါ် ထားရှိခဲ့တဲ့ အဖိုး White ရဲ့ ကျေးဇူးကိုလည်း နားလည်တဲ့အနေနဲ့ ဈာပနကို ဦးစီးကျင်းပခဲ့ပါတယ်။

Raines က အဖိုး White နဲ့အတူ ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေထဲက သက်ရှိထင်ရှားကျန်ရစ်ခဲ့တဲ့ စစ်ပြန်ဟောင်းတွေကို ပြန်လည်စုစည်းပေးနိုင်ခဲ့သလို၊ ဒီအကြောင်းကို ကြားသိသမျှ ပြည်သူလူထုကလည်း တက်ရောက်ဖို့ကိုလည်း ဖိတ်ကြားပေးခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကိုတောင် ဖိတ်ခဲ့ပါသေးသတဲ့။

READ
ဘဝကို အိမ်မွေးခွေးတစ်ကောင်လို နေထိုင်ဖြတ်သန်းနေတဲ့ လူထူးဆန်းတစ်ဦး

အဖိုး White ကို ပြီးခဲ့တဲ့ တစ်ခုသော ဗုဒ္ဓဟူးနေ့က အိုကလာဟိုးမားက သင်္ချိုင်းမှာ ဇနီးနဲ့၊ သားဖြစ်သူရဲ့ အုတ်ဂူဘေးမှာ မြေချမြှုပ်နှံပေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုင်းပြည်အတွက် တာဝန်ကျေပွန်ခဲ့တဲ့ စစ်ပြန်သူရဲကောင်းကြီး White အနေနဲ့ ကောင်းကင်ဘုံကနေ ပျော်ရွှင်ပီတိဖြစ်နေမယ်လို့ ယုံကြည်ရပါတယ်။

လင်းသုတ

SHARE