ဓာတ်ဆီဆိုင်ထဲမှာ ငှက်အကောင်ပေါင်း ရာချီပြီး လာနားခဲ့တဲ့ ထူးခြားဖြစ်စဉ်

The Birds ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုလို ငှက်အကောင်ပေါင်း ရာနဲ့ချီပြီး ဓာတ်ဆီဆိုင်ထဲမှာ လာနားခဲ့တဲ့ဖြစ်စဉ် တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂)ရက်နေ့က ABC 13 ရဲ့ သတင်းကြေညာသူအမျိုးသမီး Christine Dobbyn ဟာ ဟူစတန်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ဝင်ခဲ့ရာ အခုလိုဖြစ်စဉ်ကို ကြုံခဲ့ပြီး ရိုက်ကူးခဲ့တာပါ။

by Christine Dobbyn

“ဓာတ်ဆီဆိုင်တွေမှာ ငှက်တွေ တွေ့နေကျဖြစ်ပေမယ့် အခုလိုမြေပြင်ပေါ်မှာ အများကြီးနားနေတာ မမြင်ဖူးပါဘူး။ ပုံမှန်ဆို ဓာတ်ကြိုးတွေပေါ်မှာ အတွေ့များတာပါ။ တခြားဓာတ်ဆီဆိုင်ကိုပဲ သွားခဲ့ရပါတယ်” လို့ Christine က ပြောခဲ့ပါတယ်။ သူမဟာ တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်နေခဲ့ပေမယ့် အန္တရာယ်ကင်းစွာပဲ ငှက်တွေကို ရှောင်သွားနိုင်ခဲ့ပါတယ်။

by Christine Dobbyn

ငှက်တွေ မြေပြင်ပေါ်မှာ အများအပြားနားနေတဲ့ အကြောင်းအရင်းကို သိပ္ပံပညာရှင်များက အခုလိုပဲရှင်းပြခဲ့ပါတယ်။ ငှက်တွေက အိပ်တန်းတက်နေရမှာဖြစ်ပေမယ့် ဓာတ်ဆီဆိုင်က မီးအလင်းကြောင့် သူတို့ဆင်းလာခဲ့တာဖြစ်နိုင်ပါတယ်။ ကားပါကင်တွေမှာ အုပ်စုလိုက် အိပ်တန်းတက်လေ့ရှိတဲ့ ငှက်တွေက မူလနေရာကနေ အနှောင့်အယှက်တစ်ခုခုဖြစ်လို့ မီးအလင်းကောင်းတဲ့ နေရာကို ဆင်းလာခဲ့ကြတာဖြစ်နိုင်ကြောင်း ပရော်ဖက်ဆာ Richard Prum က ပြောခဲ့ပါတယ်။

READ
လက်ထပ်ပွဲနေ့မှာ ဂိမ်းဆိုင်ထဲကမနည်းဆွဲထုတ်ခဲ့ရတဲ့ သတို့သမီးလောင်း

အိပ်တန်းတက်နေတဲ့ငှက်တွေက အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်တာကြောင့် မီးလင်းပြီး အနှောင့်အယှက်ကင်းနိုင်မယ့် လုံခြုံလောက်မယ်လို့ ထင်ရတဲ့နေရာကို ဆင်းသက်လာခဲ့ကြတာပါ။ ဓာတ်ဆီဆိုင်ထဲမှာ ငှက်တွေ အုပ်လိုက် လာနားနေတာကို ရိုက်ထားတဲ့ ဗီဒီယိုအောက်မှာ ထည့်ပေးထားတယ်နော်။

White (Shwemom)

Ref: Mirror UK

SHARE