အပေါင်အနေဖြင့် ၀တ်လစ်စလစ်ပုံများထားပြီး ပိုက်ဆံချေးသည့်စနစ်တရုတ်မှာခေတ်စားနေ

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်ထက် သာလွန်တဲ့ စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်နေပါတယ်။ ဒါ
ပေမယ့် အလယ်အလတ် လုပ်ငန်းရှင်တွေကတော့ ငွေကြေးဖောင်းပွမှုနဲ့၊ ပြည်ပကို ငွေကြေးတရားမ၀င် ရောင်းဝယ်ဖောက်ကားမှုတွေရဲ့ ဒဏ်ကို ကောင်းကောင်းခံနေရပါတယ်။

တရုတ်နိုင်ငံမှာ လူတန်းစား သုံးမျိုးသာရှိပြီး၊ ချမ်းသာသူ၊ သာမန်လူနဲ့ ဆင်းရဲသားတို့ ဖြစ်ပါတယ်။ ချမ်းသာသူတွေက ကျိကျိတက်အောင် ချမ်းသာနေကြချိန်မှာ သာမန်လူနဲ့ ဆင်းရဲသားတွေဟာ တစ်နေ့နဲ့တစ်နေ့ ငွေအလျှဉ်မပြတ်အောင် ရှာနေရပြီး၊ အပေါင်ဆိုင်နဲ့ ငွေတိုးချေးသူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းကတည်း စီးပွားရေးတွေ တဟုန်ထိုး တက်လာခဲ့ချိန် ဖြစ်ပါတယ်။

ငွေရေးကြေးရေး မပြေလည်သူတွေထဲမှာ ကျောင်းသူလေးတွေလည်း ပါဝင်ပြီး ၎င်းတို့တစ်တွေဟာ ကျောင်းတက်ဖို့အ
တွက်၊ အ၀တ်အစားအတွက်၊ အလှအပအတွက် ငွေကြေးကို လုံးခြာလည်ရှာဖွေရှင်း နောက်ဆုံးမှာ ကိလေသာ ငွေချေးငှားသူတွေနဲ့ အွန်လိုင်းမှာ သွားရောက်တွေ့ဆုံကြပါတော့တယ်။

READ
စူပါစွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ထူးထူးခြားခြား အံ့ဖွယ်အပင်များ

အဆိုပါ အွန်လိုင်းဝက်ဆိုဒ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ Jiedaibao ဆိုဒ်မှာ သိုလှောင်ထားတဲ့ ကျောင်းသူမလေး
တွေ ပုံရာနဲ့ချီဟာ ပြင်ပလူမှုကွန်ယက်မှာ ပေါက်ကြားခဲ့ပါတယ်။ တကယ်တော့ ကျောင်းသူမလေးတွေပို့ပေးတဲ့ ၀တ်လစ်စလစ်ပုံတွေဟာ ငွေကြေးချေးငှားသူတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။

အဲဒီဓာတ်ပုံတွေကို ကျောင်းသူမလေးတွေက အပေါင်သဘောနဲ့ ထားပြီး၊ ငွေကြေး ကြေလည်အောင် မဆပ်နိုင်တဲ့အခါမျိုးမှသာ ပြင်ပကို လူသိရှင်ကြား ဖွတာမျိုးခံရလေ့ရှိတာပါ။ ငွေကြေးဆပ်ပြီးတာနဲ့ အပေါင်ငွေပေးသူက ဒီဓာတ်ပုံကို ဖျက်
ပစ်သည်ဖြစ်စေ မဖျက်ပဲ ဒီအတိုင်းထားသည်ဖြစ်စေ ပြင်ပကို မပေါက်ကြားအောင် ထိန်းသိမ်းရပါတယ်။

အခု ပေါက်ကြားမှုဟာ Jiedaibao ၀က်ဆိုဒ် Admin တွေရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းမှုတွေကြောင့် ဖြစ်နိုင်ပြီး ဒီကိစ္စကိုတော့ ကျောင်းသူနဲ့ ငွေချေးသူကြားမှာ အမြတ်ကြီးစားနဲ့ ၎င်းတို့ကပဲ တာဝန်ယူ ဖြေရှင်းရဖို့ ရှိပါတယ်။ ပေါက်ကြားခဲ့တဲ့
ဓာတ်ပုံတွေထဲမှာ ကျောင်းသူလေးတွေဟာ သူတို့ကျောင်းသားကတ်လေးတွေကို မြင်သာအောင်ပြပြီး၊ ငွေချေးမယ့်သူကို ရှာဖွေရပါတယ်။

READ
ထိပ်ပြောင်တဲ့သူတွေက ပိုစမတ်ကျပြီး ပိုအောင်မြင်ကြတယ်လို့ စစ်တမ်းတွေအရ တွေ့ရှိ

ချေးမယ့်သူနဲ့ ယူမယ့်သူ သဘောတူညီမှုရတာနဲ့ အဲဒီကျောင်းသူက သတ်မှတ်ထားတဲ့ ၀တ်လစ်စလစ်ပုံတွေ ပို့ပေးရပါ
တယ်။ တက္ကသိုလ်ဝန်ကျင်းမှာတော့ ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံချေးငှားနေရတဲ့ ကျောင်းသူလေးတွေဟာ အလွန်ပေါများလာပြီး ယခုနှစ် အစောပိုင်းကတည်းက အပတ်စဉ် 25% မှ 35% လောက်အထိ ရှိတယ်လို့ သိရပါတယ်။

မဒီလေး (Shwemom)

source : viral4real.com

SHARE