တိရစ္ဆာန်နဲ့အပင် ပုံသေးသေးလေးတွေကို ဖန်တီးပြီးနာမည်ကြီးနေတဲ့ လက်မှုအနုပညာရှင်

[email protected]

တိရစ္ဆာန်ပုံသေးသေးလေးတွေ၊ အပင်ပုံသေးသေးလေးတွေ အစရှိတဲ့ အရာဝတ္ထုပုံတူသေးသေးလေးတွေကို ဖန်တီးရတာဟာ အရာဝတ္ထုပုံတူ အကြီးကြီးတွေကို ဖန်တီးရတာထက် ပိုခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံတူတစ်ခုပြုလုပ်ပြီဆိုတာနဲ့ သူတို့ရဲ့အသေးစိတ်အရာတွေကိုပါ အနုစိတ်တူအောင် ပြုလုပ်ဖန်တီးရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံတူသေးသေးလေးတွေ ဖန်တီးရင် ပုံတူအကြီးတွေထက် ပိုပြီးအနုစိတ်ဆန်ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ပုံတူသေးသေးလေးတွေဟာ မျက်စိအားစိုက်ပြီး တော်တော်ကြည့်ယူကာ အသေးစိတ်လိုက်လံ ဖန်တီးရတာကြောင့်ပဲ ဖြစ်ပါတယ်။ အခုလည်း Hungary နိုင်ငံက အမျိုးသမီး လက်မှုအနုပညာရှင်ဖန်တီးတဲ့ တိရစ္ဆာန်ပုံနဲ့ အပင်ပုံသေးသေးလေးတွေဟာ ဆိုရှယ်မီဒီယာမှာ တော်တော်နာမည်ကြီးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါအမျိုးသမီးကတော့ အသက် ၃၉ နှစ်အရွယ် Fanni Sandor ပဲ ဖြစ်ပါတယ်။ Fanni ဟာ သူမငယ်ငယ်လေးကတည်းက ဒီလိုမျိုး တိရစ္ဆာန်ပုံနဲ့ အပင်ပုံသေးသေးလေးတွေကို ဖန်တီးရတာ အင်မတန်ကြိုက်နှစ်သက်ပြီး များသောအားဖြင့် သူမရဲ့ ငယ်ဘဝမှာ ဂျုံတွေနဲ့ ပုံတူအရုပ်လေးတွေကို ပြုလုပ်ပြီး ဆော့ကစားရတာကို အင်မတန်ကြိုက်နှစ်သက်ကြောင်း သိရပါတယ်။ Fanni တစ်ယောက် ပထမဦးဆုံး ဒီလိုမျိုး ပုံတူသေးသေးလေးတွေ စလုပ်ဖူးတဲ့ အရွယ်ကတော့ အသက် ၆ နှစ်အရွယ်မှာပဲ ဖြစ်ပါတယ်။

“ကျွန်မ ဒီလိုတိရစ္ဆာန်ပုံတွေနဲ့ အပင်ပုံတွေကို ဖန်တီးရတာ အင်မတန်ကြိုက်နှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဒီကမ္ဘာကြီးမှာရှိတဲ့ သဘာဝရဲ့ ရင်သွေးငယ်တွေလေ။ ကျွန်မအရမ်းချစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဒီလိုမျိုး တိရစ္ဆာန်ပုံသေးသေးလေးတွေ ဖန်တီးရတာ အရမ်းကို ကြိုက်ပါတယ်။ အသက် ၂၀ ပတ်ချာလည်မှာ ဒီလိုပုံသေးသေးလေးတွေကို တစ်ကယ့် ပရော်ဖက်ရှင်နယ်လိုလုပ်နိုင်တဲ့ ပညာရှင်တွေကို သတိထားခဲ့မိပါတယ်။ ပြီးတော့ ဒီအလုပ်လုပ်ရင် ဝင်ငွေတစ်ခုခုရနိုင်တယ်ဆိုတာ သိလိုက်တဲ့အချိန် ဘာမှမစဉ်းစားပဲ ဒီနယ်ပယ်ထဲကို ခြေစုံပစ်ဝင်ခဲ့တာပါ”လို့ Fanni က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE