(၂၃) ပေအမြင့်ရှိတဲ့ ရေလှိုင်းတွေကိုသယ်လာပြီး ဘဟားမားစ်ထဲဝင်မွှေခဲ့တဲ့ မုန်တိုင်းဒိုရီယန်

ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မြေထဲပင်လယ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘဟားမားစ်နိုင်ငံထဲ ၀င်မွှေခဲ့ကြောင်း သိရပါတယ်။ ဒိုရီယန်ဟာ ဘဟားမားစ်ထဲ (၃) ရက်ကြာရှိနေခဲ့တာဖြစ်ပြီး နိုင်ငံထဲက အဆောက်အဦးတွေနဲ့ လူနေအိမ်ခြေအတော်များများကို ၀ါးမြိုဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းဒိုရီယန်ကြောင့် အယ်ဘာကိုကျွန်းတွေဘက်ဆီမှာ အနည်းဆုံး လူ(၅) ဦး သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အောက်မှာတွေ့ရမှာကတော့ insider သတင်းကနေ တဆင့် ဖော်ပြထားတဲ့ ဘာဟားမားစ်နိုင်ငံသူ နိုင်ငံသားတွေရဲ့ မုန်တိုင်းကို အလူးအလဲခံစားနေရတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

ဒိုရိယန်ဟာ ဘဟားမားစ်ထဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနှောင်းပိုင်းအချိန်မှာ ၀င်ရောက်ခဲ့တာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ အနောက်မြောက်ဘက်က ကျွန်းတွေဆီကို ရွေ့လျားသွားခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

အချို့နေရာတွေမှာဆိုရင် ရေအနက်ပေ(၂၃) ပေထိ တက်လာတယ်လို့လည်း သိရပါတယ်။ အောက်က ဗီဒီယိုတွေထဲမှာတော့ အမြန်ဆုံးကယ်ဆယ်ရေးတွေလာဖို့ အကူအညီတောင်းနေကြသူတွေ၊ မုန်တိုင်းကြောင့် တရိပ်ရိပ်နဲ့ ရေတက်လာတာကို ထိတ်လန့်တကြားဖြစ်နေကြပုံတွေကိုလည်း တွေ့ရမှာပါ။ တကယ်တမ်း သဘာဝဘေးအန္တရာယ်ဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ လူတွေဟာ လည်စင်းခံကြရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့တာကိုလည်း သံဝေဂရဖွယ် တွေ့ရပါသေးတယ်။

လင်းလင်း (ShweMom)

SHARE