အငြိမ်းစားယူပြီးနောက် ကျောပိုးအိတ်ကိုယ်စီနဲ့ ကမ္ဘာပတ်ခဲ့ကြတဲ့အသက်(၇၀) အရွယ် စုံတွဲ

Weibo/Sin Chew

လူတစ်ယောက်ဟာ အလုပ်ကနေ အငြိမ်းစားယူလိုက်ပြီးရင် မိသားစုနဲ့အတူနေဖို့၊ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ကိုင်နိုင်ဖို့ အချိန်တွေ ပိုထွက်လာပါတယ်။ အခုဖော်ပြပေးမယ့် အသက်(၇၀) အရွယ် တရုတ်လူမျိုး အဖိုးနဲ့အဖွားကတော့ နှစ်ဦးစလုံး အလုပ်ကနေ အနားယူပြီးတဲ့နောက် သူတို့တစ်သက်တာမှာ လုပ်ချင်ခဲ့တဲ့ ဆန္ဒတစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာပတ်ပြီး ခရီးထွက်တာပဲ ဖြစ်ပါတယ်။

စုံတွဲမှာ အဖိုးဟာ ကျန်းကွမ်ကျူး အမည်ရပြီး အသက် (၇၁) နှစ်အရွယ် ရှိကာ အဖွားကတော့ ၀မ်ဇုံကျင်း အမည်ရပြီး အသက် (၆၈) နှစ်ရှိပါပြီ။ များသောအားဖြင့် ဒီအရွယ်မှာဆို လင်မယားနှစ်ယောက်အတူတူ ကမ္ဘာပတ်နိုင်ဖို့က ခက်ခဲနေပါပြီ။ ဒါပေမယ့် အဖိုးနဲ့အဖွားကတော့ မိသားစုကို ပြည်မကြီးမှာထားပြီး လင်မယားနှစ်ယောက်ထဲနဲ့ ကမ္ဘာအနှံ့ လျှောက်သွားနေခဲ့တာ ဖြစ်ပါတယ်။

READ
အမျိုးသမီး(၆,၀၀၀) နဲ့ အတူ အိပ်ခဲ့ဖူးတဲ့ အမျိုးသား, ပျော်ပါးနေစဉ်မှာပဲ သေဆုံးခဲ့
Weibo/Sin Chew

သူတို့နှစ်ယောက်က နိုင်ငံ (၄၀) လောက်ကို လည်ပတ်ပြီးပါပြီ။ အာရှ၊ ဥရောပအပြင် တောင်အမေရိကကိုတောင် ရောက်ပြီးပါပြီ။ အသက်ကြီးပေမယ့် အဖိုးနဲ့အဖွားက သက်တောင့်သက်သာ ဖြစ်အောင်ဆိုပြီး နေရာတကာ ဇိမ်ကျကျ ခရီးသွားတာမျိုးတော့မဟုတ်ပါဘူး။ နှစ်ယောက်စလုံးက သူတို့အတွက် မပါမဖြစ်တဲ့ ပစ္စည်းတွေကို (၆၅) လီတာဆန့်ဝင်တဲ့ ကျောပိုးအိတ်ထဲ ရအောင် သယ်ပြီး လျှောက်လည်ကြတာ ဖြစ်ပါတယ်။

Weibo/Sin Chew

(၂၀၀၈) ခုနှစ်မှာ အဖိုးနဲ့အဖွားဟာ ဂရိ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နဲ့ ချက်ရီပါပလစ်စတဲ့ ဥရောပနိုင်ငံ (၁၆) နိုင်ငံကို လည်ပတ်ခဲ့ပါတယ်။ (၂၀၀၉) မှာတော့ လင်မယားနှစ်ယောက်ဟာ အမေရိကန်၊ မက္ကစီကို၊ ကျူးဘားနဲ့ နီပေါတို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်မှာ ရုရှားကို သွားလည်ခဲ့ပြီး (၂၀၁၁) ခုနှစ်အရောက်မှာတော့ နောက်ထပ်နိုင်ငံပေါင်း (၂၀) ကို ထပ်မံလည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

READ
လတ်တလော ပစ်ခတ်မှုတွေထဲ ပါဝင်ဆင်နွှဲမယ့်မြေးကို မရရအောင်တားခဲ့တဲ့ အဖွားဖြစ်သူ
Weibo/Sin Chaw

ဒါကြောင့် အဖိုးနဲ့အဖွားက သုံးနှစ်တာခရီးထွက်တဲ့အချိန်အတွင်း နိုင်ငံပေါင်း (၄၀) ကို လည်ပတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက အင်္ဂလိပ်စကားတော့ သိပ်မပြောတတ်ပေမယ့် သူတို့ရဲ့ အိပ်မက်အတိုင်း ကမ္ဘာလှည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဖိုးနဲ့အဖွားဟာ အရင်ကလောက် တက်တက်ကြွကြွ မလုပ်ရှားနိုင်တော့ပေမယ့် တရုတ်နိုင်ငံတွင်းမှာရှိတဲ့ မြို့လေးတွေကိုတော့ ဆက်လက်လည်ပတ်နေလျက်ရှိကြောင်း worldofbuzz အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE