ဇနီးသည်ဆီ အားကိုးတကြီးနဲ့ ဖုန်းခေါ်မိလို့ အရှက်ကွဲစရာဖြစ်ရပ် ကြုံခဲ့ရတဲ့ အမျိုးသား

Youtube-Contestant Phones His Wife! | Who Wants To Be A Millionaire?

Who wants to be a Millionarie လို့ အမည်ရတဲ့ အစီအစဉ်ကိုတော့ လူတော်တော်များများ သိကြပြီးဖြစ်မှာပါ။ မေးခွန်းတွေအကုန်လုံးကို မှန်အောင်ဖြေနိုင်ရင် မီလီယံနာတစ်ယောက်ဖြစ်နိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ မေးတဲ့ မေးခွန်းတွေကို မသိရင် ကိုယ်နဲ့သိတဲ့ လူတစ်ယောက်ဆီကို ဖုန်းဆက်ပြီး အကူအညီတောင်းခွင့်ရှိတဲ့ အခွင့်အရေးလည်း ပါရှိပါတယ်။ အဆိုပါ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ဇနီးသည်ဖြစ်သူဆီကို ဖုန်းဆက်ပြီး လှမ်းမေးခဲ့ရာမှ ဇနီးသည်ဖြစ်သူရဲ့ အသံကို မကြားရပဲ အမျိုးသားတစ်ယောက်ရဲ့ ဖုန်းဖြေတဲ့ အသံကို ကြားခဲ့ရတာကြောင့် တော်တော်လေး စိတ်ကသိကအောက် ဖြစ်ခဲ့ရကြောင်း The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Contestant Phones His Wife! | Who Wants To Be A Millionaire?

အဆိုပါအမျိုးသားရဲ့ နာမည်ကတော့ JP Morgan လို့ အမည်ရတဲ့ အမျိုးသားဖြစ်ပြီး သူရဲ့ ဇနီးသည်ကတော့ Elizabeth လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ JP ဟာ Who wants to be a Millionarie အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Jeremy Clarkson ရဲ့ ပေါင် ၁၆,၀၀၀ တန်မေးခွန်းတစ်ခုကြောင့် အခက်တွေ့နေခဲ့ပါတယ်။ Jeremy ရဲ့ မေးခွန်းကတော့ “ဘယ်လိုပွဲတော်ပုံစံမျိုးတွေဟာ Germany နိုင်ငံမှာ ပိတ်ရက်သီးသန့်ကျင်းပလေ့ရှိလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အဖြေတွေကတော့ Donnerstag, Mittwoch, Sonntag နဲ့ Dienstag တို့ပဲ ဖြစ်ပါတယ်။

READ
အိမ်တစ်လုံးထဲမှာ 8ပေအရှည်ရှိတောကြီးမြွေဟောက်နဲ့ ၃ရက်ကြာအတူနေခဲ့ရသူများ
Youtube-Contestant Phones His Wife! | Who Wants To Be A Millionaire?

JP ကတော့ Germany နိုင်ငံ မရောက်ဖူးတဲ့အတွက် ဒီအဖြေကို သူမသိကြောင်း၊ သူ့အဒေါ်ဖြစ်သူဟာ Germany နိုင်ငံမှာ နေထိုင်တာ နှစ်ပေါင်း ၅၀ ရှိပြီဖြစ်တာကြောင့် သူ့အဒေါ်ဆီခဏခဏ အလည်သွားလေ့ရှိတဲ့ သူ့ရဲ့ မိန်းမဖြစ်သူထံ ဖုန်းဆက်ချင်ကြောင်း ပြောခဲ့ပါတယ်။ အဲဒီအနောက်မှာတော့ အဆိုပါအစီအစဉ်ရဲ့ အဖွဲ့သားတွေဟာ JP ရဲ့ ဇနီးဖြစ်သူ Elizabeth ထံ ဖုန်းခေါ်ခဲ့ပါတယ်။ ဖုန်းဝင်ပြီး သိပ်မကြာခင်မှာ ယောကျာ်းတစ်ယောက်ရဲ့ အသံကြီး ထွက်ပေါ်လာတာကြောင့် JP နဲ့ Jeremy တို့ဟာ ရုတ်တရက်ကြောင်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဖုန်းကို ပြန်ချခဲ့ပြီး Jeremy က JP ကို စိတ်လျှော့ဖို့နဲ့ တစ်ခုခုမှားနေတာ ဖြစ်နိုင်ကြောင်း နားချခဲ့ပါတယ်။ JP ခမျာမှာလည်း ဘာပြောလို့ ပြောရမှန်းမသိပဲ ကြောင်တောင်တောင်ကို ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်တစ်ခေါက် ဖုန်းပြန်ခေါ်တဲ့ အချိန်မှာတော့ Elizabeth လာကိုင်ခဲ့သလို Jeremy ကလည်း ခုနက အနားမှာ တစ်ယောက်ယောက်များရှိသေးလားလို့ မေးခဲ့ပါတယ်။ Elizabeth ကလည်း မရှိကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မေးခွန်းမေးခဲ့ပြီး Elizabeth လည်း Sonntag ပွဲတော်ဖြစ်ကြောင်း အဖြေမှန်ကို ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ JP ဟာ Who wants to be a Millionarie အစီအစဉ်မှ ပေါင် ၆၄,၀၀၀ ဆုကြေးအထိ ဖြေဆိုရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ပထမဖုန်းဆက်တဲ့အချိန်က အမျိုးသားတစ်ယောက်ရဲ့ အသံကတော့ ဒွိဟအဖြစ်နဲ့သာ ကျန်ရစ်ခဲ့ပြီး နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လဲ ဆိုတာ ပရိသတ်တွေ အထူးစိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

READ
ဒေါသစိတ်မွှန်ပြီး ဇနီးသည်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းဆရာ

 

Pyi Hein Kyaw

SHARE