စာအုပ်စင်ပေါ်က ပုံတွေကို ဇနီးသည်မသိအောင် ပုံစံပြောင်းထားခဲ့တဲ့ ခင်ပွန်း

Reddit-mandal0re

လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ Theme တစ်ခုကို ကိုယ့်ရဲ့ နေအိမ်ထဲမှာ အမှတ်တရအဖြစ် ပြောင်းလဲချင်တဲ့ စိတ်ကူးဆိုတာ ရှိတတ်ပါတယ်။ ဥပမာ- Batman ပရိသတ်ဆိုရင်လည်း သူသောက်တဲ့ သောက်ရေခွက်ကအစ Batman logo ပါရှိတဲ့ ခွက်တွေ၊ Batman ပုံစံပါရှိတဲ့ Gaming chair တွေ၊ နောက်ဆုံး သူ့ရဲ့အိပ်ခန်းမှာအစ Batman နဲ့ ပတ်သတ်တဲ့ အမှတ်တရပစ္စည်းတွေနဲ့ အခန်းကို အလှဆင်လေ့ရှိပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ သူ့ရဲ့စာအုပ်စင်ကို သူ့ဇနီးသည်မသိအောင် အချိန်တော်တော်ကြာ Star Wars theme အဖြစ် ပုံစံပြောင်းလဲခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

mandal0re

အဆိုပါ အမျိုးသားကတော့ Scadam အမည်ရ သြစတြေးလျနိုင်ငံသားတစ်ဦးပဲ ဖြစ်ပါတယ်။ Scadam ဟာ Star Wars ပရိသတ်အကြီးစားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ စာအုပ်စင်ကို သူ့ဇနီးသည်မသိအောင် Star Wars theme ပုံစံပြောင်းချင်နေတာ တော်တော်ကြာပါပြီ။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူ့ဇနီးသည်သတိမထားမိအောင် prank ပုံစံသဘောမျိုးနဲ့ သူ့ရဲ့စာအုပ်စင်ကို Star Wars theme အဖြစ် ပြောင်းလဲခဲ့ပါတယ်။ Star Wars ဇာတ်ကားထားတဲ့ character တွေရဲ့ပုံကို စာအုပ်စင်မှာရှိတဲ့ ဓာတ်ပုံတွေနဲ့ photoshop လုပ်ခဲ့တာ ဖြစ်ပါတယ်။ Scadam တစ်ယောက် ဒီလိုမျိုးလုပ်ခဲ့တာကို Scadam ရဲ့ ဇနီးသည်က အချိန်တော်တော်ကြာသတိမထားခဲ့မိပဲ ရှစ်ရက်ကြာမှသာ သတိထားခဲ့မိတာပါ။

READ
Instagram က ဓာတ်ပုံတိုင်းကို အထင်မကြီးကြစေဖို့ ဓာတ်ပုံအတုတွေလိုက်ရှာကြမယ်
mandal0re
mandal0re

ပုံတွေထဲမှာ တွေ့ရတဲ့အတိုင်း Mace Windu ဆိုရင်တော့ အမျိုးသမီးဝတ်ဂါဝန်ကြီးနဲ့ ဦးထုပ်ကြီးဆောင်းထားတာ ဖြစ်ပါတယ်။ အမှတ်တမဲ့ကြည့်လိုက်မိရင်တောင် ဒီအတိုင်း အမျိုးသမီးတစ်ယောက်လို့သာ ထင်နေမှာ အမှန်ပါပဲ။ Obi-Wan Kenobi, General Grievous နဲ့ Sheev Palpatine တို့ဆိုရင်လည်း ဂါဝန်ကြီးတွေ ဝတ်ထားတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ရှေးခေတ်အမျိုးသမီးကြီးတွေလို့ ထင်ချင်စရာပါပဲ။

mandal0re

Scadam ဟာ ဒီပုံတွေနဲ့ သူ့ရဲ့ စာအုပ်စင်ကို Reddit မှာ တင်ခဲ့ပြီး သူ့ဇနီးသည်ကို အချိန်တော်တော်ကြာ လှည့်စားနိုင်ခဲ့တဲ့အကြောင်းကို ဂုဏ်ယူစွာတင်ခဲ့တာ ဖြစ်ပါတယ်။ လူတော်တော်များများကလည်း Scadam ရဲ့ လက်ရာတွေနဲ့ သူ့ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE